Friday, March 20, 2015

ပိန်ဆေးသောက်ပြီး ရာသီထိန်သွားလို့


ဆရာရှင့်
ကျွန်မအသက်က ၂၇ပါ ကလေးရဖို့ကြိုးစားတာ ၃နှစ်ရှိပါပြီ ဘာတားဆေးမှမသုံးဖူးပါဘူး ကိုယ်အလေးချိန်က ၁၆၄ ပါ  အရပ်က ၅ပေ ၂ပါ  တော်တော်ကိုဝလို့ green coffee သောက်လိုက်တာ ဝိတ်ဆိုတာထက် သိသိသာသာကို ခန္ဓာကိုယ်က အချိုးကျတာပါ တိုက်ဆိုင်တာပဲလားမသိဘူးဆရာ LHTest စစ်တော့ သားဥမကြွေတော့ဘူး ၂လလောက်ရှိပါပြီ ဒါ့ကြောင့် တိုက်ဆိုင်တာလား side effect လားဆိုတာ ဆရာ့ကို အကြံတောင်းတာပါ
အခုတော့ သောက်တာရပ်ထားပါတယ် လေ့ကျင့်ခန်းလည်းလုပ်ပါတယ်
အားကိုးပါတယ်ဆရာ
ကျေးဇူးတင်ပါတယ်


ကျွန်တော်တို့ဆေးတွေ ကုသတဲ့အခါ priority ဦးစားပေးဆိုတာ ရှိပါတယ်။ ဘယ်ကိစ္စက အရေးကြီးဆုံးလဲ။ အခုကိစ္စမှာ ဦးစားပေးနှစ်ခုရှိတယ်။
၁။ပိန်ချင်တာ
၂။ကိုယ်ဝန်ရချင်တာ
ဒီထဲမှာ first priority ပထမဦးစားပေးရွေးချယ်ရင် ကိုယ်ဝန်ရချင်တာက အဓိကထင်ပါတယ်။ ကိုယ်ဝန်ရဖို့ အကြောင်းခံများစွာပြည့်စုံဖို့ လိုအပ်တယ်။ အိပ်ရေးဝဝအိပ်တာ၊အစားအသောက် မျှတအောင်စားတာ စသည်ဖြင့်ပေါ့။ ကလေးရဖို့ အမျိုးသမီးတွေမှာ တာဝန်ပိုကြီးတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း စကားပြောတယ်။ ရုတ်တရက်ပိန်တာပဲဖြစ်ဖြစ်၊အစားအသောက်ပျက်၊အိပ်ရေးပျက်တဲ့အခါ ဟော်မုန်းအပြောင်းအလဲပိုများတယ်။ ဒါ့ကြောင့် ရာသီပုံမှန်လာချင်သူ၊ကလေးလိုချင်သူတွေ အနေအထိုင်နဲ့ အစားအသောက် အထူးဂရုစိုက်ရတယ်။ ကော်ဖီ၊လက်ဖက်ရည် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်တယ်။ အထူးသဖြင့် green coffeeလို chemical ဓာတုဆေးဝါးတွေနဲ့ လုပ်ထားတဲ့ ပိန်ဆေးမျိုးကို ပိုရှောင်သင့်တယ်။ ကျွန်တော်ရေးထားသလို best share green coffeeမှာ sibutramine လို ပိန်ဆေးမျိုး မသိမသာထည့်သွင်းထားတာကြောင့် ကိုယ်ဝန်ဆောင်ချင်သူ၊မိခင်ဖြစ်ချင်သူတွေ မသောက်သုံးသင့်ဘူး။ ကလေးကိုတောင် ဒုက္ခပေးနိုင်တယ်။ green coffeeကြောင့် မျိုးဥမထွက်တာ ဖြစ်တယ်လို့တော့ သေချာပေါက်မပြောနိုင်ပါဘူး။ စာထဲမှာ ရေးထားတာလည်း မဖတ်မိဘူး။သို့သော် သွယ်ဝိုက်တဲ့နည်းနဲ့ ဟော်မုန်းပြောင်းလဲပြီး မထွက်တာမျိုး ဖြစ်နိုင်တယ်။ ဒါ့ကြောင့် တိုက်ဆိုင်တာလည်းမဟုတ်၊ဘေးထွက်ဆိုးကျိုးလို့ လည်း တိတိကျကျ အမည်မတပ်နိုင်လို့ ဆက်မသောက်ဖို့သာ အကြံပေးချင်ပါတယ်။ ဒီအချိန်မှာ ပိန်အောင်ကြိုးစားတာ၊အစားရှောင်တာမျိုး မလုပ်ပါနဲ့ဦး။ လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။သား၊သမီး ရတနာ ထွန်းကားနိုင်ကြပါစေ ခင်ဗျား။

ဒေါက်တာ အေးမင်းထူး
၂.၃.၁၄



ကျေးဇူးပါဆရာ
ကျွန်မနားလည်ပါပြီ

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. lishou slimming coffee မှာ sibutramine ကို hidden drugs အ​နေနဲ့သုံးထားတယ်​လို့ internet မှာ​ရေးထားတာ​တွေ့မိတယ်​ဆရာ ... sibutramie ကို​သောက်​မိရင်​ က​လေးမရနိုင်​​တော့ဘူး​ပေါ့​နော်​...ကူညီပါအုံးဆရာ...reply ပြန်​​ပေးပါ​နော်

    ReplyDelete