Friday, April 24, 2015

viagra(sildenafil 50mg) အမျိုးသားအားဆေး

ဆရာ ကျွန်တော် အိမ်ထောင်ကျတာ၂လ ရှိပါပီအသက်က၂၅ ပါအမျိုးသမီးနဲ့နေရတာ အခက်အခဲရှိနေပါတယ် ၃မိနစ်၎ မိနစ်လောက်တောင် မနေနိုင်ဘူးဖြစ်နေပါတယ် ဘယ် လိုဆေးမျိုးသုံးစွဲရင် အဆင်ပြေမလဲသိချင်ပါတယ် ငယ်ငယ် တုန်းကအာရုံကြောအားနည်းလို့ဆေးသောက်ခဲ့ဖူးပါတယ် အခုအလုပ်ကလည်းစာရင်းအင်းလုပ်ရာတယ် အဲဒါတွေနဲ့များဆိုင်ပါသလား? တစ်ချို့ဆိုဒ်တွေမှာ viagraအကြောင်းရေးထားတာတွေ့ပါတယ် သူ့ကောင်းကျိုးဆိုးကျိုးလေးသိပါရစေ၀ယ် ချင်ရင်ဆေးလက်မှတ်လိုပါသလား??


viagraဆိုတာ အမျိုးသားအားဆေးတမျိုးဖြစ်ပါတယ်။ Pfizer ဆေးကုမ္ပဏီကထုတ်တယ်။ဒီဆေးထဲမှာ ပန်းသေပန်းညှိုးရောဂါအတွက် သုံးတဲ့  Sildenafil ဆိုတာပါတယ်။ ပန်းသေရောဂါတင်မဟုတ်၊ အဆုတ်သွေးလွှတ်ကြောဖိအားများတဲ့ရောဂါမှာလည်း သုံးပါတယ်။  တောင်တက်သမားတွေ မှာအဖြစ်များတဲ့ high-altitude pulmonary oedema မှာလည်း သုံးနိုင်သေးတယ်။

Viagraကို တချို့က "vitamin V"တဲ့။"the blue pill", "blue diamond"လို့လည်းခေါ်တယ်။ phosphodiesterase-5 inhibitorအမျိုးအစားထဲမှာ ပါတယ်။ဆေးကိုစတင်တွေ့ရှိခဲ့တဲ့ ပညာရှင်သုံးယောက်ကAndrew Bell, David Brown, နဲ့Nicholas Terrettဆိုသူတွေပဲ။ ၁၉၉၈ကတည်းက ဈေးကွက်မှာ စတင်ရောင်းချခဲ့တယ်။ ၂၀၀ဝပြည့်နှစ် စာရင်းဇယားတွေအရ တကမ္ဘာလုံးပန်းသေပန်းညှိုးအတွက် သုံးစွဲသူစုစုပေါင်းရဲ့ ၉၂ရာခိုင်နှုန်းဟာ Viagra ကိုသုံးကြတယ်။နောက်(၇)နှစ်လောက်ကြာတော့ သုံးစွဲသူလျှော့ကျသွားပြီး ၅၀ရာခိုင်နှုန်းသာ သုံးတော့တယ်။ လေ့လာတွေ့ရှိချကိတွေအရ တခြားအမျိုးတူဆေးတွေ တခုပြီးတခု ပေါ်ပေါကိလာတာကြောင့် ဖြစ်ပါတယ်။ 

အသက်ကြီးသူသာမက ငယ်ရွယိသူ၊အဖော်မက်သူတွေလည်း ဒီဆေးကို အကြီးအကျယ်သုံးတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အာနိသင်က လိင်ဆက်ဆံချိန်မှာ ကြာကြာခံပြီး စိတ်ကျေနပ်မှုပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။ ဆေးဆိုင်တွေကို သွားကြည့်ရင် အရွယ်တော်မိန်းကလေးတွေက ecee 2 ဝယ်တယ်။ ယောကျာ်းဖြစ်သူက အမျိုးသားအားဆေး(viagra,caverta)လိုဆေးမျိုးဝယ်မယ်။ အတုမြင်အတတ်သင်ဆိုသလို ဆရာလုပ်သူက ဒီဆေးသောက်၊ဒီဆေးကောင်းတယ်ကွဆိုရင် နှစ်ခါမပြောရပါ။ လိုက်လုပ်ဖို့ အသင့်ရှိနေပါတယ်။ ဒီဆေးပေါ်လာတော့ ပန်းသေပန်းညှိုး အိမ်ထောင်ရေးသုခမရသူတွေ အကြီးအကျယ် ဝမ်းသာကြတယ်။ တချို့ဆို နတ်ဆေးကွဆိုပြီး လက်မထောင်ချင်သူတွေလည်း ရှိတယ်။

