Saturday, March 14, 2015

Glycopeptides ဂလိုက်ကို ပက်တိုက်

ဒီအမျိုးအစားထဲမှာ vancomycin နဲ့ teicoplaninပါဝင်တယ်။
Vancomycin 
-Cloxacillinဆေး ယဉ်ပါးတဲ့ Staph. Aureus,Staph. Epidermis စတဲ့ G(+)ပိုးတွေ အဓိက သတ်နိုင်တယ်။
-ပြင်းထန်တဲ့ MRSAမှာ ဦးစားပေးအနေနဲ့ သုံးကြတယ်။
-Strep. ပိုးတွေနဲ့ enterococcusပိုးတွေမှာလည်း သုံးနိုင်တယ်။
-ပင်နယ်စလင်မတဲ့သူတွေမှာ နှလုံးအတွင်းပိုင်း ပိုးဝင်ရောင်ခြင်း (endocarditis)မှာလည်း aminoglycosideနဲ့ ပေါင်းသုံးနိုင်တယ်။
-အစာအိမ်၊အူလမ်းကြောင်း ပိုးဝင်တဲ့ clostridium difficile ပိုးမှာလည်း သုံးနိုင်တယ်။
-pseudomonas colitisမှာ metronidazole အစား သောက်ဆေးအနေနဲ့  ပေးနိုင်ပြန်တယ်။
-အူလမ်းကြောင်းက စုပ်ယူမှုနည်းလို့ အကြောဆေးကိုသာ အသုံးများကြတယ်။
-5% dextrose (သို့)N/S  100-250mlနဲ့ ရောပေးရတယ်။
-ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေမှာ မသုံးသင့်ဘူး။
-တနေ့ နှစ်ကြိမ်မှ လေးကြိမ်ထိ ပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုး
-ဓာတ်မတဲ့တာ
-နားပင်းတာ
-ကျောက်ကပ်ပျက်ဆီးတာ
-ဆေးမြန်မြန်သွင်းမိရင် red-man syndromeခေါ်တဲ့ အသားရဲတာ၊သွေးပေါင်ကျတာ ဖြစ်နိုင်လို့ သတိထားသွင်းရတယ်။ infusionပေးရင် အနည်းဆုံး ၁နာရီကြာအောင် ပေးရတယ်။

Teicoplanin 
-အသုံးဝင်ပုံက vancomycin နဲ့ အတူတူဘဲဖြစ်တယ်။
-တနေ့ တကြိမ်သာ ပေးရတယ်။
-အသားဆေး(သို့) အကြောထဲကို infusionသွင်းနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
၂.၇.၁၃

No comments:

Post a Comment