Friday, March 20, 2015

အဆီကျဆေးသောက်နည်း

မင်္ဂလာပါဆရာ။ကျမအသက်၂၉နှစ်ပါ။ zytrim(orlistat 120mg)ကိုဘယ်လိုသောက်ရမလဲ။ မနက်ပိုင်းသောက်တဲ့အဆီကျကော်ဖီနဲ့တွဲသောက်လို့ရလား။ orlistatကစားတဲ့အစားအသောက်ထဲကအဆီကို အူကမစုပ်ယူနိုင်အောငလုပ်ပေးတယ်ဆိုတော့တခြားဆေးတွေနဲ့ တွဲသောက်ရင်အာနိသင်ရှိလားဆရာ။
တခြားအဆီကျဆေးကောင်းတာရှိရင်ညွှန်ပေးပါဆရာ။ green teaဆေးတောင့်နဲ့တွဲသောက်နိုင်လားဆရာ။ကျေးဇူးတင်ပါတယ်။


Zytrimဆေးကို အစာစားပြီးတိုင်း သောက်ပေးရပါတယ်။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ ရေးထားပြီး ဖြစ်ပါတယ်။ အဆီကျကော်ဖီနဲ့ တွဲသောက်နိုင်လားဆိုရင် တွဲသောက်နိုင်ပါတယ်။ ဒါပေမယ့် အာနိသင်ကျတာမျိုးဖြစ်နိုင်လို့ အနည်းဆုံး နာရီဝက်၊တနာရီ ခြားသောက်ပေးသင့်တယ်။  ကျွန်တော်အမြဲပြောသလို ပိန်ဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးကိုယ်စီ ရှိကြတယ်။ ကောင်းတယ်ဆိုတာမျိုးကလည်း ကုမ္ပဏီကပြောတဲ့ စကားတွေသာဖြစ်ကြတယ်။ တကယ်ပိန်ချင်ရင် လေ့ကျင့်ခန်းမလုပ်ဘဲနဲ့ မဖြစ်ဘူး။ ဒီသဘောတရားကို လေးလေးနက်နက်သဘောပေါက်သင့်တယ်။ ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေ ဖယ်ရှားဖို့က လေ့ကျင့်ခန်းမလုပ်ဘဲ၊ဆေးသောက်နေရုံနဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လေ့ကျင့်ခန်းဆိုတာလည်း တကယ်ပြင်းပြင်းထန်ထန်လုပ်မှ ဖြစ်ပါမယ်။ green teaလို တခြားဆေးနဲ့တွဲသောက်ချင်ရင် အချိန်နည်းနည်းခြားသောက်မှ အဆင်ပြေပါလိမ့်မယ်။အရမ်းပိန်ချင်စိတ်များပြီး ဆေးတွေမျိုးစုံသောက်မျိုးကို သိပ်အားမပေးချင်ပါဘူး။ အကောင်းဆုံးအဆီကျဆေးဆိုတာ လေ့ကျင့်ခန်းလုပ်ခြင်းသာ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၆.၁၀.၁၃


မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်ထဲမှာ ဆေးမျိုးစုံကို ကုမ္ပဏီမျိုးစုံက တင်သွင်းကြပါတယ်။ကုမ္ပဏီကပေးထားတဲ့နာမည်ကို trade nameလို့ခေါ်ပါတယ်။အမှန်တကယ်ပါဝင်တဲ့ဆေးဝါးကို generic nameလို့ခေါ်ပါတယ်။ဒီဘလော့ခ်မှာ generic nameကော၊trade name ကိုပါ လက်လှမ်းမှီသမျှ ဖော်ပြပေးပါမယ်။နာမည်မျိုးစုံနဲ့လာကြတဲ့ဆေးဝါးတွေရဲ့ ဆေးညွှန်း၊အသုံးပြုပုံ၊ဘေးထွက်ဆိုးကျိုးတွေကို တတ်နိုင်သမျှ ဖော်ပြပေးပါမယ်။ အာလုံးစိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ ဆေးဝါးတွေ ရွေးချယ်သုံးစွဲနိုင်ကြပါစေ။

No comments:

Post a Comment