Friday, April 24, 2015

viagra(sildenafil 50mg) အမျိုးသားအားဆေး

ဆရာ ကျွန်တော် အိမ်ထောင်ကျတာ၂လ ရှိပါပီအသက်က၂၅ ပါအမျိုးသမီးနဲ့နေရတာ အခက်အခဲရှိနေပါတယ် ၃မိနစ်၎ မိနစ်လောက်တောင် မနေနိုင်ဘူးဖြစ်နေပါတယ် ဘယ် လိုဆေးမျိုးသုံးစွဲရင် အဆင်ပြေမလဲသိချင်ပါတယ် ငယ်ငယ် တုန်းကအာရုံကြောအားနည်းလို့ဆေးသောက်ခဲ့ဖူးပါတယ် အခုအလုပ်ကလည်းစာရင်းအင်းလုပ်ရာတယ် အဲဒါတွေနဲ့များဆိုင်ပါသလား? တစ်ချို့ဆိုဒ်တွေမှာ viagraအကြောင်းရေးထားတာတွေ့ပါတယ် သူ့ကောင်းကျိုးဆိုးကျိုးလေးသိပါရစေ၀ယ် ချင်ရင်ဆေးလက်မှတ်လိုပါသလား??

Saturday, March 28, 2015

Leflunomide အဆစ်ရောင်သောက်ဆေး

autoimmuneခုခံအားချင်းပြန်တိုက်တဲ့ရောဂါလို့ သတ်မှတ်ထားလို့ ခုခံအားကျဆင်းတဲ့၊ ခုခံအားကိုနှိမ်တဲ့ ဆေးတချို့ကို သုံးရတယ်။ leflunomide ဆိုတာ ဒီလိုဆေးမျိုးပါ။ DMARDsအမျိုးအစားမှာ ပါဝင်ပါတယ်။သူ့အာနိသင်က DNA ကို တားဆီးပေးတယ်။ ခုခံအားကျဆင်းစေတယ်။ RAရဲ့ လက္ခဏာတွေကို သက်သာစေဖို့၊ပိုမဆိုးစေဖို့ သုံးပါတယ်။အဆစ်ရောင်တာ၊ပျက်ဆီးတာကို တတ်နိုင်သမျှနည်းပါးစေဖို့ အဓိက ရည်ရွယ်ပါတယ်။ လေးဖကိနာအဆစ်မြစ်ရောင်ရောဂါကုတဲ့အခါ Leflunomideတမျိုးတည်း (သို့)တခြားဆေးတခုခု(methotrexate,prednisolone)နဲ့ ပေါင်းပေးနိုင်တယ်။ 

သွေးနီဥဖြစ်ပေါ်စေတဲ့ဆေး

သွေးနီဥဖြစ်စေတဲ့ဆေးတွေရှိပါသလား၊ဘယ်နှစ်မျိုးလောက် ရှိပါသလဲ၊ဒီကဆရာက သွေးနီဥထုတ်လုပ်တာ နည်းတာသွေးအားကောင်းဆေးသောက်ဖို့လိုတယ် ပြောလို့ပါ

သွေးနီဥ ဖြစ်ပေါ်ခြင်းကို အားပေးတဲ့ erythropoietin stimulating agents (ESAs)လေးမျိုး ရှိမယ်။
-epoetin alfa (Eprex®, Johnson & Johnson), 
-epoetin beta (Recormon®, Roche), 
-darbepoetin (Aranesp®, Kyowa Hakko Kirin) 
-methoxy polyethylene glycol-epoetin beta (Mircera®, Roche)

Alova ရှားစောင်းလက်ပတ်ဆေး

မြန်မာနိုင်ငံဈေးကွက်ထဲဝင်လာတာ မကြာသေးဘူး။ Ranbaxy ကုမ္ပဏီရဲ့ product အသစ်ဖြစ်တယ်။ Alovaဆေးတစ်တောင့်မှာ Aloe Vera extract 25mg ပါဝင်တယ်။ ရှားစောင်းလက်ပတ်အဆီအနှစ်က ထုတ်ယူပြီး ဆေးထုတ်ထားတယ်။ အသားအရေအတွက်သာမက အစာချေစနစ်အတွက်ပါ ကောင်းမွန်စေတယ်။ ဆေးထဲမှာ ဗီတာမင် ဒီက လွဲရင် တခြားဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တယ်။ အမိုင်နိုအက်ဆစ် ၂၂မျိုးအနက် အမျိုး၂၀ထိ ပါဝငိတယ်။ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ saponinဓာတ်ဆိုတာလည်း ပါဝင်သေးတယ်။ ဆာပိုနင်ဓာတ်ဆိုတာ ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊ မှို၊တဆေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်း ရှိတယ်။

