Monday, February 16, 2015

DANOCIL(danazol 200mg) သားအိမ်ကြောင့် ရာသီသွေးများရင်

ဆရာရှင့် DANOCIL caps (danazol 200mg) ဆေးအကြောင်းသိချင်ပါတယ်ရှင့် ဘာ Side effect ရှိပါသလဲရှင့်


Danazolဆိုတာ တကယ်တော့ethylsterone အမျိုးအစား စတီးရွိုက်တမျိုးပါ။ ဟော်မုန်းသဘောဖြစ်ပြီး မျိုးဥအိမ်နဲ့ ပစ်ကျူထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်းအချို့ကို တားဆီးတယ်။ တကယ်က တက်စတိုစတီရုန်း(ကျားဟော်မုန်း) တမျိုးလို့ပြောရင်း ပိုမှန်မလားပဲ။ testosterone ဆိုပေမယ့် androgenအာနိသင် သိပ်မကဲဘူး။ နည်းနည်းပဲ ရှိတယ်။ အီစတိုဂျင် အာနိသင်တော့ မရှိဘူး။ ထူးခြားချက်က အဆီမှာ ပျော်ဝင်တယ်။ 

Optium(Calcium dobesilate 500mg) လိပ်ခေါင်းအတွက်

Optiumထဲမှာ Calcium dobesilate 500mg ပါဝင်ပါတယ်။ Vasoprotective ခေါ်တဲ့ သွေးကြောယိုယွင်းပျက်ဆီးမှုကို ကာကွယ်တားဆီးတဲ့ ဆေး မျိုး ဖြစ်တယ်။ ခြေထောက်သွေးပြန်ကြောရောဂါတွေမှာ အသုံးဝင်တယ်။ သွေးကြောမျှင်တွေရဲ့ ယိုစိမ့်မှုကို ပုံမှန်အတိုင်း ဖြစ်စေတယ်။ ဆီးချိုရောဂါသည်တွေ မြင်လွှာသွေးကြောပျက်ဆီးယိုယွင်းတဲ့ diabetic retinopathy ဖြစ်ခြင်းမှ ကာကွယ်တားဆီးပေးတယ်။ Diabetic Microangiopathy လို ရောဂါတွေမှာ အသုံးပြုကြတယ်။ လိပ်ခေါင်းမှာလည်း အကျိုးများတယ်။ 

Premarin ဟော်မုန်းအစားထိုးခြင်း

ဆရာ သမီးအဒေါ်ကို နိုင်ငံခြားမှာဆရာဝန်နဲ့သွားပြတော့ premarin ဟော်မုန်းဆေး သောက်ခိုင်းပါတယ်။ အဲဒီကဆရာဝန်ကတော့ သုံးနှစ်လောက်သောက်ခိုင်းပါတယ်။ သမီးစိတ်ပူတာက ဟော်မုန်းဆေးဆိုတော့ ဆိုးကျိုးများရှိမလားလို့။ အခုလည်း အဒေါ်က ရင်သားနာပြီး ရာသီသွေးတစက်စက်ဆင်းနေပါတယ်။ ဒီလိုဆင်းတာလည်း နှစ်လလောက် ရှိပါပြီ။ အခု အဒေါ်က ဆေးဆက်သောက်ရမှာ ကြောက်နေလို့ ဘာဆက်လုပ်ရမလဲဆရာ။ ဒီဆေးကို ဆက်သောက်သင့်လားဆရာ။ ရပ်ထားရမှာလား။ တခုခု အကြောင်းပြန်ပေးပါဦးဆရာ။

Aqua tears eye drop မျက်လုံးထဲက အရည်တွေ ခမ်းခြောက်နေလို့

ဆရာ သမီးက ကွန်ပျူတာသမားပါ။ တနေကုန်ကွန်ပြူတာကြည့်ပြီး စာစီစာရိုက်တဲ့အလုပ် လုပ်ရပါတယ်။အခုသမီးမျက်လုံးက စပ်ဖျဉ်းဖျဉ်းနဲ့ ပူလောင်သလိုဖြစ်နေလို့ပါ။မျက်ရည်ခမ်းခြောက်ပြီး မျက်လုံးအားနည်းသလို ခံစားရတယ်။အခုတလော စာသာရိုက်နေရတာခိုးလိုးခုလုနဲ့ကြည့်မကောင်းဘူး။ခေါင်းလည်း နည်းနည်းမူးတယ်။ မျက်စိအားဆေးဖြစ်ဖြစ်၊မျက်စဉ်းဖြစ်ဖြစ် တခုလောက်ညွှန်ကြားပေးနိုင်မလားဆရာ၊သမီးက ရန်ကုန်ကပါ။

Dynetic(itopride 50mg) အူလမ်းကြောင်းတွေ ကောင်းပါစေ

ဆရာ
ကျွန်တော့်မှာ အစာအိမ်ရောဂါရှိပါတယ်။ တခါတရံ အစာမကြေဖြစ်တတ်ပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်ရင်တနေကုန်နေလို့ မကောင်းတော့ဘူး။အ စာအိမ်လမ်းကြောင်းအထူးကု နဲ့ပြတာ၂ယောက်ရှိပါပြီ။ အခုနောက်ဆုံးပြတဲ့ ဆရာဝန်က dynetic 50နဲ့ enzymplex သောက်ဖို့ညွန်ပါတယ်။ enzymplexက အစာကြေဆေးဆိုရင် dynetic 50ဆိုတာ ဘာဆေးပါလဲဆရာ၊ကျွန်တော့်ရောဂါက စိုးရိမ်ဖို့လိုပါသလားခင်ဗျာ။အကြောင်းပြန်ပေးပါဦးဆရာ..

Tocovid supraBio လေမဖြတ်အောင် ဆေးသောက်မယ်

Tocovid supraBio ဆိုတာ ဗီတာမင် အီး အားဆေးတမျိုး ဖြစ်ပါတယ်။tocopherolsဓာတ်ပေါင်းနဲ့ တခြားဓာတ်တွေ ပေါင်းစပ်ထားတဲ့ antioxidant ဆေးတမျိုး ဆိုလည်း မမှားဘူး။ လေဖြတ်ခြင်းကို ကာကွယ်ပြီး အသည်းအဆီဖုံးခြင်းကို ကုသပေးနိုင်တယ်။ မလေးရှားနိုင်ငံ Hovid ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ ဆေးထဲမှာ Tocomin 50mg ပါဝင်ပါတယ်။ 100mg,200mg စတဲ့ ပုံစံတွေလည်း ရှိသေးတယ်။ လေဖြတ်သူတွေမှာ 200mg ကို အသုံးများကြတယ်။ သို့သော် မြန်မာနိုင်ငံဝင်လာတာက 50mg တမျိုးတည်း ဖြစ်ပါတယ်။ ဆေးတစ်ဗူးမှာ နီညိုရောင် soft gel ဆေးလုံး အလုံး ၆၀ပါဝင်ပါတယ်။ ဆေးက တစ်လစာဖြစ်ပါတယ်။

