Friday, March 20, 2015

အဆုတ်ရောင်ရင် ဘာတွေရှောင်မလဲ

အဆုတ်ရောင်ရင်ဘယ်လိုအစားအသောက်မျိုးတွေေ၇ှာင်ပီးဘာတွေ များများစားပေးရမလဲ၊ ဥပမာ-အသီးအနှံ၊ နောက် လည်ချောင်းပြွန်ရောင်ရင်ရောဘာတွေရှောင်ပီး ဘာတွေများများစားဖို့ လိုအပ်ပါသလဲရှင် .......ကျေးဇူးပြုပြီးဖြေကြားပေးပါနော်


အဖြေနောက်ကျရင် ခွင့်လွှတ်ပါ။ 
အဆုတ်ရောင်တာပဲဖြစ်ဖြစ်၊လည်ချောင်းရောင်တာပဲ ဖြစ်ဖြစ် ရှောင်စရာတွေက သိပ်မကွာခြားလှဘူး။ ယေဘုယျ မှတ်ချင်ရင် "အေးတာကိုရှောင်ပြီး ပူတာတွေ ဆောင်"ပေးရတယ်။ ရေခဲရေ၊ရေခဲမုန့်၊အချိုပါတာ အေးတဲ့အစားအစာတွေ အဓိကရှောင်ရှားပေးပါ၊အချိုဓာတ်များတာ၊သကြားပါဝင်တာ၊ပြုပြင်ထားတဲ့အစားအစာတွေပါ ရှောင်ပေးရတယ်။ ဆီကြော်တွေ မစားသင့်ဘူး။ ချဉ်တာတွေ စားနိုင်တယ်။ အရည်များများ သောက်ပေးပါ။ ရှောက်ရည်၊သံပုရာရည် ကောင်းပါတယ်။ သကြားမကဲစေနဲ့။ ကြက်စွတ်ပြုတ်ရည် ပိုကောင်းတယ်။ တနေ့ရေသန့်ဗူး၃-၄ဗူးသောက်ပါ။ ညဖက်အအေးခံရင် သက်သာမယ်မဟုတ်ဘူး။ ရေချိုးတာ ဆင်ခြင်သင့်တယ်။ 

ရှောင်သင့်သည့် အစားအစာများ
-ကော်ဖီ၊လက်ဖက်ရည်
-ခေါက်ဆွဲခြောက်

စားသင့်သည့်အစားအစာများ
-ရှောက်သီး
-ကြက်သွန်ဖြူ၊နီ
-ဂျင်း
-ခါကြက်ဥ
-ခရမ်းချဉ်သီး

အရည်များများသောက်ပါ၊ကြက်စွပ်ပြုပ်၊သစ်သီးဖျော်ရည် သောက်ပေးပါ
ကြက်စွတ်ပြုတ်ဖျော်ရည် သောက်ပါ
လေပြွန်ရောင်ရင် အေးတာတွေ၊ချိုတာတွေ၊ဆီကြော်တွေ ရှောင်ပေးပါ။
ပူတာတွေ၊ချဉ်တာတွေနဲ့ တည့်တယ်။
အသီးအရွက်များများစားပါ။
ရေဆိုတာ သဘာဝကပေးတဲ့ အကောင်းဆုံးအရည်၊ဆေးဆိုလည်းဟုတ်တယ်။

ဒေါက်တာ အေးမင်းထူး
၎.၂.၁၃

No comments:

Post a Comment