Sunday, February 15, 2015

coversyl plus နှင့်FENO-TG ဆေးနှစ်မျိုး

coversyl plus နှင့် fenofibrate tablets(FENO-TG) အဲဒီ ဆေးက ဘာတွေအတွက် သောက်ရတာလည်း ဆိုတာလေး ကိုကျေးဇူးပြု ပြီးရှင်းပြပေးပါ ခင်ဗျာ  ၊ ကျွန်တော်က အသည်းအဆီဖုံး နေလို့ ဆရာကပေးထားတာပါ


Coversyl plusဆိုတာ သွေးကျဆေးဖြစ်ပါတယ်။ peridoprilနဲ့ indapamide သွေးကျဆေးနှစ်မျိုးကို အတူတကွပေါင်းစပ်ထားတယ်။ သွေးတိုးရှိတဲ့သူတွေ ဆေးတမျိုးထဲနဲ့ မရတဲ့အခါ နှစ်မျိုးတွဲဆေးမျိုး ပေးရတတ်တယ်။ နေ့စဉ်ပုံမှန်သောက်ပေးဖို့လိုပါတယ်။
Feno-TGဆိုတာက အဆီကျဆေးဖြစ်ပါတယ်။ သွေးတွင်းအဆီဓာတ်များတဲ့အခါ
အဆီဓာတ်လျှော့ကျဖို့ ပေးကြတယ်။ အထူးသဖြင့် သွေးစစ်တဲ့အခါ triglyceride များတဲ့အခါမှာ အဓိကပေးကြတယ်။ အဆီဓာတ်သဘောက များလာရင် ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေမှာ စုနေ၊အောင်းနေတယ်။ အသည်းအဆီဖုံးတယ်ဆိုတာ ပိုလျံတဲ့အဆီတွေ အသည်းမှာစုတဲ့သဘောမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် သွေးတွင်းအဆီဓာတ်ကျအောင် လုပ်ပေးရတယ်။ ဆေးသောက်ပြီး လိုအပ်ရင် သွေးပြန်စစ်ရတယ်။ အသည်းအဆီဖုံးတာ အဝလွန်လို့၊အရက်သောက်လို့ ဖြစ်တတ်ကြတယ်။ အတွေ့အကြုံအရ အသက်၄၅ကျော်ရင် အနည်းနဲ့အများဖုံးကြတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ဆရာဝန်နဲ့သေချာပြပြီး သွေးပုံမှန်စစ်ဖို့လိုပါမယ်။ ဆောင်ရန်၊ရှောင်ရန်တွေကို ပြထားတဲ့ဆရာဝန်က ပြောပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
၉.၇.၁၃

No comments:

Post a Comment