Saturday, March 14, 2015

metronidazole မက်ထရို ပိုးသတ်ဆေး

Metronidazole 
-anaerobic ဘက်တီးရီးယားနဲ့ပရိုတိုဇိုးဝါး ကပ်ပါးကောင်တွေမှာ အသုံးများတယ်။
-ဒီလိုပိုးတွေမှာသုံးရင် အကောင်းဆုံးဖြစ်တယ်။
-aerobic ဘက်တီးရီးယားတွေမှာ အသုံးမဝင်ဘူး။ 
-amoeba,trichomonas,giardiasis စတဲ့ကပ်ပါးကောင်တွေမှာ ဦးစားပေးသုံးစွဲကြတယ်။
-bacteria vaginosisအင်္ဂါစပ်ပိုးဝင်ရင်လည်း သုံးနိုင်သေးတယ်။
-သောက်ဆေးပေးတဲ့အခါ တနေ့ နှစ်ကြိမ်(သို့)သုံးကြိမ် ပေးရတယ်။

ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်
-ပုံမှန်မဟုတ်တဲ့ metalအရသာခံစားရခြင်း
-အရက်နဲ့တွဲသောက်ရင် disulfiramသောက်သကဲ့သို့ ခံစားရခြင်း(အသားရဲ၊ရင်တုန်၊မော၊ခေါင်းကိုက်၊ပျို့၊အန်)
ဒါ့ကြောင့် ဆေးသောက်နေစဉ် အရက်မသောက်ဖို့ သေချာမှာကြားရတယ်။ အကယ်၍ အရက်သောက်နေသူတွေမှာ ဆေးပေးရင် tinidazole၊nimorazoleလိုဆေးမျိုး ပြောင်းလဲပေးရတယ်။

ဒေါက်တာ အေးမင်းထူး
၁.၇.၁၃

No comments:

Post a Comment