Tuesday, March 24, 2015

Vonstrel(Levonorgestrel 1.5mg) ဆေးတလုံးပါ အရေးပေါ်တားဆေး

တီထွင်ကြံဆမှုဆိုတာ ရပ်တန့်မနေဘဲ အစဉ်အမြဲ တိုးတက်ပြောင်းလဲနေတာ ဟုတ်တယ်။ အရင်က အရေးပေါ်တားဆေးတွေမှာ ဆေးနှစ်လုံးပါခဲ့တယ်။ ဒါလည်း သုံးစွဲသူတွေကအလုပ်ရှုပ်တယ်။ အဆင်မပြေဘူး။ ၁၂နာရီခြား နောက်တလုံး ထပ်သောက်နေရတာ မေ့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ရှိတယ်။ ဒါမျိုးမသောက်ချင်ဘူး ဆိုတာတွေ တွေ့ရတယ်။ ဒီတော့ သုံးစွဲသူအကြိုက်ဖြစ်အောင် ထုတ်လုပ်သူတွေက ထပ်ထုတ်ရပြန်ရော။ vonstrel ဆိုတဲ့ဆေးက အလုပ်ရှုပ်မခံချင်သူ ပုဂ္ဂိုလ်တွေနဲ့ ပိုသင့်တော်တယ်ဆိုရမယ်။တကြိမ်ထဲသောက်နိုင်ဖို့ လွယ်လွယ်ကူကူဖြစ်အောင် ဆေးတလုံးထဲကိုပဲ ထည့်သွင်းထားတယ်။ 

အမှန်တော့ ရိုးရိုးအရေးပေါ်တားဆေးကဒ်ထက် သိပ်သိသိသာသာ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ပါဝင်တဲ့ဟော်မုန်းကလည်း Levonorgestrel ဆိုတဲ့ ဟော်မုန်းပါပဲ။ ပြောင်းသွားတာလေးတွေက ဆေးလုံးအရေအတွက်နဲ့ ဈေးလောက်ပါပဲ။အထဲမှာ ဆေးတလုံးပဲပါတယ်။ တကြိမ်ထဲသောက်ရမယ်။ ဈေးကတော့ ပြောင်းပြန်။ ပုံမှန်အရေးပေါ်တားဆေးထက် ဈေး ၂ဆ-၃ဆထိ ပိုကြီးသွားတယ်။ ဟော်မုန်းပမာဏကလည်း ပုံမှန်တားဆေးကဒ်တလုံးထက် နှစ်ဆလောက် ပိုပါလာတယ်။အမှန်တော့ အရေးပေါ်တားဆေးနှစ်လုံးကို တခါတည်းပေါင်းထားလိုက်တဲ့ သဘောပါပဲ။ နှစ်လုံးကနေ တလုံးဖြစ်သွားတာပဲ။

Vonstrel tabထဲမှာ Levonorgestrel 1.5mg ပါဝင်တယ်။  ဒီဆေးကို အိန္ဒိယဆေးကုမ္ပဏီ SRSက ထုတ်လုပ်တယ်။ ဆေးဗူးရှည်လေးထဲမှာ ပန်းရောင်ဆေးလုံး သေးသေးလေးတလုံးပဲ ပါတယ်။ ဆေးလုံးပေါ်မှာ သိသာအောင် ငါးပုံစံလေး ထွင်းထားတယ်။ 

ဆေးက ဘာတွေကောင်းလဲ
• မျိုးဥအိမ်ကနေ မျိုးဥမထွက်အောင် တားဆီးပေးတယ်။
• သားအိမ်ဝအကျိအချွဲများစေပြီး သုတ်ကောင်မဝင်အောင် တားဆီးပေးတယ်။
• သားဥပြွန်ရဲ့ လှုပ်ရှားမှုကို ပြောင်းလဲစေတယ်။
• သန္ဓေအောင်တဲ့ မျိုးဥတွေ သားအိမ်မှာ တွယ်ကပ်ခြင်းကို တားမြစ်ပေးလို့ ကိုယ်ဝန်မရစေဘူး။

ဆေးညွှန်း
အကာကွယ်မဲ့ လိင်ဆက်ဆံပြီး သုံးရက်အတွင်း(၇၂နာရီအတွင်း) အသုံးပြုရပါမယ်။ ဆက်ဆံပြီး တစ်ရက်အတွင်း အသုံးပြုနိုင်ရင် ၉၅ရာခိုင်နှုန်း၊၃ရက်အတွင်း အသုံးပြုနိုင်ရင် ၈၅ရာခိုင်နှုန်း ကာကွယ်ပေးတယ်။ သုံးစွဲသူ (၈)ယောက်မှာ (၇)ယောက်ဟာ ကိုယ်ဝန်မရစေဘူး။ အကောင်းဆုံးက ဆက်ဆံပြီးပြီးချင်း အသုံးပြုသင့်တယ်။ ဒါမှမဟုတ် ဆက်ဆံပြီး ၃ရက်အတွင်း ၊သတိရရချင်း သောက်သုံးသင့်တယ်။ အကယ်၍ ဆေးသောက်ပြီး တနာရီအတွင်း အန်ရင် နောက်ဆေးတလုံး ထပ်သောက်ပေးပါ။

