Friday, March 20, 2015

ပုလဲသွယ်သေးသေး အဖုလေးတွေ

ဒေါက်တာရှင်.. အဲဒါ Millia လိုမျိုးများလားမသိဘူး... ကူးမှာလဲ တစ်လုံးရှိတယ်..အခြားနေရာက ထုတ်ပစ်ဖို့ လွယ်ပေမယ့် မျက်ခမ်းနားက ဟာက မရဘူး.... အပ်နဲ့ထွင်းဖို့လဲ အရမ်းနာတယ်.. သူတို့ ပြောတဲ့serum တွေလဲအလုပ်မဖြစ်ဘူး..း(...

Comment by Sandakuu
March 25,2014 at 12:27 AM


ကွန်မင့်မှာ ရေးထားတာ တွေ့ပါတယ်။ စာတကြောင်းထဲနဲ့မရလို့ စာတပုဒ်ထပ်ရေးပါတယ်။ millia နဲ့ Syringoma က မတူညီပါဘူး။ milliaကို milk spot(သို့)oil seed လို့လည်း ခေါ်ပါသေးတယ်။ပြည်ဖုလိုလို၊အဆီဖုလိုလို အိတ်သေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ အရေပြားအောက်မှာ keratinတွေ၊ဆဲလ်သေတွေ ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ မြင်လွယ်အောင်ပြောရရင် မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။ ဝက်ခြံလို အဆီဂလင်းမှာ ပိတ်နေတာမဟုတ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်လို့ ဆိုပါတယ်။ သီအိုရီတခုမှာvitamin Dမများစေရဘူးလို့ ဆိုတယ်။ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် ကိုလက်စတောချဖို့လိုအပ်သလို ဗီတာမင်ဒီမပိုစေသင့်ဘူးလို့ ယူဆကြတယ်။ အလားတူ အဆီကတဆင့် အင်နာဂျီပြောင်းလဲပေးတဲ့ CoQ10မျိုး လိုအပ်တယ်လို့ သုံးသပ်ကြတယ်။ 

ဘာကြောင့် ဖြစ်စေလဲ သေချာမသိရသေးပါဘူး။
ဖြစ်စေတယ်လို့ယူဆရတာတွေက-
-မျိုးရိုးလိုက်လို့
-အဆီများလို့
-နေလောင်လို့
-ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။

miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ မျိုးပါ။ကုသနိုင်မယ် ယူဆရတဲ့ နည်းလမ်းအသွယ်သွယ် ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရပါတယ်။ သေချာပေါက်ပျောက်စေဆိုတာမျိုး မဟုတ်လို့ စိတ်ဒုက္ခပိုရောက်ရတယ်။ ခွဲစိတ်ခြင်း၊ပြုပြင်ခြင်း၊အပေါ်ယံအရေပြားကွာစေခြင်း၊သောက်ဆေး၊လိမ်းဆေး အမျိုးမျိုး ပေးနိုင်တယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။ဘယ်နည်းနဲ့ သင့်တော်မလဲ ဆရာဝန်က ဆုံးဖြတ်ပါတယ်။

ကုသနည်းတွေ
-scrub(Clinique 7 Day Scrub and Avon Anew)သုံးပြီး အပေါ်ယံအရေပြားကို ကွာစေတယ်။ 
-လိမ်းဆေး AHA (သို့)glycolic acid သုံးခိုင်းတယ်။ တိုးတက်မှု၊ထူးခြားမှု မရှိတာများတယ်။ 
-တချို့က L'Oreal Dermo-Expertise ReNoviste Glycolic Peel Kit သုံးခိုင်းတယ်။ 
-အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တတ်ဘူး။ တချို့ကလည်း ရှောင်ခိုင်းတယ်။

အကြံပြုချက်
-ရေမကြာခဏချိုးပါ။
-လေ့ကျင့်ခန်း အနည်းဆုံး နာရီဝက် လုပ်ပါ။
-နေလောင်ကာ၊မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။
-အစိုဓာတ်ထိန်းဆေး အလွန်အကျွံမသုံးစွဲပါနဲ့။ 
-အဆီအဆိမ့်များတာ လျှော့စားပါ။
-biotinသောက်ဆေး သောက်ပေးနိုင်တယ်။(5-10mg/day)
-vitamin D လိုတာထက် ပိုမသောက်ပါနဲ့။
-CoQ10ပါတဲ့ဆေးမျိုးသောက်သုံးနိုင်တယ်။ 
-အထူးသဖြင့် မိမိဘာသာ အပ်နဲ့ဖောက်တာ၊တို့ထိကိုင်တွယ်တာမျိုး လုံးဝရှောင်ကြဉ်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၃၁.၃.၁၄

No comments:

Post a Comment