Monday, February 9, 2015

Tocovid supraBio လေဖြတ်ခြင်းအတွက် 

Tocovid supraBio ဆိုတာ ဗီတာမင် အီး အားဆေးတမျိုး ဖြစ်ပါတယ်။tocopherolsဓာတ်ပေါင်းနဲ့ တခြားဓာတ်တွေ ပေါင်းစပ်ထားတဲ့ antioxidant ဆေးတမျိုး ဆိုလည်း မမှားဘူး။ လေဖြတ်ခြင်းကို ကာကွယ်ပြီး အသည်းအဆီဖုံးခြင်းကို ကုသပေးနိုင်တယ်။ မလေးရှားနိုင်ငံ Hovid ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ ဆေးထဲမှာ Tocomin 50mg ပါဝင်ပါတယ်။ 100mg,200mg စတဲ့ ပုံစံတွေလည်း ရှိသေးတယ်။ လေဖြတ်သူတွေမှာ 200mg ကို အသုံးများကြတယ်။ သို့သော် မြန်မာနိုင်ငံဝင်လာတာက 50mg တမျိုးတည်း ဖြစ်ပါတယ်။ ဆေးတစ်ဗူးမှာ နီညိုရောင် soft gel ဆေးလုံး အလုံး ၆၀ပါဝင်ပါတယ်။ ဆေးက တစ်လစာဖြစ်ပါတယ်။

Tocovid supraBio မှာ အဓိကအချက်က Tocotrienol ပါဝင်တာဖြစ်ပါတယ်။ Tocotrienol သုံးမျိုးလောက် ပေါင်းစပ်ပါဝင်လို့ mixed tocotrienols လို့ခေါ်ပါတယ်။ ဒီပုံစံက tocopherol ထက် ပိုမိုအစွမ်းထက် ကောင်းမွန်တယ်။
စုပ်ယူမှုအားကောင်းသလို bio-optimum absorption ဖြစ်တယ်။ခန္ဓာကိုယ် စုပ်ယူမှုကို ၂၀၀-၃၀၀%ထိ အားကောင်းစေတယ်။ ဆေးကို အချိန်မရွေးသောက်သုံးပေးနိုငိတယ်။

Tocotrienol ဆိုတာ
Vitamin Eဟာ အဆီမှာ ပျော်ဝင်တဲ့ fat soluble vitaminမျိုး ဖြစ်ပါတယ်။ ဆဲလ်တွေကို ကာကွယ်ပေးတဲ့ antioxidant ဓာတ်တိုးဆန့်ကျင်လည်း ရှိတယ်။ဗီတာမင်အီးမှာ tocopherols(၄)မျိုး၊tocotrienols(၄)မျိုးစီ ပါဝင်ပါတယ်။ ပါဝင်တဲ့အမျိုးအစားတွေကို alpha, beta, gamma နဲ့ delta လို့ အမည်ပေးထားတယ်။ 
tocopherol ကို အစားအစာအချို့မှာ တွေ့ရပေမယ့် tocotrienol ကိုတော့ စားအုန်းဆီ(palm oil)ထဲမှာသာ အဓိကတွေ့ရတယ်။ ဒါ့ပြင် tocotrienol ဟာ ကျန်းမာရေးအတွက်လည်း ပိုမိုအထောက်အပံ့ဖြစ်တာ တွေ့ရတယ်။ tocotrienol ဟာ သမရိုးကျ alpha tocopherol ထက် အဆ(၅၀)လောက် ပိုမိုအစွမ်းထက်တာ တွေ့ရပါတယ်။ တွေ့ရှိချက်တွေအရ tocotrienol ဟာ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ ပျက်ဆီးယိုယွင်းခြင်းမှ ကာကွယ်ပေးနိုင်တယ်။ဒါတင်မကသေးဘူး။ အသည်းဆဲလ်တွေ ပျက်ဆီးတာကိုလည်း ကာကွယ်ပေးနိုင်တယ်။