ဘေးထွက်ဆိုးကျိုး
• ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
• ခေါင်းကိုက်၊ခေါင်းမူး ရှိတတ်တယ်။
• ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်တယ်။
• ရင်သားတင်းပြီး နာနိုင်တယ်။
• သွေးတစ်စက်စက် ဆင်းတာ၊ ရာသီသွေးမမှန်တာမျိုး ဖြစ်တတ်တယ်။
(အများစုဟာ ဆေးသောက်ပြီး တစ်ရက်အတွင်း ပျောက်ကင်းတတ်ကြတယ်။)

ဆေးမသောက်သင့်သူများ
-ကိုယ်ဝန်ဆောင်မိခင်
-အသည်းမကောင်းသူ
-သွေးလွှတ်ကြောရောဂါရှိသူ
-စပျစ်သီးသန္ဓေတည်သူ
-ရင်သားကင်ဆာမျိုးရိုးရှိသူ
-အကြောင်းရင်းမဲ့ မွေးလမ်းကြောင်း သွေးဆင်းသူ

အရေးပေါ်တားဆေးကို 
• နှစ်ရက်ဆက်တိုက် ပုံမှန်တားဆေးကဒ်သောက်ဖို့ မေ့လျှော့တဲ့အခါ၊
• calendar method မှားယွင်းတွက်ချက်မိတဲ့အခါ၊
• ကွန်ဒုံးအသုံးပြုစဉ် ပေါက်ပြဲတဲ့အခါ၊
• အမျိုးသမီးကွန်ဒုံး ပြုတ်ထွက်တဲ့အခါ၊
• သွေးဆုံးကိုင်ခြင်းအတွက် ဟော်မုန်းအစားထိုးတဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။

သတိပြုစရာ
အရေးပေါ်တားဆေးသောက်တဲ့အခါ မိခင်နို့ထဲမှာlevonorgestrel အနည်းအကျဉ်းပါနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးသောက်ပြီး ၈နာရီအတွင်းမိခင်နို့မတိုက်တာ ပိုကောင်းတယ်။ ၁၂နာရီကျော်ရင် မိခင်နို့တိုက်နိုင်တယ်။

တခြားနာမည်များ
• Postinol-1
• Levonelle 1500
• Next choice one dose
• Mergynex
• Levofemy 
• Fesile one

အမျိုးသားလုပ်သူတွေကတော့ ဆေးတလုံးထဲဖြစ်လို့ သဘောကျကြတယ်။ ဒါပေမယ့် တကယ်ခံရတော့ အမျိုးသမီးလုပ်သူတွေပါ။ ဒီဆေးဟာ ဟော်မုန်းပိုများလို့ သမားရိုးကျ တားဆေးတွေထက် ပျို့ချင်၊အန်ချင်ပိုဖြစ်နိုင်တယ်။ ရင်သားတင်းတာ၊ခေါင်းကိုက်၊ခေါင်းမူးပိုဖြစ်တာ တွေ့ရတယ်။ ဘေးထွက်ဆိုးကျိုး ပိုလာတယ်။  ခေါင်းကိုက်ရောဂါအခံရှိသူတွေ ဆေးသုံးဖို့ မသင့်ဘူး။ အနောက်တိုင်း ခန္ဓာကိုယ်နဲ့ကျတော့ ဆေးပမာဏကို ခံနိုင်ရည် ရှိကြတယ်။ အရှေ့တိုင်းသူတွေက ဆေးဒဏ်ပိုခံရတယ်။ ဒါ့ကြောင့်လဲ ဆေးကိုသိသူနည်းသလို သိပ်ပေါ်ပြူလာမဖြစ်သေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးနှစ်လုံးထက်စာရင် ဆေးတလုံးထဲ သောက်ချင်သူတွေအတွက် အဆင်ပြေတယ်လို့ပဲ ဆိုရမှာပါ။

ဒေါက်တာ အေးမင်းထူး
၂၁.၇.၁၄

2 comments:

  1. What are the best online casinos to make money? - Work
    I'll talk about this หารายได้เสริม very specific casino, but the ones most often mentioned here are Betsoft, the best 메리트 카지노 고객센터 online casinos 샌즈카지노 with a few

    ReplyDelete
  2. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete