Sunday, February 15, 2015

Slimmax 10(sibutramine 10mg)တားမြစ်ထားတဲ့ ပိန်ဆေး

-Slimmax ကို ပိန်ဆေး၊အစာစားချင်စိတ်ကို လျှော့နည်းစေတဲ့ဆေးအဖြစ် လူသိများတယ်။
-ပါတဲ့mg ပေါ်မူတည်ပြီး Slimmax 5နဲ့ 10 ဆိုပြီး လာတယ်။capsuleပုံစံဖြစ်ပါတယ်။
-အများဆုံးသုံးစွဲကြတာ Slimmax 10ပါ။
-ယခင်က ပိန်ဆေးထဲမှာ orlistat ပြီးရင် ဒုတိယအသုံးများဆုံးဖြစ်ပါတယ်။
-နောက်ပိုင်း ဘေးထွက်ဆိုးကျိုးတွေကြောင့် တားမြစ်ပြီးနောက်ပိုင်းမှာ သုံးစွဲမှုနည်းသွားတယ်။
-လက်ရှိချိန်ထိ သုံးစွဲသူအချို့တွက်ကတော့ သုံးလို့ကောင်းနေဆဲပါ။
-အနောက်နိုင်ငံတွေမှာ ဘေးထွက်ဆိုးကျိုးကြောင့် သုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။

Sibutramine ဆိုတာ
-အစာစားချင်စိတ်ကို ဟန့်တားပေးတယ်။ဗိုက်ပြည့်နေတယ်လို့ စိတ်ကခံစားရတယ်။
-ဝတဲ့သူအများစုဟာလည်း အစားအသောက်တွေ လွန်လွန်ကျွံကျွံစားကြလို့ ဖြစ်တာမဟုတ်လား။ဒီလိုလူတွေသောက်သုံးဖို့အတွက် အမေရိကား FDAက ၁၉၉၇ နိုဝင်ဘာလမှာ ပိန်ဆေးအဖြစ်စတင် အသိမှတ်ပြုပေးခဲ့တယ်။
-ဒီဆေးသဘောက ဦးနှောက်ထဲမှာ serotonin နဲ့ noradrenalin ဆိုတဲ့ဓာတ်နှစ်မျိုးကို များစေတာကြောင့် အစာစားချင်စိတ်ကို ဟန့်တားပေးရာရောက်တယ်။
-ပုံမှန်အားဖြင့် nerve cellက အပြင်ထွက်လာတဲ့ ဒီဓာတ်နှစ်မျိုးကို ပြန်လည်စုပ်ယူပြီး သိုလှောင်ပေးရတယ်။
-sibutramine က nerve cellအပြင်ထွက်လာတာတွေကို အထဲပြန်မရောက်အောင် တားမြစ်ပေးလိုက်တယ်။
-ဒီလိုနဲ့ ဦးနှောက်ထဲမှာ ပိုလျှံတဲ့ဓာတ်နှစ်မျိုးဟာ အစာစားချင်စိတ်ကို သွားရောက် ဟန့်တားပေးတယ်။
-စိတ်ထဲမှာ ဗိုက်ပြည့်နေတယ်လို့ဘဲ ခံစားရမယ်။

ယခင်ကUKမှာ တနှစ်ကို လူ ၈၆၀၀၀ လောက် သုံးစွဲခဲ့ကြတယ်။
တားမြစ်ပြီးနောက်ပိုင်းမှာကို slim supplementပိန်ဆေးအချို့မှာ ထည့်မှန်းမသိ ထည့်ခဲ့ကြတယ်။ herbalဆိုတာတွေထဲမှာ sibutramine ပမာဏကို ပုံမှန်ထက်ထည့်သွင်းရောင်းချကြတယ်။ဒါ့ကြောင့် herbalဆိုတိုင်း side effectမရှိတာ မဟုတ်ဘူး။ ဒီလိုကုမ္ပဏီပေါင်း၃၀ကျော်လောက်ကို ပိတ်ပင်ခဲ့ရတယ်။

BMI 30 အထက်ရှိသူတွေသာ သုံးစွဲသင့်တယ်။
ဆီးချိုမျိုးရိုး၊ကိုလက်စတောများသူတွေ BMI 27အထက်ကို သုံးစွဲခွင့်ပြုထားတယ်။
အစာမစားချင်ပဲ ဝိတ်တဖြည်းဖြည်းကျဆင်းလာတယ်။
ကျဆင်းလာတဲ့ ဝိတ်ကို ထိန်းသိမ်းပေးနိုင်တယ်။