Sunday, February 15, 2015

Propantheline(prokind 15 mg) အူလမ်းကြောင်းရောဂါအတွက်

1 Tabမှာ 15mg ပါဝင်တယ်။မြန်မာနိုင်ငံမှာ prokind နာမည်နဲ့ ရနိုင်တယ်။ဘင်္ဂလားဒေရှ့်က လာတယ်။
1 alu-aluမှာ ၁၀လုံး ပါတယ်။

ဆေးရဲ့ အာနိသင်
1.anticholinergic(relax smooth muscle via nerve)အူလမ်းကြောင်းမှာရှိတဲ့ အာရုံခံနာ့ဖ်ကို ပိတ်ပင်ပြီး ကြွက်သားပြေလျှော့၊ကိုယ်တွင်းစစ်ထုတ်ရည် လျှော့ကျစေ၊
2.direct smooth muscle relaxation အူလမ်းကြောင်းကြွက်သားကို တိုက်ရိုက် ပြေလျှော့စေ၊

Eposoft ရာသီကိုင်လက္ခဏာတွေအတွက်

Eposoftဆိုတာ အမျိုးသမီးများ ရာသီနဲ့ပက်သက်တဲ့ ဝေဒနာတွေအတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင် အပင်နဲ့ ပြုလုပ်ထားပြီး Zifam ကုမ္ပဏီက ထုပ်လုပ်ထားတဲ့ဆေးတမျိုးပါ။

Eposoft ထဲမှာ ဘာပါသလဲ။ 
-Evening primrose oil(gamma linolenic acid)    1000mg(100mg)
-Natural vitamin E(d-alpha tocopherol)                      5mg(7.5 IU)
နှစ်မျိုး ပေါင်းစပ် ပါဝင်ပါတယ်။

Phenolphthalein ပန်းရောင်တရုတ်ဝမ်းနှုတ်ဆေး

-အရပ်အခေါ်ပန်းရောင်တရုတ်ဝမ်းနှုတ်ဆေးထဲမှာ phenolphthalein ပါဝင်ပါတယ်။
-ဆေးဗူးတစ်ဗူးမှ အလုံး၁၀၀ ပါဝင်တယ်။
- စာတွေကို တရုတ်လိုရေးထားတယ်။ တရုတ်ပြည်က တင်သွင်းတယ်။
-အထဲမှာ ပန်းရောင်အလုံးသေးလေးတွေမို့ တရုတ်ဝမ်းနှုတ်ဆေး ပန်းရောင်လို့ လူသိများတယ်။

Arcalion(sulbutiamine 200mg)အင်အားလည်းပြည့်စေ မှတ်ဥာဏ်လည်းကောင်းစေ

-စွမ်းအင်ကိုမြှင့်တင်ပေးတဲ့ သောက်ဆေးတမျိုးဖြစ်ပါတယ်။
-မှတ်ဥာဏ်အားလည်း ကောင်းစေတယ်လို့ဆိုတယ်။
-ဒီအချက်တွေကြောင့် တလွဲနေရာတွေမှာ သုံးတတ်ကြတယ်။ အထူးသဖြင့် စာမေးပွဲဖြေဆိုတဲ့ကျောင်းသားတွေ။
-စာမေးပွဲဖြေဆိုကာနီးတွေ၊ဖြေနေတဲ့ရက်ပိုင်းတွေ စာကျက်ကောင်းအောင် သောက်တတ်ကြတယ်။ ဆေးကို ပိုသောက်ပြီး တညလုံးကျက်ကြသူတွေလဲ မနည်းလှဘူး။
-ဒီဆေးရဲ့သဘောက တက်ကြွလန်းဆန်းပြီး အာရုံစူးစိုက်မှုကောင်းတာ မှန်ပေမယ့် အားတွေလိုသည်ထက်ပိုစိုက်ရတာကြောင့် နောက်ရက်တွေမှာ ပင်ပန်းနွမ်းနယ်ပြီး

Slimmax 10(sibutramine 10mg)တားမြစ်ထားတဲ့ ပိန်ဆေး

-Slimmax ကို ပိန်ဆေး၊အစာစားချင်စိတ်ကို လျှော့နည်းစေတဲ့ဆေးအဖြစ် လူသိများတယ်။
-ပါတဲ့mg ပေါ်မူတည်ပြီး Slimmax 5နဲ့ 10 ဆိုပြီး လာတယ်။capsuleပုံစံဖြစ်ပါတယ်။
-အများဆုံးသုံးစွဲကြတာ Slimmax 10ပါ။
-ယခင်က ပိန်ဆေးထဲမှာ orlistat ပြီးရင် ဒုတိယအသုံးများဆုံးဖြစ်ပါတယ်။
-နောက်ပိုင်း ဘေးထွက်ဆိုးကျိုးတွေကြောင့် တားမြစ်ပြီးနောက်ပိုင်းမှာ သုံးစွဲမှုနည်းသွားတယ်။
-လက်ရှိချိန်ထိ သုံးစွဲသူအချို့တွက်ကတော့ သုံးလို့ကောင်းနေဆဲပါ။
-အနောက်နိုင်ငံတွေမှာ ဘေးထွက်ဆိုးကျိုးကြောင့် သုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။

Lobese(Phaseolus Vulgaris Extract)စားချင်တာစား ဝိတ်မတက်စေရ

-သြစတေးလျနိုင်ငံ Zifam ကုမ္ပဏီက ထုတ်လုပ်တင်သွင်းတယ်။
-white kidney beanခေါ်တဲ့ အဖြူရောင်ပဲတောင့် တမျိုးက ထုတ်ယူထားတယ်။
-စားလိုက်တဲ့အစာထဲမှာ ပါတဲ့ ကဆီဓာတ်ကို မစုပ်ယူနိုင်အောင် တားဆီးပေးနိုင်တယ်။
-carbohydrate blocker လို့လဲ ခေါ်တယ်။
-ခံတွင်းမပျက်စေသလို ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ ဆိုတယ်။
-တလအတွင်း အစာရှောင်ဖို့မလိုဘဲ ၇ပေါင်ထိ ဝိတ်ကျစေမယ် ဆိုတယ်။
-အစားမလျှော့ဘဲ ပိန်ချင်သူတွေသောက်သုံးနိုင်တယ်။

cephalosporin အသုံးများပိုးသတ်ဆေး

1st gen:  cephalosporin 
 Spectrum(staph,strep(not enterococcus),E.coli,proteus,Kleb:)
-Parental route(cefazolin,cephalothin)
-Oral route(cephalaxin,cefadroxil,cephradine)

2nd gen: cephalosporin 
Spectrum(1st gen: spectrum+H.influ(including beta-lactamase)
-Parental route(cefuroxime ,cefamanole)
-Oral route(cefaclor,cefuroxime,cefprozil)

