Saturday, March 28, 2015

Alova ရှားစောင်းလက်ပတ်ဆေး

မြန်မာနိုင်ငံဈေးကွက်ထဲဝင်လာတာ မကြာသေးဘူး။ Ranbaxy ကုမ္ပဏီရဲ့ product အသစ်ဖြစ်တယ်။ Alovaဆေးတစ်တောင့်မှာ Aloe Vera extract 25mg ပါဝင်တယ်။ ရှားစောင်းလက်ပတ်အဆီအနှစ်က ထုတ်ယူပြီး ဆေးထုတ်ထားတယ်။ အသားအရေအတွက်သာမက အစာချေစနစ်အတွက်ပါ ကောင်းမွန်စေတယ်။ ဆေးထဲမှာ ဗီတာမင် ဒီက လွဲရင် တခြားဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တယ်။ အမိုင်နိုအက်ဆစ် ၂၂မျိုးအနက် အမျိုး၂၀ထိ ပါဝငိတယ်။ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ saponinဓာတ်ဆိုတာလည်း ပါဝင်သေးတယ်။ ဆာပိုနင်ဓာတ်ဆိုတာ ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊ မှို၊တဆေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်း ရှိတယ်။


ရှားစောင်းလက်ပတ်ဂုဏ်သတ္တိတွေက များလှတယ်။ အရေပြားအစိုဓာတ် ထိန်းပေးတယ်။ ရောင်ရမ်းခြင်းကို လျှော့ကျစေတယ်။ အရေပြားဆဲလ်တွေရဲ့ ပျက်ဆီးမှုကို ပြုပြင်ပေးနိုင်တယ်။အရွယ်မတိုင်မှီအိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်။  ဝက်ခြံ၊အမဲစက်၊အကြောပြတ်တဲ့အရာတွေကိုလည်း လျှော့ပါးသက်သာစေတယ်။  အရေပြားမှာ သွေးတိတ်စေတဲ့ သဘောလည်း ရှိလို့ အသုံးကျပြန်တယ်။ နေလောင်တဲ့အခါ ပျက်ဆီးတဲ့ အသားအရေအတွက်လည်း အသုံးကျသေးတယ်။ခုခံအားတက်လာစေသလို စွမ်းအင်ကိုလည်း မြှင့်တင်ပေးတယ်။ ဓာတ်မတဲ့တဲ့အရေပြားရောဂါတွေအတွက်လည်း အသုံးကျတယ်။ အဆစ်အမြစ်၊အသားအရည် ရောင်ရမ်းပျက်ဆီးခြင်းကိုလည်း သက်သာစေတယ်။အပင်မှာ ပါဝင်တဲ့ anthroquinonesက ဝမ်းနှုတ်စေတဲ့ အာနိသင်ရှိတယ်။

ရှားစောင်းလက်ပက် အာနိသင်တွေက ဘာတွေလဲ
(၁)သွေးတွင်းသကြားဓာတ်ကို လျှော့နည်းစေလို့ ဆီးချိုသမားတွေနဲ့ သင့်တော်တယ်။ တချို့က ဆီးချိုရောဂါ ကာကွယ်ဖို့နဲ့ ကုသဖို့အတွက်ပါ အသုံးပြုကြတယ်။
(၂)အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေတယ်။သည်းခြေရောဂါအချို့အတွက် အသုံးဝင်တယ်။
(၃)သွေးတွင်းမှာရှိတဲ့ အညစ်အကြေး၊အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
(၄)အဆစ်အရည်ကို ပြန်လည်အားဖြည့်တဲ့သဘောရှိတယ်။ အဆစ်ရောင်၊အဆစ်နာရောဂါတွေကို သက်သာစေတယ်။
(၅)သွေးပေါင်ထိန်းညှိပေးတဲ့သဘောရှိလို့ သွေးတိုးသမားတွေနဲ့ သင့်တော်တယ်။

ဆေးညွှန်း
တခါသောက် တလုံး တနေ့ ၂-၃ကြိမ်ထိ သောက်ပါ။

သုံးစွဲနိုငိသော ရောဂါ
-အရေပြားရောဂါ၊မီးလောင်နာ
-ဗိုငိးရပ်စ်ဝငိခြင်း
-အမာရွတ်ဖြစ်ခြင်း
-အသားအရေလျော့ရဲခြင်း

ဘေးထွက်ဆိုးကျိုး
-ဝမ်းသွားခြင်း
-ဗိုက်နာခြင်း
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

မှတ်ချက်
ဆေးကို ရေများများနဲ့ သောက်ပါ။

ဒေါက်တာ အေးမင်းထူး
၂၈.၃.၁၄

No comments:

Post a Comment