Primolut N ရာသီသွေးကို ဆေးနဲ့ထိန်းခြင်း

ဆရာ ကျမသူငယ်ချင်းတယောက်က ရာသီသွေးကို သောက်ဆေးနဲ့ ထိန်းလို့ရတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ အကယ်၍ အဲလိုလုပ်ရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါသလား။ ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။ သားသမီးမရတာမျိုးတွေကော ဖြစ်လာနိုင်ပါ သလား။ ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ် ဆရာ။
ရာသီသွေးကို ဟော်မုန်းဆေးတွေနဲ့ ထိန်းချုပ်လို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရာသီသွေးပေါ်တယ်ဆိုတာလည်း ဟော်မုန်းတန်ခိုးကြောင့် ဖြစ်လို့ပါပဲ။ တခါတရံ ရာသီသွေးမပေါ်အောင် လုပ်ရတဲ့အခါမျိုးရှိတယ်။ ဒီလိုအခါမျိုးမှာ ဆေးနဲ့ 
ရက်ရွေ့ပေးနိုင်တယ်။ ဥပမာ ခရီးရက်ရှည်သွားရတာမျိုး၊မင်္ဂလာဆောင်တဲ့အခါမျိုးမှာ

Tuesday, March 24, 2015

Vonstrel(Levonorgestrel 1.5mg) ဆေးတလုံးပါ အရေးပေါ်တားဆေး

တီထွင်ကြံဆမှုဆိုတာ ရပ်တန့်မနေဘဲ အစဉ်အမြဲ တိုးတက်ပြောင်းလဲနေတာ ဟုတ်တယ်။ အရင်က အရေးပေါ်တားဆေးတွေမှာ ဆေးနှစ်လုံးပါခဲ့တယ်။ ဒါလည်း သုံးစွဲသူတွေကအလုပ်ရှုပ်တယ်။ အဆင်မပြေဘူး။ ၁၂နာရီခြား နောက်တလုံး ထပ်သောက်နေရတာ မေ့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ရှိတယ်။ ဒါမျိုးမသောက်ချင်ဘူး ဆိုတာတွေ တွေ့ရတယ်။ ဒီတော့ သုံးစွဲသူအကြိုက်ဖြစ်အောင် ထုတ်လုပ်သူတွေက ထပ်ထုတ်ရပြန်ရော။ vonstrel ဆိုတဲ့ဆေးက အလုပ်ရှုပ်မခံချင်သူ ပုဂ္ဂိုလ်တွေနဲ့ ပိုသင့်တော်တယ်ဆိုရမယ်။တကြိမ်ထဲသောက်နိုင်ဖို့ လွယ်လွယ်ကူကူဖြစ်အောင် ဆေးတလုံးထဲကိုပဲ ထည့်သွင်းထားတယ်။ 

Protinet အမိုင်နိုအက်ဆစ် အားဆေး

ဆရာprotinet အားဆေးအကြောင်လေးသိချင်လို့ပါ။
protinet ဆိုတာ ပရိုတင်း အသားဓာတ် အားဆေးတမျိုးဖြစ်တယ်။ ပိုတိကျအောင်ပြောရင် အမိုင်နိုအက်ဆစ် ဖြစ်တယ်။ အမိုင်နိုအက်ဆစ်ဆိုတာ ပရိုတင်းဓာတ်ရဲ့ အခြေခံအုပ်မြစ် ဖြစ်တယ်။ ဆဲလ်နဲ့နှိုင်းယှဉ်ကြည့်ရင် အက်တမ်နဲ့တူတယ်။ အက်တမ်တွေပေါင်းစပ်ပြီးမှ ဆဲလ်တခုဖြစ်ရတယ်။ အဲလိုပဲ အမိုင်နိုအက်ဆစ်တွေ စုပေါင်းပြီး ပရိုတင်းဆ်ုတာ ဖြစ်လာတယ်။ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းက အရေးကြီးတယ်။ တရားသဘော ရုပ်၊နာမ်နဲ့ နှိုင်းယှဉ်ရရင် ရုပ်ခန္ဓာကြီးက ပရိုတင်းတွေ ဖွဲ့စည်းပြီး ဖြစ်လာရတာပါ။ရုပ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းက အရေးပါတယ်။ ဒီအတွက် ပရိုတင်းအားဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။