အစာအိမ်အချဉ်ပေါက်ခြင်းအတွက် ပန်းရောင်Kremil-S

Kremil -Sမှာ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး နှစ်မျိုးလာတယ်။ ပန်းရောင် ခရီမေးလ် အက်စ်က ပန်းနုရောင်ဆေးပြားမျိုး ဖြစ်တယ်။reformulated Kremil-S လို့လဲ ခေါ်တတယ်။ဆေးသောက်ရင် ညက်အောင်ဝါးစားပြီးမှ မျိုချရတယ်။ကြေငြာမှာတော့ အစာအိမ်အချဉ်ပေါက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ်လို့ ဆိုတယ်။  အစာအိမ်ရောဂါသည် အများစုဟာ ပျို့ချင်အန်ချင် ဖြစ်တတ်သလို ပါးစပ်ပျက်တတ်ကြတယ်။ဒီလိုလူနာတွေကို ဆေးပေးတဲ့အခါ အရသာကောင်းဖို့အရေးကြီးတာ တွေ့ရတယ်။ Kremil-Sပန်းရောင်ဟာ သီးစုံအရသာမျိုးဖြစ်တာကြောင့်  အရသာ ကောင်းတယ် ဆိုရမယ်။

Mega Teen(dietary supplement) ဆေးသောက်ရင် အရပ်ရှည်မှာလား

ဆေးခန်းလာတဲ့ တချို့ဆယ်ကျော်သက် လူငယ်တွေဟာ အရပ်ရှည်ဖို့၊ အရိုးသန်မာဖို့၊ ကြွက်သားထွက်ချင်လို့ ဆေးနည်းတောင်းတာ၊ အကြံတောင်းတာမျိုးကို ကျွန်တော်တို့ မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ဒီနေ့ခေတ်မှာ အင်တာနက်တွေခေတ်စားလာတော့ onlineကနေတဆင့်၊ တချို့ကျ ဘလော့ခ်ဆိုဒ်မှာ ရေးထားတဲ့ လိပ်စာကတဆင့် ဖုန်းနံပါတ်တောင်းပြီး ကိုယ်တိုင် မေးမြန်းလာကြတယ်။ အမေးများတဲ့အထဲမှာ GNCကထုတ်တဲ့ Mega Teen အရပ်ရှည်ဆေးကို တော်တော်အမေးများတာ တွေ့ရပါတယ်။ အဓိကအမေးခံရတာက ဆေးသောက်ရင် တကယ်အရပ်ရှည်မှာလား ဆိုတဲ့ မေးခွန်းမျိုးတွေပဲ။

Alodise(Fish collagen,Aloe Vera gel) အလိုရှိတိုင်း နုပျိုစေရမည်

Alodiseဆိုတာ အသားအရည်ကို လှပချောမွေ့၊တင်းရင်းစေဖို့ ထုတ်လုပ်ထားတဲ့ သဘာဝဖြည့်စွက်ဆေး တမျိုးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ suheung Capsule ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို ဇီဇဝါ ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ ဆေးတစ်ဗူးမှာ အစိမ်းရောင် capsuleတောင့် အလုံး၆၀ပါဝင်တယ်။ gelatin capsuleဖြစ်တာကြောင့် စုပ်ယူမှု မြန်ဆန်တယ်လို့ ဆိုနိုင်တယ်။ ဆေးတောင့်ထဲမှာ fish collagenငါးအကြေးခွံက ထုတ်ထားတဲ့ ပရိုတင်းဓာတ်တမျိုးနဲ့ Aloe Vera gelရှားစောင်းလက်ပတ် အဆီနှစ်ကို ပေါင်းစပ်ထားတယ်။ 

Vaxigrip နှစ်စဉ်ထိုးပေး တုပ်ကွေးရောဂါ ကာကွယ်ဆေး

Vaxigrip ဆိုတာ တစ်နှစ်တစ်ခါ ထိုးပေးရတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးတမျိုး ဖြစ်ပါတယ်။ ဒီဆေးကို တုပ်ကွေးမကြာခဏဖြစ်တတ်သူတွေမှာ ကာကွယ်ဖို့ ထုတ်လုပ်ထားတယ်။ Sanofi Pasteurကုမ္ပဏီက ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ချီတယ်။ ကာကွယ်ဆေးကြောင့် အဖြစ်များတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးကွဲ ၃မျိုးလောက်ကို ကာကွယ်ပေးနိုင်သလို  ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်တယ်။ တစ်နှစ်မှာ အနည်းဆုံး ၆ကြိမ်နဲ့အထက် တုပ်ကွေးကူးစက်ခံရသူတွေ၊ကလေးငယ်တွေ ထိုးထားသင့်တယ်။ 

Carnitab(levocarnitine 330mg)နာတာရှည် နုံးချိသူတို့အတွက်

Carnitabဆိုတာ ဘင်္ဂလားဒေရှ့်နိုင်ငံ Beximco ကုမ္ပဏီက ထုတ်လုပ်တဲ့ ဆေးတစ်မျိုး  ဖြစ်တယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို golden hawks international ကုမ္ပဏီက တင်သွင်းဖြန့်ချိတယ်။ ဆေးပုံစံနှစ်မျိုးနဲ့ လာတယ်။ tab(အခဲ) နဲ့ syrup(အရည်) ဆိုပြီး နှစ်မျိုးရှိတယ်။ carnitab တစ်လုံးမှာ levocarnitine 330mg ပါဝင်ပါတယ်။ ဆေးပြားပုံစံမျိုး ဖြစ်တယ်။၁၀လုံး ၁ကဒ်လာတယ်။ ဆေးတစ်ဗူးမှာ ဆေးကဒ်သုံးကဒ် ပါဝင်တယ်။ carnitab Syrupအရည် 1ml မှာ levocarnitine 100mg ပါဝင်ပါတယ်။တစ်ပုလင်းမှာ ဆေးရည်100ml ပါဝင်တယ်။ အရည်ထဲမှာ သကြားပါတာ(sugar)နဲ့  သကြားမပါတာ(sugar-free)ဆိုပြီး ခွဲထားသေးတယ်။

Bioflor အရည်ဝမ်းတွေ သွားတဲ့အခါ

Bioflorဆိုတာ ပြင်သစ်ဆေးကုမ္ပဏီ biocodexက ထုတ်လုပ်ထားတဲ့ probiotic ဆေးတမျိုးဖြစ်တယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို  DKSHက ဖြန့်ချိပေးတယ်။ probiotic ဆေးအမျိုးအစားထဲမှာ အသုံးများတဲ့ဆေးတစ်ခုဖြစ်သလို ဈေးလည်း မသေးလှဘူး။ တစ်ထုပ်ကို ၁၀၀၀ဝန်းကျင်လောက် ပေးရတယ်။ packing ထုပ်လုပ်ပုံလည်း အဆင့်မြင့်တယ်။ bioflorဆိုတဲ့အဓိပ္ပါယ်က bio-သက်ရှိ၊ flor-ဆိုတာ floraကို ဆိုလိုတဲ့သဘောမျိုးဖြစ်တယ်။ flora ဆိုတာ အစာအိမ် ၊အူလမ်းကြောင်း၊မွေးလမ်းကြောင်းမှာ ပုံမှန်ရှိနေတဲ့ သက်ရှိဇီဝပိုးမွှားတွေကို ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဏုဇီဝအကောင်ငယ်လေးတွေဆိုလည်း မမှားပါဘူး။ floraဆိုတဲ့နေရာမှာ bacteria၊ yeastစသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်တယ်။ 

Zifam probiotic အသစ်ဝင်လာတဲ့ probiotic ဆေးတစ်မျိုး

Zifam ဆေးကုမ္ပဏီရဲ့ productအသစ် ဖြစ်ပါတယ်။ probiotic တစ်မျိုးဖြစ်ပြီး bioflorနဲ့ သွားတူတယ်။ ကုမ္ပဏီရဲ့အဆိုအရ မြန်မာနိုင်ငံဈေးကွက်ထဲဝင်လာတာ ရက်ပိုင်းသာရှိသေးတယ်။ ကလေးငယ်တွေ ဝမ်းလျှောတဲ့အခါ သောက်သုံးရလွယ်ကူအောင် sachetအထုပ်ငယ်ပုံစံနဲ့လာတယ်။ capsule ပုံစံလာတာမျိုးတော့ မတွေ့မိသေးဘူး။ကလေးတွေတင်မက လူကြီးတွေလည်း သောက်သုံးနိုင်တယ်။ ဈေးအနေနဲ့ ၁ထုပ်ကို ၅၀၀ ဝန်းကျင်ရှိနိုင်တယ်။ bioflorထက် ဈေးချိုတယ်။ဆေးတစ်ဗူးမှာ sachet ၁၀ထုပ် ပါဝင်တယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို Pyrex ဆေးကုမ္ပဏီက တင်သွင်းဖြန့်ချိတယ်။

Bowel-Safe capsule ပရိုဘိုင်အောတစ် ဆေးတောင့်

bowel-safeဆိုတာ probiotic တမျိုးဖြစ်ပါတယ်။ bioflor မှာ capsuleပုံစံလာသလို bowel-safeလည်း capsuleပုံစံသာဖြစ်တယ်။ ကွာခြားတာက ဆေးကဒ်ပုံစံလာတာမျိုး ဖြစ်ပါတယ်။ ဆေးတစ်ကဒ်မှာ အဖြူရောင်capsuleတောင့် ၁၀တောင့် ပါဝင်ပါတယ်။ ဆေးတစ်ဗူးမှာ ဆေးကဒ်နှစ်ကဒ်သာ ပါဝင်တယ်။ ဆန်းလွင် ကုမ္ပဏီက တင်သွင်းဖြန့်ချိတယ်။ ဈေးအနေနဲ့  တစ်ကဒ်ကို ၃၀၀၀ ပတ်ဝန်းကျင်ရှိနိုင်တယ်။ bioflorမှာ ၁၀လုံးတစ်ဗူးကို ၈၀၀၀ပတ်ချာလည် ရှိနိုင်လို့ ဈေးပိုချိုတယ် ဆိုရမယ်။ capsuleပုံစံဖြစ်တာကြောင့် လူကြီးတွေနဲ့ ပိုမိုသင့်တော်တယ်။

Penicillin ပင်နယ်စလင် ပိုးသတ်ဆေး

၁။Antibiotic guideline 2012ထဲက ပါဝင်တာတွေကို အရင်တည်းက စာရင်းပြုစုပြီး မှတ်စုထုတ်ထားပါတယ်။ကိုယ်ပိုင်အသုံးပြုဖို့ gist ထုတ်ထားတာပါ။
၂။ဒီguideline ဟာ ဆေးကုသတဲ့အခါ အရမ်းအသုံးဝင်သလို ဆရာဝန်တွေအတွက်တော့ မရှိမဖြစ်ပါ။
၃။ဆေးကုတဲ့ဆရာဝန်တွေအဖို့ ပိုးသတ်ဆေးတွေရွေးချယ်တဲ့အခါ အင်မတန်လွယ်ကူစေပါတယ်။
၎။တချို့အတွက် လိုအပ်ကောင်းလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
၅။ဖယောင်းတိုင်မီးကို လက်ဆင့်ကမ်းထွန်းညှိပေးခြင်းသာ

Oramin G ကိုရီးယားဂျင်ဆင်းအားဆေး

မြန်မာနိုင်ငံရဲ့ အသုံးများတဲ့ ဂျင်ဆင်းအားဆေးတမျိုး ဖြစ်ပါတယ်။Oramin-Gဆိုတာ တောင်ကိုးရီးယားနိုင်ငံ ဒေးဝန်း(Daewon) ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဂျင်ဆင်းအားဆေးတမျိုး ဖြစ်ပါတယ်။AA medical က တင်သွင်းဖြန့်ချိတယ်။ ဗူးပုံစံက ရွှေရောင်ဗူးပုံစံမျိုးဖြစ်ပြီး ဆေးကဒ် ၆ကဒ် ပါဝင်ပါတယ်။ ဆေးတစ်ကဒ်စီမှာ အညိုရောင် ဆေးတောင့်၅ တောင့်စီ ပါဝင်ပါတယ်။ ဆေးတစ်ကဒ်ကို ဈေးအားဖြင့် ၁၀၀၀ဝန်းကျင်ရှိနိုင်တယ်။

Kinohimitsu detox juice အဆိပ်အတောက် ကင်းစင်၊ အသားအလှပိုင်ရှင်

ကီနိုဟီမစ်ဆု(kinohimitsu)ဆိုတာ စင်ကာပူအခြေစိုက် kino biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ productဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လေ့လာမှုအမျိုးမျိုး၊စမ်းသပ်မှုအမျိုးမျိုးလုပ်ကာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ထိုင်ဝမ်ကို ပြောင်းရွေ့ပြီး ထုတ်လုပ်ခဲ့တယ်။ မလေးရှားနဲ့ စင်ကာပူမှာ Euromonitor Research Houseက ချီးမြှင့်တဲ့ အရောင်းသွက်ဆုံး အသားရည်လှသောက်ဆေးဆုကို 2008 - 2011ထိ သုံးနှစ်ဆက်တိုက် ရရှိခဲ့တယ်။China, Singapore, Malaysia, Vietnam, Thailand နဲ့Indonesiaတွေမှာ သုံးစွဲသူပေါင်း သန်း ၁၅၀၀လောက်ရှိပါတယ်။ kinohimitsu ဆိုတဲ့အဓိပ္ပါယ်က ဂျပန်စကားမှာ "အပင်တွေရဲ့ လျို့ဝှက်ချက်"တဲ့။ kino ဆိုတာ အပင်၊himitsuဆိုတာ လျို့ဝှက်ချက် ကို

coversyl plus နှင့်FENO-TG ဆေးနှစ်မျိုး

coversyl plus နှင့် fenofibrate tablets(FENO-TG) အဲဒီ ဆေးက ဘာတွေအတွက် သောက်ရတာလည်း ဆိုတာလေး ကိုကျေးဇူးပြု ပြီးရှင်းပြပေးပါ ခင်ဗျာ  ၊ ကျွန်တော်က အသည်းအဆီဖုံး နေလို့ ဆရာကပေးထားတာပါ