အိုဟိုင်းအိုး တက္ကသိုလ် ကျန်းမာရေးဌာနက ပရော်ဖက်ဆာ Chandan Senက လေ့လာမှုတွေ လုပ်ကြည့်တဲ့အခါ 
-Tocotrienols အနည်းငယ်ဟာ ဦးနှောက်ဆဲလ်တွေ ပျက်ဆီးခြင်းကို ကာကွယ်ပေးပါတယ်။ လေဖြတ်နေစဉ် ဦးနှောက်ဆဲလ် ရှင်သန်မှုကို ပိုမိုတိုးတက်စေတယ်။
-Tocotrienolsက neurodegeneration(အာရုံကြောဆဲလ် တဖြည်းဖြည်းယိုယွင်းလာခြင်း)ကိုသာမက အာရုံခံဆဲလ်တွေ ရှင်သန်ဖို့လည်း အထောက်အကူုပြုပါတယ်။
-tocotrienolsရဲ့ အာနိသင်မှာ အာရုံကြောပျက်ဆီးခြင်းကို ဖြစ်စေတဲ့ အင်ဇိုင်းဓာတ်နှစ်မျိုး((c-Src kinase and 12-Lox)ကို ပိတ်ပင်တားဆီးပေးတယ်။
ကြွက်တွေကို လေ့လာတဲ့အခါ လေဖြတ်ခြင်းကြောင့် တစ်ရှူးဆဲလ်တွေ ပျက်ဆီးခြင်းကို လျှော့နည်းစေတာ တွေ့ရတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးအစိတ်အပိုင်းတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်။ အထူးသဖြင့် နှလုံး၊ဦးနှောက်၊အသည်း၊အရေပြား၊အဆီတစ်ရှူးတွေကို ကာကွယ်ပေးတယ်။ ဆဲလ်တွေ၊တစ်ရှူးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးတယ်။အဆစ်အမြစ်ရောင်ရမ်းပျက်ဆီးခြင်း၊ခေါင်းမူး၊ခေါင်းကိုက်ဖြစ်ခြင်း၊စတဲ့ အာရုံကြောရောဂါတွေမှာလည်း အသုံးပြုနိုင်တယ်။

ဘယ်လိုအစားအစာမှာ တွေ့ရှိနိုင်လဲ။
tocotrienolsကို စားအုန်းဆီထဲမှာ အဓိကတွေ့ရတယ်။ ဘာလီ၊ဆန်၊ဂျုံ၊အုတ်ဂျုံ၊မြေပဲ၊ထောပတ်၊ဆူးပန်းဆီ၊နေကြာဆီတွေမှာလည်း ပါဝင်တယ်။ နေ့စဉ်လိုအပ်တဲ့ပမာဏကို ပုံမှန်အစားအသောက်ကနေ ရရှိနေဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဖြည့်စွက်စာသဘော ဆေးကို သောက်ပေးရတယ်။

Tocovid supraBio softgel 
Softgel type ဆေးလုံးထဲမှာ Tocomin 50mg ပါဝင်ပါတယ်။ Tocomin 50mgမှာ ပါဝင်တဲ့ ဓာတ်တွေက-
d-Alpha Tocotrienol           15.38mg
d-Gamma-Tocotrienol       28.20mg
d-Delta-Tocotrienol              6.24mg
d-Alpha-Tocopherol            22.90IU
Plant Squalene                   12.82mg
Phytosterol Complex           5.12mg
Phytocarotenoid Complex 90.00ug

Tocovidကို အဆီမှာပျော်ဝင်ပြီး စုပ်ယူမှုအားပေးအောင် ထုတ်လုပ်ထားတယ်။soft gelatin အခွံထဲမှာ အရည်ဟာ အဆီမှာပျော်ဝင်တဲ့ ပုံစံမျိုးရှိသလို အစာချေရည်နဲ့ထိတွေ့တာနဲ့ ထွက်လာတယ်။ အူနံရံက စုပ်ယူမှုအတွက် အချိန်ကြာကြာမလိုဘဲ ရရှိနိုင်တယ်။ အားသာချက်ဆိုနိုင်တာက တခြား ဖော်မြူလာတွေထက် စုပ်ယူမှုကို အသားပေးတာ ဖြစ်တယ်။ tocotrienolsစုပ်ယူမှုဟာ အဆ(၃၀၀)ထိ ရှိနိုင်တယ်။ အစာမရှိလည်း သောက်သုံးနိုင်တယ်။

ဆေးညွှန်း
လေဖြတ်ခြင်းအတွက် 200mg တနေ့ နှစ်ကြိမ် သောက်သုံးသင့်တယ်။ 50mgဆေးတလုံးမှနှစ်လုံး တနေ့၂-၃ကြိမ် သောက်ပေးနိုင်တယ်။ရောဂါကာကွယ်ဖို့ဆိုရင် 50mgဆေးလုံး တနေ့၁-၂ကြိမ် သောက်သုံးနိုင်တယ်။ ရေရှည်စွဲသောက်မှ အာနိသင်က ထူးခြားတယ်။ ဥပမာ ၁-၂လ လောက်နေမှ ခြေလက် လှုပ်ရှားနိုင်တာမျိုးပေါ့။ လေဖြတ်နိုင်ချေများသူများမှာ 50mg ၁-၂ကြိမ် ကြိုသောက်ထားသင့်တယ်။အသက် (၁၈)နှစ်အထက် အရွယ်မရွေး သောက်သုံးနိုင်တယ်။

