Sunday, February 15, 2015

Lobese(Phaseolus Vulgaris Extract)စားချင်တာစား ဝိတ်မတက်စေရ

-သြစတေးလျနိုင်ငံ Zifam ကုမ္ပဏီက ထုတ်လုပ်တင်သွင်းတယ်။
-white kidney beanခေါ်တဲ့ အဖြူရောင်ပဲတောင့် တမျိုးက ထုတ်ယူထားတယ်။
-စားလိုက်တဲ့အစာထဲမှာ ပါတဲ့ ကဆီဓာတ်ကို မစုပ်ယူနိုင်အောင် တားဆီးပေးနိုင်တယ်။
-carbohydrate blocker လို့လဲ ခေါ်တယ်။
-ခံတွင်းမပျက်စေသလို ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ ဆိုတယ်။
-တလအတွင်း အစာရှောင်ဖို့မလိုဘဲ ၇ပေါင်ထိ ဝိတ်ကျစေမယ် ဆိုတယ်။
-အစားမလျှော့ဘဲ ပိန်ချင်သူတွေသောက်သုံးနိုင်တယ်။
-ထမင်း၊ဂျုံ၊ပြောင်း၊အာလူး အစားများသူတွေ သုံးစွဲဖို့ သင့်တော်တယ်။
-ကစီဓာတ်ကိုသာလျှော့ချပေးတာကြောင့် အဆီ၊အသားအစားများသူတွေမှာ အကျိုးမရှိဘူး။

Carbohydrate ကစီဓာတ်ဆိုတာ
-ဆန်၊ဂျုံ၊ပြောင်း၊အာလူးစတာတွေမှာ ပါဝင်တဲ့အာဟာရကို ကစီဓာတ်လို့ခေါ်ပါတယ်။
-အဲဒီကစီဓာတ်ကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ရတယ်။
-မသုံးစွဲလို့ ကျန်နေတဲ့ကစီဓာတ်တွေကို အသည်းက အဆီlipidတွေအဖြစ် ပြောင်းလဲသိုလှောင်ပေးထားတယ်။
-ကြာလာတဲ့အခါ အဆီဓာတ်တွေ တဖြည်းဖြည်းများလာပြီး ဝိတ်တက်တာ၊ဝတာတွေဖြစ်လာစေတယ်။
-ဗိုက်ရွှဲလာတယ်။ထိုင်းမှိုင်းလေးလံလာတယ်။ရောဂါထူပြောလာတယ်။

Calorie ဆိုတာ
-စွမ်းအင်ရဲ့ အရင်းမြစ်၊ကုန်ကြမ်းဖြစ်ပါတယ်။
-စားလိုက်တဲ့ အစားအစာတိုင်းမှာ calorie ကိုယ်စီရှိကြတယ်။
-carbohydrateကစီဓာတ် ထဲမှာလဲ calorieပါဝင်တယ်။fatအဆီထဲမှာ၊proteinအသားထဲမှာလဲ ပါဝင်တာပဲ။
-ပုံမှန်အားဖြင့် energyရဖို့ လူတယောက်ဟာ တရက်ကို calorie 2000 စားသုံးပေးရတယ်။
-အကယ်၍ လှုပ်ရှားမှုမရှိရင် ပိုတဲ့ calorieတွေကို အဆီအဖြစ် ခန္ဓာကိုယ်က ပြောင်းလဲပေးတယ်။
-ဒီလိုနဲ့ တဖြည်းဖြည်းဝလာပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရတယ်။
-သီအိုရီအရ Calorie ဆိုတာ ရေ တစ်ဂရမ်ကိုအပူချိန် ၁ဒီဂရီစင်တီရိတ် တိုးမြှင့်ဖို့ အသုံးချရတဲ့ စွမ်းအင်ပမာဏဖြစ်ပါတယ်။
-အစားအစာတွေထဲမှာ ပါဝင်တာကို kcalကီလိုကယ်လိုရီနဲ့ တိုင်းတာတွက်ချက်ရတယ်။

Lobese ဆိုတာ
-capsule တတောင့်မှာ Phaseolus Vulgaris Extract 500mg ပါဝင်တယ်။ဆေးတစ်ဗူး အလုံး၆၀ ပါဝင်တယ်။
-Phaseolus Vulgarisဆိုတာ white kidney beanအဖြူရောင် ပဲတောင့်ထဲမှာ အဓိကပါဝင်တဲ့ ဓာတ်တမျိုးဖြစ်တယ်။
- အစေ့၊အနှစ်တွေကို အခြောက်လှမ်းထုတ်လုပ်ထားတယ်။
-ပုံမှန်အားဖြင့် carbohydrate ကစီဓာတ်တွေကို အင်ဇိုင်းနဲ့ချေဖျက်ပြီးမှ အူကစုပ်ယူနိုင်တယ်။
-ဒီဆေးက pancreas ကထုတ်ပေးတဲ့ ကစီဓာတ်ချေဖျက်ပေးတဲ့ alpha-amylase enzymeကို တားမြစ်ပေးတယ်။
-မချေဖျက်နိုင်တဲ့ carbohydrate တွေဟာ ဝမ်းထဲမှာ ပါသွားတယ်။
-ဒီလိုနဲ့ စားလိုက်တဲ့ အစာထဲက calorieတွေဟာ ခန္ဓာကိုယ်ထဲမရောက်ပဲ တဖြည်းဖြည်းဝိတ်ကျလာမယ်။