Coversyl plusဆိုတာ သွေးကျဆေးဖြစ်ပါတယ်။ peridoprilနဲ့ indapamide သွေးကျဆေးနှစ်မျိုးကို အတူတကွပေါင်းစပ်ထားတယ်။ သွေးတိုးရှိတဲ့သူတွေ ဆေးတမျိုးထဲနဲ့ မရတဲ့အခါ နှစ်မျိုးတွဲဆေးမျိုး ပေးရတတ်တယ်။ နေ့စဉ်ပုံမှန်သောက်ပေးဖို့လိုပါတယ်။
Feno-TGဆိုတာက အဆီကျဆေးဖြစ်ပါတယ်။ သွေးတွင်းအဆီဓာတ်များတဲ့အခါ

Kinohimitsu collagen men drinkအမျိုးသားများအတွက် ကိုလာဂျင်သောက်ဆေးရည်

အမျိုးသားတွေရဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အသားအရေ တင်းရင်းလှပစေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်။ အဓိကအားဖြင့် အသားအရေ စိုပြေချောမွေ့စေဖို့ collagen ဓာတ်တမျိုးနဲ့ ထုတ်လုပ်ထားတယ်။ ဝက်ခြံ၊အမည်းစက်၊အမာရွတ်၊အရေး အကြောင်းတွေကို လျှော့နည်းသက်သာစေတယ်။ အဆီပြန်တဲ့သူတွေနဲ့ သင့်တော်သလို အရေပြားရဲ့ အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးတာကြောင့် အစက်အပျောက်ကင်းစင်ပြီး ဝင်းပတဲ့အသားအရေမျိုး ပိုင်ဆိုင်ရမယ်လို့ ဆိုထားတယ်။ ဒီဆေးမသောက်ခင် kinohimitsu detox juiceကို အရင်သောက်သင့်တယ်လို့ ဆိုပါတယ်။ မလိုအပ်တဲ့ အဆိပ်အတောက်တွေ အရင်ဖယ်ရှားပြီးမှ collagen men drink ကို သောက်ရတယ်။ 

Livolin ဖေ့စ်ဘွတ်ကမေး အသည်းအားဆေး

ဆရာ ကျွန်တော်က _ပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘွခ်မှာ ဆေးသောက် သင့်သလားမေးခဲ့ဘူးပါတယ်။ ဆရာသိမလားမသိဘူး။ ကျွန်တော့်ဦးလေးက အသည်းရောင်နေလို့ livolinအသည်းအားဆေး သောက်သင့်လား လှမ်းမေးတဲ့တယောက်ပါ။ အကြောင်းမပြန်လို့မေးလ်ကနေ တဆင့် မေးရခြင်း ဖြစ်ပါတယ်။ဆေးသောက်သင့်သလား အကြောင်းပြန်ပေးပါဦးဆရာ

Usana အော်ဂင်းနစ်ဆေးတမျိုး

မင်္ဂလာပါဆရာ။ ဆေးအကြောင်းမမေးခင် congratulate အရင်လုပ်ပါရစေ။ ဆရာ့အသက်အရွယ်နဲ့ ကျန်းမာရေးအမေးအဖြေတွေ သာမက ဆေးဝါးအကြောင်းပါ ဆွေးနွေးချက်တွေ ဖတ်ရပါတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။အခု လည်း ဆေးအကြောင်းလေးမေးမြန်းဆရာရှိလို့ မေးပါရစေ။ ကျွန်တော်က ပြည်မှာနေတာပါ။ တရက်ကကျွန်တော့်တူမတယောက်က ရန်ကုန်ကနေပြီး ကျွန်တော့်အတွက်ဆိုပြီးသောက်ဖို့ဆေးလေးတွေပို့ပေးလိုက်ပါတယ်။ တမျိုးတလည်းမဟုတ်ပါဘူး။ သုံးမျိုးတွဲသောက်ရမယ်ပြောပါတယ်။usana active calcium၊chelated mineral နဲ့usana mega antioxidantဆိုပြီးသုံးမျိုးပေးလိုက်တာပါ။

Nosic(doxylamine,pyridoxine) ကိုယ်ဝန်ဆောင်စဉ် အန်ရင်


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိစပထမသုံးလမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြတယ်။ ဒီလိုဖြစ်တာ ထုံးစံလို့ဆိုနိုင်ပေမယ့် တချို့လူတွေမှာ ထင်ထားတာထက် ပိုပြီးခံစားရတတ်တယ်။ အထူးသဖြင့် အဆက်မပြတ်အန်တဲ့သူတွေမှာ ဆေးအကူအညီယူဖို့ လိုလာကြတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပထမသုံးလဟာ အရေးကြီးဆုံးဖြစ်လို့ ဆေးပေးတဲ့အခါ ပိုပြီးသတိထားရတယ်။ အကယ်၍ မိခင်လောင်းတွေ မူးမော၊ပျို့အန်ဖြစ်ရင် ဘာဆေးပေးမလဲ။ လွယ်လွယ်ကူကူသောက်နိုင်တဲ့ဆေးတခုက Nosic ဆိုတဲ့ ဆေးပါ။Nosic ဆိုတာ ကိုယ်ဝန်ဆောင်တွေ ပျို့ချင်၊အန်ချင်ဖြစ်တဲ့အခါ ပေးဖို့အတွက် အဓိကထုတ်လုပ်ထားတယ်။ ဆေးနှစ်မျိုးကို တခါတည်းပေါင်းစပ်ထားတယ်။

Omega 3 အိုမီဂါသရီး

ဆေးပညာအရ တိုးတက်လာတဲ့ဒီနေ့ခေတ်မှာ ဆေးမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် dietary supplementလို ဖြည့်စွက်အားဆေးပုံစံတွေက လူတွေကြားမှာ ပိုမိုတွင်ကျယ်ပြီး ခေတ်စားလာပါတယ်။  ခေတ်စားလာတဲ့ဆေးအမျိုးမျိုးအနက် ဒီဘက်ခေတ်မှာ ပိုမိုကျော်ကြားလူကြိုက်များလာတာက omega 3 ပါဝင်တဲ့ အားဆေးတောင့်တွေ ဖြစ်ပါတယ်။ အမှန်က Omega 3 ရဲ့ကောင်းကျိုးတွေကို သိခဲ့တာကြာပါပြီ။ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တယ်ဆိုတာ ၁၉၃၀ မတိုင်ခင်ကတည်းက သိရှိခဲ့ပေမယ့် တကယ်အသုံးဝင်ပုံကို ၁၉၉၀နောက်ပိုင်းနှစ်တွေ ကစပြီး ပိုမိုသတိထားမိခဲ့တယ်။လေ့လာမှုအမျိုးမျိုးကတဆင့် ကောင်းကျိုးတွေပိုသိလာသလို လူတွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။အစောဆုံးလေ့လာမှုတွေအရ နှလုံး ကျန်းမာရေးအတွက်