မီနီစတုခ်(mini stroke )နဲ့ Tocomin ဆေးဝါး
ယာယီလေဖျန်းတာ၊ကြွက်သားအားနည်းတာ၊ယုတ်တရက် အကြောသေတာမျိုးကို mini-stroke လို့ခေါ်ပါတယ်။ အမြင်၊အကြား၊စကားပြော ဝေဝါးပြီး ကိုယ်ခန္ဓာ ဟန်ချက်ပျက်တတ်သေးတယ်။ မျက်နှာကြောက သူများလောက်မတင်းဘူး။ စကားပြောမကောင်းသူတွေလည်း ဖြစ်ကြတယ်။ကြွက်သားအကြောသေ၊အားယုတ်၊မျက်နှာလေဖျန်း ကြာတာနဲ့အမျှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်စေတတယ်။ အဝလွန်ရောဂါ၊ဆီးချို၊သွေးတိုးရှိသူများဟာ လေဖြတ်နိုင်ချေ မြင့်မားကြသူများလို့ သတ်မှတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လေမဖြတ်အောင် ဘယ်လိုကာကွယ်မလဲ။ ပျက်ဆီးမှုမများအောင် ဘယ်လိုလုပ်ဆောင်မလဲ။ 

ဒီအတွက် မလေးရှားနိုင်ငံမှာ လေ့လာမှုတွေ လုပ်ကြည့်ပါတယ်။ မလေးရှားမှာ ရှိတဲ့volunteersတွေကို MRIရိုက်ကြည့်တဲ့အခါ ဦးနှောက်ရဲ့ White matter မှာ အဖြူပြောက်တွေရှိရင် အာရုံကြောပျက်ဆီးမှုကို ဖြစ်ပေါ်စေတာ တွေ့ရတယ်။ အဖြူပျောက်တွေက နောက်ပိုင်းမှာ လေဖြတ်နိုင်ချေများလာတယ်။ စမ်းသပ်သူတွေက Tocovid SupraBio 200mg ပေးကြည့်တဲ့အခါ အဖြူပြောက်နဲ့ ရောဂါဖြစ်နိုင်ချေက သိသိသာသာ ကျဆင်းလာတာ တွေ့ရတယ်။ 

နောက်တခါ အသည်းအဆီဖုံးတဲ့ လူနာတွေကို ဆက်လက်စမ်းသပ်ပြန်ပါတယ်။ အဝလွန်ရောဂါ၊ဆီးချိုရောဂါ၊ကိုလက်စတောများသူတွေမှာ အသည်းအဆီဖုံးတာ(fatty liver)မျိုး အဖြစ်များတယ်။ လေ့လာမှု လုပ်ကြည့်တဲ့အခါ Tocovid SupraBio 200mg နေ့စဉ် နှစ်ကြိမ် သောက်သုံးစေတဲ့အခါ ၅၀ရာခိုင်နှုန်းဟာ တစ်နှစ်အကြာမှာ အသည်းအဆီဖုံးတာ ပျောက်ကင်းသက်သာတာမျိုး တွေ့ရတယ်။ 

နောက်ဆုံးလေ့လာမှုတွေအရ ဆံပင်ကြွပ်တာ၊ထိပ်ပြောင်တာတွေကိုပါ ကာကွယ်ပေးပါသတဲ့။ androgenic alopecia ရှိတဲ့ အသက် ၁၈-၆၀အတွင်း လူသုံးဆယ်ကို လေ့လာခဲ့ပါတယ်။ Tocovid SupraBio 50mg နေ့စဉ် နှစ်ကြိမ်ပေးပြီး (၈)လကျော်ကြာ လေ့လာတဲ့အခါ  ဆံပင်ကြီးထွားမှုဟာ ၄၂%တိုးတက်လာပါသတဲ့။ ဒီရလာဒ်ဟာ ဆံပင်ကြွပ်တဲ့ အမျိုးသား၊အမျိုးသမီးတွေအတွက် အသုံးဝင်ပါတယ်။ ထိပ်ပြောင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။ 

ဒေါက်တာ အေးမင်းထူး
၂၇.၂.၁၄

No comments:

Post a Comment