ကျွန်တော့်မှာ အစာအိမ်ရောဂါရှိပါတယ်။ တခါတရံ အစာမကြေဖြစ်တတ်ပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်ရင်တနေကုန်နေလို့ မကောင်းတော့ဘူး။အ စာအိမ်လမ်းကြောင်းအထူးကု နဲ့ပြတာ၂ယောက်ရှိပါပြီ။ အခုနောက်ဆုံးပြတဲ့ ဆရာဝန်က dynetic 50နဲ့ enzymplex သောက်ဖို့ညွန်ပါတယ်။ enzymplexက အစာကြေဆေးဆိုရင် dynetic 50ဆိုတာ ဘာဆေးပါလဲဆရာ၊ကျွန်တော့်ရောဂါက စိုးရိမ်ဖို့လိုပါသလားခင်ဗျာ။အကြောင်းပြန်ပေးပါဦးဆရာ..
အသုံးဝင်ပုံ
-အစားအသောက်ပျက်ခြင်း
-အစာအထက်ဆန်တက်ခြင်း
-အစာမကြေခြင်း
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-ရင်ပူခြင်း
-ပျို့ချင်၊အန်ချင်ဖြစ်ခြင်း
ဆေးညွှန်း
တခါသောက် တလုံး၊တနေ့ ၃ကြိမ်၊အစာမစားမှီ တစ်နာရီအလိုမှာ သောက်ပါ။ (သို့)ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ။
ဘေးထွက်ဆိုးကျိုး
-ခေါင်းမူး၊ခေါင်းကိုက်
-ဝမ်းလျှော၊ဗိုက်နာ
-တံထွေးများ
-အသည်းအင်ဇိုင်းတက်
-prolactinတက်၊နို့ရည်ထွက်
-ရင်သား(နို့အုံ)ကြီးလာ
သတိပြုစရာ
-Dyneticကို ဝမ်းလျှောတဲ့လူနာတွေမှာ မသုံးရဘူး။အူလမ်းလှုပ်ရှားမှုများသူတွေမှာ ရောဂါပိုဆိုးနိုင်တယ်။
-အူလမ်းကြောင်းပိတ်တဲ့၊ပေါက်တဲ့အခါမျိုးမှာ မသုံးစွဲသင့်ဘူး။
-အစာအိမ်နဲ့အူလမ်းကြောင်း သွေးကြောပေါက်သူတွေမှာ ရှောင်ကြည်သင့်တယ်။
-အသက် ၁၆နှစ်အောက်ဖြစ်ရင် သတိပြုပါ။ပါကင်ဆန်ရောဂါသည်တွေ မသုံးစွဲသင့်ဘူး။
တွဲမသောင်သင့်တဲ့ဆေး
-anticholinergic ဆေး
-laxative ဝမ်းပျော့ဆေး
-hepatic အသည်းဆေး
မေးသူအတွက်အဖြေ
-ရောဂါက သိပ်ဆိုးမယ်မထင်ပါ။
-အထူးကုနဲ့ပြထားတာဖြစ်လို့ စိတ်မပူပါနဲ့။
-ပေးထားတဲ့နှစ်မျိုးလုံးက အစာအိမ်အူလမ်းကြောင်း ရောဂါအတွက်ပါ။
-အစာအိမ်ရောဂါလို့ နာမည်တပ်ရမှာလည်း ခက်ပါတယ်။
-ဆေးသောက်လို့ သက်သာရင် ဆက်သောက်ပါ။
-ထူးခြားမှုမရှိရင် ဆရာဝန်နဲ့ပြန်ပြပါ။
-လူသားတွေဟာ နေ့စဉ်စားသောက်တဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကို သုံးရတာဖြစ်လို့ အရေးကြီးပါတယ်။
-ဂရုစိုက်ဖို့ သတိပေးချင်တာက အူလမ်းကြောင်းတွေ ကောင်းပါစေ။
ဒေါက်တာ အေးမင်းထူး
၁၈.၄.၁၄
No comments:
Post a Comment