Omez insta ရင်ပူတာတွေ ချက်ချင်းသက်သာ အိုမက်ဇ်-အင်စတာ

မြန်မာနိုင်ငံဈေးကွက်ထဲ အသစ်ဝင်လာတဲ့ အစာအိမ်နာပျောက် ဆေးထုပ်တစ်မျိုး ဖြစ်တယ်။  Dr. reddy'sဆေးကုမ္ပဏီက ထုတ်လုပ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို Biosysက ဖြန့်ဖြူးရောင်းချပေးတယ်။ Dr. Reddy'sဆိုတာ ၁၉၈၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အိန္ဒိယဆေးကုမ္ပဏီတခု ဖြစ်ပါတယ်။ ဆေးသစ်ဆိုပေမယ့် တခြားနိုင်ငံတွေမှာတော့ ၂၀၀၈ခုနှစ် မေလ ကတည်းက စတင်ရောင်းချခဲ့တယ်။ မြန်မာနိုင်ငံကို ၅နှစ်လောက် နောက်ကျပြီးမှ ဝင်ရောက်လာတဲ့သဘော ဖြစ်ပါတယ်။ အမှန်က omez ရိုးရိုးကို actionမြန်အောင် sodium bicarbonateထည့်ပေးထားတယ်။ omez ဆိုတာ Dr. Reddy's ရဲ့ ပေါက်ပြီးသား ဆေးတခုဖြစ်သလို နိုင်ငံ ၁၄နိုင်ငံမှာ အရောင်းရဆုံး အစာအိမ်ဆေးတမျိုး ဖြစ်ပါတယ်။ 

Rotaforte(spiramycin+metronidazole) သွားနဲ့သွားဖုံးရောဂါအတွက် ရိုတာ-ဖို့

Rotaforte ဆိုတာ သွား၊သွားဖုံး၊ပါးစပ်၊ပါးစောင်မှာ ဖြစ်တဲ့ အနာရောဂါတွေမှာ အသုံးပြုနိုင်တဲ့ ပဋိဇီဝပိုးသတ်ဆေး ဖြစ်ပါတယ်။ သွားဆရာဝန်တွေ အသုံးပြုနိုင်တဲ့ဆေးမျိုး ဆိုရင်ပိုမှန်ပါတယ်။ တခြား ရောဂါအချို့အတွက်လည်း အသုံးပြုနိုင်တယ်။ ဒီနေရာမှာ မှားနေတဲ့တချက်ပြောချင်တာက သွား၊သွားဖုံးရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်တွေဆီ အများစုလာပြကြတယ်။ သွားရောဂါမှန်ရင် သွားဆရာဝန်နဲ့ ပြတာအကောင်းဆုံးဖြစ်ပါတယ်။ သို့သော် မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း ရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသနိုင်တယ်။ 

Dextrosin ချောင်းဆိုးကင်းစင် ဒက်စ်ထရိုစင်

Dextrosinဆိုတာ အင်ဒိုနီးရှားနိုင်ငံက ထုတ်တဲ့ ချောင်းဆိုးပျောက်ဆေး တမျိုးဖြစ်တယ်။ အခဲနဲ့ အရည်ပုံစံနှစ်မျိုးလာတယ်။ နှစ်မျိုးလုံးက လူကြီးသောက်ဖို့ ထုတ်လုပ်ထားတယ်။ သို့သော် အရည်က ကလေးတွေလည်း သောက်နိုင်ပါတယ်။ကလေးငယ်တွေမှာ သုံးချင်တဲ့အခါ ဆေးပမာဏလျှော့ပေးရတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို royal rubyဆေးကုမ္ပဏီက ဖြန့်ချိပေးတယ်။  ဆေးတစ်ကဒ်ကို ၁၀၀၀အောက်မှာသာရှိပြီး အရည်ဖြစ်ရင် ပိုဈေးကြီးတယ်။ ဆေးပုံစံက အဝါနဲ့ အပြာရောထားတဲ့ ကဒ်ပျော့ပုံစံဖြစ်တယ်။ အလွယ်တကူ သယ်လို့ရအောင် လုပ်ထားတယ်။

G Trim လက်ဖက်စိမ်းပါဝင်တဲ့ သံပုရာရနံ့ဖျော်ရည်နဲ့ အဆီချမယ်

G Trim အကြောင်းကို မြန်မာနိုင်ငံ ဆေးရောက်စ ကတည်းက ရေးမလို့ပါ။ အချိန်မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဒီဆေးအကြောင်း မေးထားတာ ၃ ယောက်ရှိပြီဖြစ်လို့ ရေးပါတယ်။ ကြေငြာတာမဟုတ်ဘဲ ဆေးသဘော သိအောင် ရေးပါမယ်။G Trimဆိုတာ လက်ဖက်စိမ်းပါဝင်တဲ့ အဆီချဖျော်ရည်တမျိုး ဖြစ်တယ်။ Gဆိုတာ Green teaကို ကိုယ်စားပြုပြီး Trimဆိုတာ မလိုအပ်တဲ့ အဆီပိုတွေ ဖယ်ရှားတဲ့သဘောမျိုး ဖြစ်ပါတယ်။ သဘာက လက်ဖက်စိမ်းကို အသုံးချပြီး အဆီပိုတွေ ဖယ်ရှားမယ်ပေါ့။ ဆေးဖက်ဝင်အပင်တွေကနေ ထုတ်ထားတယ်။  ထုတ်လုပ်တဲ့ကုမ္ပဏီက သြစတျေးလျနိုင်ငံ CMPS(contract manufacturing and packing services)က ဖြစ်ပါတယ်။ 7gပါဝင်တဲ့ အထုပ်ငယ်ပုံစံဖြစ်တာကြောင့် ဖျော်ရည်သဘော ရေနဲ့ဖျော်သောက်ဖို့ လိုသေးတယ်။

V-melatonin အိပ်ဆေးမှ အိပ်ဆေး တမေးထဲမေးနေသူတွေအတွက်

မြန်မာနိုင်ငံမှာ အိပ်ဆေးတွေ အမျိုးမျိုးရှိပေမယ့် တကယ်ဝယ်သောက်ချင်တဲ့အခါ မလွယ်ကူတာတွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ဆေးတော်တော်များများဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်၊ လက်မှတ်ပါမှသာ ရောင်းချရလို့ပါ။ ဆေးဆိုင်တွေမှာ သွားဝယ်တဲ့အခါ ဘာမီတွန်လောက်သာ ပေးနိုင်သုံးစွဲနေကြရတယ်။ ဒါ့ကြောင့် တချို့အိပ်မရသူတွေ အိပ်ဆေးသောက်ချင်တဲ့အခါ အတော်ဒုက္ခရောက်ရတယ်။ အိပ်ဆေးထဲမှာ herbalပင်တွေက ထုတ်တဲ့ဆေးအများစုဟာ ဆရာဝန်လက်မှတ်မလိုတတ်ဘူး။ ဥပမာ Fameကထုတ်တဲ့ herbal sleepလို သဘာဝအိပ်ဆေးမျိုးက ဆရာဝန်လက်မှတ်