အညွှန်း
-အစာမစားမီ ၁၅မိနစ်၊နာရီဝက်လောက် ကြိုသောက်ထားရတယ်။
-တနေ့ နှစ်ကြိမ်မှ သုံးကြိမ်ထိ သောက်သုံးပေးရမယ်။အထူးသဖြင့် ထမင်း၊ဂျုံစာ မစားခင်တွေ သောက်သုံးသင့်တယ်။
-တကယ်ပိန်ချင်ရင် အစားအသောက် ဆင်ခြင်ဖို့ပါလိုသေးတယ်။
-လေ့ကျင့်ခန်းပါ လိုက်လုပ်နိုင်ရင် ပိုကောင်းတယ်။
-ကစီဓာတ်ကော၊အဆီဓာတ်ပါ လျှော့စားရတယ်။
-အစာမစားပဲ ဆေးသောက်တာလည်း  အကျိုးမရှိနိုင်ဘူး။
-ညစာ ရှောင်သူတွေ သောက်ဖို့ မလိုအပ်ဘူး။

-စမ်းသပ်မှုတွေအရ ကစီဓာတ်စုပ်ယူမှုကို ၆၆ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်။
-သုံးစွဲသူထက်ဝက်ကျော်ဟာ တလအတွင်းသိသိသာသာ ဝိတ်ကျစေတယ်။
-အဆီပြင်ရဲ့ ၁၀ရာခိုင်နှုန်းကျဆင်းစေသတဲ့။
-ကျောက်ကပ်၊အသည်းလုပ်ဆောင်မှု စစ်ဆေးကြည့်တဲ့အခါ ပုံမှန်သာရှိတယ်။
-သွေးအဖြေတွေ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘူး။
-ရေရှည်စွဲသောက်သူတွေမှာ ပြောင်းလဲမှုကြီးကြီးမားမား မရှိဘူး။
-ယေဘုယျအားဖြင့် စိတ်ချရတယ်။

ဘေးထွက်ဆိုးကျိုး
ဆိုးဆိုးရွားရွားမရှိဘူး။
-ဝမ်းပိုသွားတတ်တယ်
-ပျို့ချင်၊အန်ချင်မယ်
-ရင်ပြည့်၊ရင်ကယ်ရှိတတ်တယ်
-ဗိုက်နေရခက်မယ်
-ဆေးမတည့်တာ ရှိနိုင်တယ်။

သတိပြုစရာ
-ဆီးချိုရောဂါသည်တွေ အထူးဂရုစိုက်ပါ။
-ဆီးချိုကျဆေးတွေနဲ့ တွဲမသာက်ရဘူး။
-တခြားဆေးနဲ့တွဲသောက်ချင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။
-တလအတွင်း မထူးခြားရင် ဖြတ်ပစ်ပါ။

စဉ်းစားစရာ အချက်များ
-ကြေငြာဘယ်လောက်ကောင်းကောင်း သုံးစွဲသူတွေ ချင့်ချိန်သင့်တယ်။
-ဆေးကုမ္ပဏီတွေဟာ ပိန်ဆေးဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ဒေါ်လာဘီလီယံချီပြီး ရနေတာမဟုတ်လား။
-အထူးသဖြင့် ယုံလွယ်သူတွေပိုဆိုးမယ်။
-စားချင်တာစား ပိန်စေရမယ်ဆိုတာ အလိမ်အညာစကားသာဖြစ်လိမ့်မယ်။
-ဝိတ်ချဖို့၊ပိန်ဖို့ ကိုယ်တိုင်မကြိုးစား၊မလိုက်နာဘဲနဲ့ မဖြစ်နိုင်ပါ။
-အစားအသောက်အပြင် လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတာ မမေ့အပ်ဘူး။
-ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမတွေ့ရသေးတာကြောင့် စမ်းလိုက စမ်းကြည့်နိုင်ပါတယ်။ မထူးခြားရင်ဆက်မသောက်ပါနဲ့။
-အမေရိကား FDAကတော့ အသိမှတ် မပြုပါ။
-လက်ရှိအချိန်ထိ ပိတ်ပင်တာမရှိပေမယ့် သောက်သုံးဖို့လည်း မတိုက်တွန်းပါ။
-ပိန်ဆေးတိုင်း ရေရှည်စွဲသောက်လို့ မကောင်းတာလဲ အမှန်ပဲ။

ဒေါက်တာ အေးမင်းထူး
၁.၃.၁၃

No comments:

Post a Comment