ဆေးညွှန်း
-မနက်စာ စားပြီးတိုင်း 10mg တလုံးကို ရေများများနဲ့ သောက်ရမယ်။
-တရက် တကြိမ်သာ သောက်ပေးရတယ်။
-၁လလောက်နေလို့ မထူးခြားသေးရင် 15mg တိုးသောက်ပေးရတယ်။
-၁နှစ်ထက်ပိုသောက်ဖို့ မသင့်ဘူး။
-ဆေးသောက်သူဟာ သွေးပေါင်ချိန်၊နှလုံးခုန်နှုန်းစတာတွေကို ပုံမှန်စစ်ဆေးပေးရတယ်။
-ပထမသုံးလမှာ ၂ပတ်တကြိမ်၊နောက်သုံးလမှာ ၁လတကြိမ်၊နောက်ပိုင်းမှာ လိုအပ်သလိုဆက်စစ်သွားရတယ်။

ဘေးထွက်ဆိုးကျိုး
-အာခေါင်ခြောက်မယ်
-ပါးစပ်အရသာ တမျိုးနေမယ်
-ပျို့ချင်၊အန်ချင်တယ်
-အစာအိမ်နာတာ ရှိမယ်
-ဝမ်းချုပ်၊ဝမ်းသွားတာ ရှိနိုင်တယ်
-ညအိပ်မပျော်တာ၊မျက်လုံးကြောင်တာ ရှိနိုင်တယ်
-အဆစ်အမြစ်၊ကြွက်သားကိုက်မယ်
-သွေးပေါင်ချိန် တက်မယ်
-နှလုံးခုန်မြန်မယ်

ကိုယ်ဝန်ဆောင်မိခင်၊နို့တိုက်မိခင်မသုံးစွဲသင့်ဘူး။မမွေးသေးတဲ့ကလေးကို ဒုက္ခရောက်တတ်တယ်။

အတူတွဲမသာက်သင့်တဲ့ဆေးတွေ
-MAOIစိတ်ဆေး
-Ergot,amitriptyline စိတ်ကျဆေး
-opioid ဘိန်းပါတဲ့ဆေး
-ketoconazole,itraconazoleမှိုပိုးသတ်ဆေး
-erythromycin ,clarithromycin ပဋိဇီဝဆေး
-St. John 's wortဦးနှောက်အာရုံကြောဆေး
-decongestantအအေးမိ၊နှာပိတ်ပျောက်ဆေး
-cyclosporin ခုခံအားကျဆင်းစေတဲ့ဆေး

မသုံးစွဲသင့်သူတွေ
-အသက် ၁၈နှစ်အောက် လူငယ်တွေ၊
-အသက် ၆၅နှစ်အထက် လူကြီးတွေ၊
-အသည်း၊ကျောက်ကပ်မကောင်းသူတွေ၊
-နှလုံးသွေးကြောကျဉ်းသူတွေ၊
-သွေးတိုး၊လေဖြတ်ရောဂါအခံရှိသူ၊
-ရင်တုန်၊မောတတ်သူတွေ၊
-သိုင်းရွိုက်များတဲ့ ရောဂါသည်တွေ၊
-ဆီးကျိတ်ရောင်တဲ့သူ၊
-ရေတိမ်ရောဂါ၊
-Lactose မတဲ့သူတွေ၊
-အရက်ရေရှည်သောက်သုံးသူတွေ၊
-triptanဆေးတွေပေးပြီး ၁၄ရက်အတွင်း မသုံးစွဲရဘူး။

၂၀၁၀မှာ ပိန်ဆေးအဖြစ်မှ ပိတ်ပင်လိုက်ပြီ။
လူ ၁၀၀၀၀ကျော်ကို ၆နှစ်ကြာ လေ့လာကြည့်တဲ့အခါ ရုတ်တရက် နှလုံးအမောဖောက်တာ၊နှလုံးပုပ်တာ၊လေဖြတ်တာတွေ ဖြစ်ပွားစေနိုင်တာ တွေ့ရှိခဲ့ရတယ်။
-၂၀၁၀ ဇန်နဝါရီ ၂၁ရက်မှာ European medicine agencyက စတင်တားမြစ်ခဲ့တယ်။
-၂၀၁၀ သြဂုတ်လထဲမှာ FDAက အသက်၆၅အထက် မသုံးစွဲဖို့ ကြေငြာခဲ့တယ်။
-အမေရိကားမှာ ၂၀၁၀ အောက်တိုဘာ ၈ရက်နေ့မှာ ဈေးကွက်က ပြန်လည်ရုတ်သိမ်းခဲ့တယ်။

ဒေါက်တာ အေးမင်းထူး
၂၈.၂.၁၃

No comments:

Post a Comment