Omez-D SRနဲ့ Omez insta ဆေးဝါးသစ် မိတ်ဆက်ပွဲ

ဆေးပညာနယ်ပယ်မှာ တခြားprofessionalတွေထက် သာတဲ့အချက်က CME(continuous medical education)စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားရေးတွေရှိနေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်တာကလည်း sponsorပေးတဲ့ ဆေးကုမ္ပဏီတွေရှိနေလို့ပါပဲ။ ဆေးကုမ္ပဏီနဲ့ ဆရာဝန်တွေဆိုတာ တဦးအပေါ်တဦးအပြန်အလှန် အမှီသဟဲပြုနေကြတယ်။ သူတို့ရဲ့ အားထုတ်မှုနဲ့   ဆေးမိတ်ဆက်ပွဲတွေမှာ အပြန်အလှန်ပြောကြတယ်။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ ကျွန်တော်သွားခဲ့မိတဲ့

လေထခြင်းအတွက်ဆေး


အစာအိမ်‌နာ ‌လေထခြင်းအတွက်‌ ဘယ်‌‌ဆေး‌ကောင်းပါသလဲ။ အလုပ်‌က အလှပြင်‌ဆိုင်‌ဖွင့်‌ထားတာဆို‌တော့ ထမင်းစားချိန်‌ ပုံမှန်‌ထားလို့မရပါဘူး၊ အဆာလွန်‌ပီး ‌လေထတာမျိုး မကြာခဏဖြစ်‌တက်‌တာ ‌‌ဆောင်‌ထားလို့ရတဲ့ ‌ဆေးမျိုးရှိရင်‌ လမ်းညွန်‌‌ပေးပါရှင်‌
‌ကျေးဇူးတင်‌ပါတယ်‌

MFMPနဲ့ မိုဘိုင်းဖုန်းထဲမှာ ကျန်းမာရေးနဲ့ဆေးဝါးအကြောင်း စုံလင်စွာဖတ်ရှုမယ်

ကျန်းမာရေး၊ဆေးပညာနှင့်ဆေးဝါးဆိုင်ရာဗဟုသုတများသာမက ကဗျာများ၊စိတ်ခွန်အားဝတ္တုတိုများ အသစ်တင်သမျှ နေ့စဉ်ဖတ်ရှုနိုင်မည့် Medicine For Myanmar People(MFMP) android mobile versionသစ်ကို ယနေ့ ၂၆.၉.၁၃တွင် စတင်ရရှိနိုင်ပြီဖြစ်ပါသည်။ androidဖုန်းများတွင် ထည့်သွင်းနိုင်ပြီး size ပမာဏမှာ3MBသာ ရှိပါသည်။ မိမိ၏android phoneများတွင် ထည့်သွင်းထားလိုပါက အောက်ပါလင့်ခ်တွင် ဒေါင်းလုပ်ရယူပါ။

မြန်မာ့ ကျန်းမာရေးအဆင့်အတန်း

ဆရာ
ကျနော်အဖေက သွေးတိုးဆီးချိုနဲ့နှလုံးရောဂါအပြင် ဆီးကျောက်တည်တာလည်း ရှိပါတယ်။ တရက်ကိုဆေး၆မျိုးလောက်သောက်နေရပါတယ်။Coversyl 5 တကြိမ်,diamicron MR 30 နှစ်ကြိမ်,Furo Denk 40 မနက်တခြမ်း,cardimax SR တနေ့တလုံး,rowatinex တနေ့သုံးကြိမ်,nutrivita တနေ့တလုံး သောက်ရပါတယ်။အခု Aztor 10လည်း သောက်နေရပါတယ်။ကျနော်သိချင်တာက ဘယ်ဆေးကဘာအတွေက်သောက်ရသလဲဆိုတာပါ၊ဖြစ်နိုင်ရင် တခုချင်းဆီရှင်းပြပေးပါလားဆရာ။အထူးကုနဲ့ ပြတဲ့အခါ

Protectone ပရိုတင်းအပြင် အင်နာဂျီ ပြည့်ဝစေမည်

Protectoneဆိုတာ ပရိုတင်းအားဖြည့် ဆေးတမျိုးပါ။ အားဆေးတွေထဲမှာ ပရိုတင်းအဓိက၊ဗီတာမင်အဓိက၊သံဓာတ်အဓိကဆိုပြီး ရှိကြတယ်။ ဒီဆေးက ပရိုတင်းအပြင် ကစီဓာတ်နဲ့ သံဓာတ်ကိုပါ ဖြည့်စွက်ပေးတယ်။ ပရိုတင်းဆိုတာမျိုးက ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ အတွက် လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ လိုအပ်သလို ကြီးတဲ့ချိန်ထိလည်း လိုအပ်နေဆဲပါ။ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ဖွဲ့စည်းဖို့တင်မက တခြားဇီဝဖြစ်စဉ်မှာပါ အရေးကြီးလို့ ဖြစ်ပါတယ်။ protectoneဟာ ဆေးရည်ပုံစံဖြစ်တာကြောင့် ကလေးတွေနဲ့သင့်တော်သလို လူကြီးတွေလည်း သောက်နိုင်တယ်။ 100mlပါဝင်တဲ့ဗူးပုံစံနဲ့ လာပါတယ်။ အိန္ဒိယနိုင်ငံ Genoဆေးကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတယ်။

Beucogen နတ်သမီးလေးလို လှစေချင်

ဒီဖက်ခေတ်ကာလမှာ အသားလှဆေးတွေ တခုပြီးတခု အပြိုင်အဆိုင် ဝင်လာကြတယ်။ အသားလှဆေးတွေထဲမှာ ဂျပန်နဲ့ ကိုရီးယားက လာတဲ့ဆေးတွေက ခေတ်စားလှတယ်။ အသားလှဆေးမျိုးစုံ ၊ကြေငြာမျိုးစုံနဲ့ ဝင်လာတဲ့ဆေးတွေထဲမှာ Beucogenခေါ်တဲ့ အသားလှဆေးတမျိုးလည်း တခုအပါအဝင် ဖြစ်ပါတယ်။ Beucogenဆိုတာ Japan ဖော်မြူလာနဲ့ထုတ်ထားတဲ့ အသားလှဆေးတမျိုး ဖြစ်ပါတယ်။3 in 1 formulaနဲ့ ထုတ်လုပ်ထားတယ်။  3 in 1 formulaဆိုတဲ့သဘောက 
၁။အသားအရေကို ကြည်လင်ဝင်းပစေခြင်း၊
၂။အမျိုးသမီးရင်သားတွေကို လှပတင်းရင်းစေခြင်း၊

