Thursday, March 19, 2015

ကြွက်နို့လိမ်းဆေး


External genitsl warts အတွက်​ လိမ်း​ဆေး ရှာ မရဘူးဆရာ ​ဆေးဆိုင်​​တွေက မရှိဘူး​ပြောတယ်​ podofilox0.5%, lmiquimod5%, sinecatechins 15% အဲဒါ​တွေ လိမ်းရတယ်​လို့သိထားပါတယ်​ ခက်​တာက ​ဆေးဆိုင်​​တွေက မသိဘူး ဆရာ ​ကျေးဇူးပြုပြီး​မေးလ်​ပြန်​​ပေးပါ​နော်


ဟုတ်ပါတယ်။ မြန်မာနိုင်ငံက ဆေးဆိုင်တွေမှာ အများအားဖြင့် မရပါ။ မေးရင် မသိသူက ခပ်များများဖြစ်တယ်။ podofilox ဆိုတာ လိမ်းဆေးအရည်ဖြစ်ပါတယ်။ အမှန်တော့ အက်ဆစ်သဘောပါပဲ။ အနာကို စားသွားတာပေါ့။ အထဲမှာ
အမှုန်လေးတွေနဲ့ ရေလိုကြည်လင်နေတယ်။ ဒီဆေးကို အနာပေါ်လိမ်းရတယ်။ ပြဿနာက လိင်လမ်းကို မလိမ်းတတ်ရင် ပြဿနာက ပိုကြီးတတ်တယ်။ ကျွန်တော့် လူနာတယောက်ကတော့ နယ်က ဆေးပေးလိုက်တဲ့ ဆရာဝန်လက်ချက်ဒုက္ခရောက်ဖူးတယ်။ ဆေးသဘောကို သေချာရှင်းမပြလိုက်တော့ လိင်တံထိပ်ကိုရောက်သွားပြီး အနာဖြစ်ပြီး စားသွားလို့ မနည်းပြန်ကုပေးခဲ့ရဖူးတယ်။ အခုမေးတဲ့ဆေးတွေက မိမိကိုယ်တိုင်ဆေးလိမ်းတာမျိုးမလုပ်သင့်ပဲ ဆရာဝန်ရဲ့ အနီးကပ်လမ်းညွန်မှုနဲ့သာ သုံးသင့်တဲ့ဆေးတွေဖြစ်ပါတယ်။ ဆေးကြောင့် ပျောက်သွားပေမယ့် နောက်တကြိမ် ပြန်ပေါ်တတ်ပြန်တယ်။ ဆေးအချို့က အရေပြားဆရာဝန်တွေ ဆီမှာတော့ ရှိတတ်ပါတယ်။ ဒီအတိုင်းရှာမယ်ဆိုရင်တော့ တွေ့ဖို့သိပ်မလွယ်ပါ။ 

ဒေါက်တာ အေးမင်းထူး
၃.၁၀.၁၄

No comments:

Post a Comment