Tuesday, March 10, 2015

တိုင်းရင်း နနွင်း


hello doctor.အင်တာနက်မှာလူတစ်ယောက်တင်ထားတာကြည့်ပီး ဆနွင်းလက်ဖက်စားဇွန်းတစ်ဇွန်းသကြား လက်ဖက်စားဇွန်းတစ်ဇွန်းဆတူရောပီး အသားအရေလှပမယ်ဆိုလို့သောက်ခဲ့တာ၁လလောက်ရှိပါပီ ၁လသာပြည့်သွားတာအခုထိဘာမှမထူးပါဘူးးး ဆက်သောက်သင့်ပါသလား??? ဆနွင်းသောက်တဲ့အကျိုးတွေလည်းသိချင်ပါတယ်.ပြန်ဖြေပေးပါနော်



နနွင်းကို မြန်မာတိုင်ရင်းဆေးမှာ အသုံးပြုကြတယ်။ နနွင်းရဲ့အာနိသင်ကိုလည်း အမျိုးမျိုးရေးကြတယ်။ တိုင်းရင်းဆေးဆရာမဟုတ်ပေမယ့် သိသလောက် ရေးပါ့မယ်။ နနွင်းကို turmeric လို့ခေါ်တယ်။ ရှေးယခင်ကတည်းက ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးကြတယ်။ နနွင်းပါဝင်မှု ၀.၂၅ရာခိုင်နှုန်းရှိရုံနဲ့ အဆိုပါအစွမ်းသတ္တိကို ရစေတယ်။ အရှေ့တိုင်း၊အနောက်တိုင်းဆေးတွေမှာ လက်ခံထားတာက နနွင်းမှာပါတဲ့  curcuminက အရောင်ကျစေတယ်။နောက်ပြီး အဆိပ်အတောက် ဖယ်ပေးသေးသတဲ့။နနွင်းမှာသဘာဝ ပိုးသတ်တဲ့ အာနိသင်လည်း ရှိတယ်။ ရှေးခေတ်က မီးနေသည်တွေ၊ကလေးတွေကို နနွင်းသိပ်တာ မြင်ဖူးလိမ့်မယ်။ အခုခေတ်တော့ အဲဒီအယူအဆမှားကြီးက ပျောက်သွားပါပြီ။ ဒါတောင်တချို့နယ်တွေမှာ ကျန်နေသေးတယ်။ အစောကြေဆေးတွေထဲမှာ နနွင်းပါတတ်တယ်။ သွားကိုက်၊အဆစ်ကိုက်တဲ့အခါ နနွင်းလိမ်းရင် သက်သာတတ်တယ်။ ကိုလက်စတောနဲ့ သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေတယ်လို့ စာတမ်းတချို့က ဖော်ပြထားတယ်။ ဒါ့ကြောင့် နှလုံးရောဂါသညိတွေလည်း သောက်သုံးနိုင်တယ်။ ဒါ့ပြင် အသည်းရဲ့လုပ်ဆောင်ချက် ကိုကောင်းစေတယ်။ ဦးနှောက်ရောဂါ၊မှတ်ဥာဏ်ချို့ယွင်း ရောဂါတွေကိုကာကွယ်ပေးသတဲ့။ မိန်းကလေးတွေမှာ အသားအရေ ဝင်းဝါစိုပြေစေတယ်လို့ အရပ်ပြောပြောကြတယ်။ တခြား ကောင်းတယ်ဆိုတာတွေလည်း အများကြီးရှိသေးတယ်။ 

နနွင်းကို ရှေးဆရာကြီးတွေက အိမ်သုံးဆေးအဖြစ် သောက်ကြတယ်။ နနွင်း ရေရှည်သောက်တာ ကောင်းတယ်လို့ယူဆဖို့တော့ မလွယ်ကူပါဘူး။ အာနိသင်ကကောင်းပေမယ့် ကြာရှည်သုံးရင် အစာအိမ်နံရံက ပါးလာတယ်။ ဒါ့ကြောင့် ရေရှည်သုံးသင့်လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ တိုင်းရင်းဆေးကတော့ နနွင်းကို အပူဓာတ်လို့ သတိမှတ်တယ်။ တချို့က အပူကန်ရင် နနွင်းမသုံးရဘူးလို့ပြောတယ်။ သောက်ပါများရင် ဝမ်းလျှော၊ဗိုက်နာ ဖြစ်တယ်။ နနွင်းသောက်ရင်း ဝက်ခြံ၊ပါးစပ်အဖုအပိန့်တွေ ထွက်လာတဲ့ မိန်းကလေးတွေ ဆေးခန်းမှာ မြင်ဖူးတယ်။ နောက်ပြီး အစာအိမ်ကိုလည်း ထိခိုက်တတ်လို့ သတိပြုရတယ်။ ရေရှည်မှာ သေသေချာချာသက်သေပြနိုင်တာ မရှိလို့ လောလောဆယ်ဖြတ်ထားတာ ကောင်းမယ်ထင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၄.၁၁.၁၄

No comments:

Post a Comment