Riconia tab မိုက်ခရိုနျူးထရိယန့်ပါ ထပ်ပေါင်း အားဖြည့်ပေးမယ့် အားဆေးမျိုး

Riconia tabletမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုး(၃၀)လောက် ပေါင်းစပ်ထားတယ်။ micronutrientခေါ်တဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တယ်။ ဒါ့ပြင် ဗီတာမင်မျိုးစုံနဲ့ဖြည့်တင်းထားသေးတယ်။ ကုသဖို့ထက် နေ့စဉ်သောက်သုံးဖို့ ထုတ်လုပ်ထားတယ်။ အစားအသောက် စုံစုံလင်လင်မစားသူတွေ၊အစာဂျီးများသူတွေ၊ကိုယ်ဝန်ဆောင် နို့တိုက်မိခင်တွေ အပြင် ကြီးထွားဖွံ့ဖြိုးစအရွယ်မှာ လိုအပ်တဲ့ဓာတ်တွေကို ဖြည့်တင်းပေးနိုင်တယ်။ အိန္ဒိယဆေးကုမ္ပဏီ Ranbaxyကနေ ထုတ်လုပ်တယ်။ဆေးပုံစံက လိမ္မော်ရင့်ရောင် သောက်ဆေးတောင့်တွေ ဖြစ်ပါတယ်။ ၁၀လုံး တစ်ကဒ်ပုံစံနဲ့ လာတယ်။ 

Monday, February 9, 2015

ဆေးဝါးကမ္ဘာနှင့် ခဏတာ

မေး-ပထမဆုံးအနေနဲ့ Medicine World ကို စပြီး ဖွင့်လှစ်ခဲ့တဲ့ အချိန်ကာလလေးကိုပြောပြပါဦး ဘယ်လောက်ကြာပြီလဲ ။
ဖြေ-Medicine Worldဆေးဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၃ရက်မှာ ဖွင့်ဖြစ်သွားတာကလည်း ကျွန်တော့်မွေးရက် ဖြစ်တဲ့၂၃နဲ့တူလို့ မှတ်ရလွယ်အောင် အဲဒီရက်မှာ ဖွင့်လှစ်ခဲ့တာပါ။ 

Pentaxim ရောဂါငါးမျိုးအတွက် ကာကွယ်ဆေး

Pentaxim ဆိုတာ ကူးစက်နိုင်တဲ့ ရောဂါ၅မျိုးကို ကာကွယ်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။
ရောဂါ၅မျိုးဆိုတာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ပိုလီယိုနဲ့ H.influenzae type b ဦးနှောက်အမြှေးရောင်ရောဂါ စတာတွေကို ကာကွယ်ပေးတယ်။ဒီကာကွယ်ဆေးကို Sanofi Pasteur ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီပါတယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။

Biogesic(Paracetamol) ဘိုင်အိုဂျက်ဆစ် အဖျားကျဆေး

-မြန်မာနိုင်ငံမှာ အသုံးများတဲ့ အိမ်သုံးဆေးတမျိုး ဖြစ်ပါတယ်။
-နောက်ပိုင်းမှာ ပါရာစီတမောဆိုတာထက် biogesicဆိုတာကို အသိများ၊အသုံးများလာတယ်။
-တချို့ဆို paracetamol  ပါဝင်တာမှန်းတောင် မသိကြတော့ဘူး။
-သူတို့အမြင်မှာ Paracetamol နဲ့ Biogesic က သတ်သတ်စီဖြစ်နေတယ်။
-ကြေငြာအားကောင်းတာလဲ တခုပါလိမ့်မယ်။
-သာမန်နေမကောင်း၊ကိုက်တာခဲတာလောက်ဆိုရင် ဘိုင်အိုဂျက်စစ်ဝယ်သောက်ရမှန်း သိနေကြပြီ။
-ဆရာဝန်တွေအသုံးများတဲ့ generic nameနေရာမှာ trade nameတွေက ခေတ်စားလာတယ်။ 

Duovir အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရရင် ဘယ်လိုကာကွယ်မလဲ


Duovir ဆိုတာ lamivudin 150mgနဲ့ zidovudine 300mg ကို ပေါင်းစပ်ထားတဲ့ ဆေးတမျိုးဖြစ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီရောဂါမှာ ပေးတဲ့ ဆေးနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ရောဂါကုသဖို့သာမက ကာကွယ်ဖို့အတွက်ပါ ပေးနိုင်တယ်။ ကာကွယ်တယ်ဆိုတာ HIVပိုးနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမှာ အရေးပေါ်ကာကွယ်ဖို့ကို ဆိုလိုတာပါ။ဆေးကြောင့် ကူးစက်နိုင်ခြေကို ၈၀ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်။ သတိပြုသင့်တာက morning after pillsခေါ်တဲ့ အရေးပေါ်တားဆေးတွေနဲ့ သဘောတရားချင်း တူမှာမဟုတ်ဘူး။ ကာကွယ်တယ်ဆိုပေမယ့် တားဆေးလို ကာကွယ်ဖို့သီးသန့်ထုတ်ထားတဲ့ဆေး မဟုတ်ဘူး။ ဝင်လာမယ့်ရောဂါကို

Avamigran ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ အမြန်ဆုံးသက်သာစေဖို့

Avamigran ထဲမှာ ergotamine 1mgနဲ့ caffeine 100mg ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံ အခြေစိုက် Invida ကုမ္ပဏီက ထုတ်လုပ်ထားတယ်။ တစ်ကဒ်မှာ ဆေးလုံး၁၀လုံးပါဝင်တယ်။ ပါဝင်တဲ့ ဆေးနှစ်မျိုးလုံးက သွေးကြော ကျဉ်းစေ၊ ကျုံ့စေနိုင်တဲ့ အစွမ်းရှိတာကြောင့် မိုက်ဂရိန်းခေါ်တဲ့ ခေါင်းတစ်ခြမ်း ကိုက်တဲ့ဝေဒနာတွေမှာ ပေးနိုင်တယ်။ acute attack migraine ခေါ်တဲ့ ရုတ်တရက် ဆိုးဆိုးဝါးဝါး ခေါင်းတစ်ခြမ်း ထိုးကိုက်တဲ့အခါ အသုံးပြုနိုင်တယ်။ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့လဲ preventionအနေနဲ့ ပေးတတ်ကြတယ်။ တခြား သွေးကြောနဲ့ပတ်သက်တဲ့ ခေါင်းကိုက်ဝေဒနာတွေမှာလဲ လိုအပ်သလို အသုံးပြုနိုင်တယ်။

Zytrim(orlistat 120) အဆီချပိန်ဆေး

Zytrim အဆီချပိန်ဆေးထဲမှာ orlistat 120mg ပါဝင်ပါတယ်။အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။
ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။
Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။

Orlistat ဆိုတာ အဆီ၊အဆိမ့် အစားများသူတွေအတွက် အသုံးကျတယ်။ဥပမာ-ဘဲသား၊အမဲသား၊ဝက်သားစတဲ့ အဆီတွေ အစားများသူ၊ ဝတဲ့သူတွေ ပိန်ချင်တဲ့အခါ အသုံးပြုတယ်။
သူ့ရဲ့သဘောက စားလိုက်တဲ့ အစာထဲမှာ ပါလာတဲ့ အဆီတွေကို အူနံရံက မစုပ်ယူနိုင်အောင် တားမြစ်လိုက်တယ်။