ကောင်းတာတွေရှိသလို တဖက်မှာဆိုးကျိုးတွေလည်း ရှိတယ်။ ဆေးသောက်ပြီး မျက်နှာရဲလာတာ၊ပူစပ်ပူလောင်ဖြစ်တာ၊ခေါင်းကိုက် ရင်ပူတာမျိုး ရှိတတ်တယ်။  နှလုံးခုန်မြန် ရင်နုန်တာလည်း ရှိတတ်သေးတယ်။တချို့က တော်တော်နဲ့ဆေးအာနိသင်မပြယ် မာနေတဲ့အင်္ဂါက တော်တော်နဲ့မကျပဲ ဒုက္ခခံရတာလည်းရှိတယ်။ နှာရည်ယို၊နှာပိတိရှိရင် မသုံးသင့်ဘူး။ နှလုံးသမားတွေ၊သွေးချဲ့ဆေး နိက်ထရိုက်(nitroglycerin)ဆွဲသောက်ရသူတွေမှာ အထူးသတိပြုရတယ်။ခက်တာက ဆေးအာနိသင်ချင်းပေါင်းပြီး ရုတ်တရက်သွေးပေါင်ကျတာက အသက်ကိုပါထိခိုက်စေတယ်။၂၀၀၇ အောက်တ်ုဘာလလောက်က FDAက အကြားအာရုံ ထိခိုက်တာမျိုး ဖြစ်နိုင်တယ်ဆိုပြီးသတိပေးထားတယ်။

အာနိသင်က လိင်တံရဲ့ သွေးလျှောက်မှုကို အားပေးတာကြောင့် လိင်အင်္ဂါတောင့်တင်းစေတယ်။ တနေ့တလုံးသောက်လို့ရတယ်။ တခါသောက်ရင် 25-100 mg ထကိပိုမသောက်ပါနဲ့။ အတူမနေခင် နာရီဝက်-တနာရီကြိုသောက်သင့်တယ်။ ဆေးတလုံးရဲ့ အာနိသင်က ၄နာရီလောက်ခံတယ်။

အတူတွဲမသောက်သင့်တဲ့ဆေး
-ပိုးသတ်ဆေး( emycin)
-အစာအိမ်ဆေး(Cimetidine)
-သွေးကျဆေး(alpha blocker)
-အိတ်ခ်ျအိုင်ဗွီဆေး(protease inhibitor)
ဒီPIဆေးသောက်နေရင် ၄၈နာရီအတွင်း Viagra 25mgထက် ပိုမသောက်သင့်ဘူး။

 မြန်မာနိုင်ငံမှာ အသုံးများဆုံးဆေးတွေက caverta နဲ့ sildora တို့ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဝယ်ဖို့ ဆေးလက်မှတ်မလိုပါဘူး။ ပဲကြီးလှော်လို ဝါးနေကြတာပဲ။ဒါပေမယ့် အောက်လိုင်းက ဝင်တဲ့ဆေးတွေကတော့ ကွာလတီအရေအသွေးမပြည့်မှီလို့ သုံးစွဲဖို့မသင့်ဘူး။ သိပ်မကြာခင်က မန္တလေးမြို့ပေါ်က ဆေးဆိုငိတဆိုငက ခွင့်ပြုချက်မရှိတဲ့ ဒီလိုဆေးမျိုးရောင်းချလို့ ဖမ်းဆီးခဲ့ရသေးတယ်။ 

ဒီဆေးနဲ့အမျိုးတူ နောက်ဆေးတွေက tadalafil နဲ့ vardenafil တို့ပဲ။ လိင်စိတ်အားပေးတဲ့ဆေးထဲမှာ ပုံစံတူဆေးက ဟာဗယ်တမျိုးဖြစ်တဲ့ acetildenafil ဖြစ်ပါတယ်။ ဆေးကောင်တာတွေမှာ ဆရာဝန်လက်မှတ်မလိုပဲရနိုင်တယ်။ တချို့ကို FDAက တားမြစ်ထားတယ်။စိတ်ကျရောဂါ လိင်မှုကိစ္စစိတ်မပါတော့သူတွေမှာလည်း ဒီဆေးတွေက အာနိသင်ကောင်းပါတယ်။ အမျိုးသမီးတွေမှာလည်း လိင်မှုကိစ္စ ဆန္ဒမပြည့်ဝရင် ဒီဆေးသုံးနိုင်တယ်ဆိုပြီး ၁၉၉၉ခုနှစ်က ဖော်ပြခဲ့ပါတယ်။ အားကစားသမားတွေက သက်လုံကာင်းတယ် ယုံကြည်ပြီး သုံးစွဲကြတယ်။

ပိုဆိုးတာက လူငယ်တွေက တလွဲသုံးလာတယ်။ ဆေးကို လိင်စိတ်ကြွဖို့နဲ့ အတူနေတဲ့အခါ အားအင်ပြည့်ဖို့ ဆေးသုံးလာကြတယ်။ စိတ်ကြွဆေး methylenedioxymethamphetamine တွေနဲ့ရောပြီး သောက်ကြတယ်။ တချို့က estacy လိုဆေးမျိုးကရောသောက်တယ်။ဒီလိုတွဲစပ်တာကို sextacy,"rockin' and rollin'",  "trail mix စသည်ဖြင့် အမျိုးမျိုးခေါ်တယ်။ အထူးသဖြင့်ဆေးကြောင့် ဖြစ်နိုင်တဲ့ ပန်းသေပန်းညှိုးလက္ခဏာတွေကို viagra လိုဆေးမျိုးနဲ့ မဖြစ်အောင်ကာကွယ်ဖို့ပါ။ amyl nitrite နဲ့တွဲသောက်မိရင် အဆိုးဆုံးပဲ။အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ထိခိုက်နိုငိတယ်။သုံးတတ်ရင် ဆေး၊မသုံးတတ်ရင် ဘေးဖြစ်နိုင်လို့ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၄.၄.၁၅


1 comment:

  1. ဘယ်မှာဝယ်လို့ရလဲဆရာ တရားဝင်လား

    ReplyDelete