Monday, February 9, 2015

Sunlife ရေဆူဆေးပြား

Sunlife ရေဆူဆေးပြားတွေအကြောင်းသိချင်လိုပါ။ ဘယ်အမျိုးအစားကဘာအတွက်ကောင်းပါသလဲဆရာ ၊မေးတာတွေကိုအမြဲစိတ်ရှည်ရှည်နဲ.ပြန်ဖြေပေးတဲ.ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။


Sunlife Multivitamin(အစိမ်းရောင်)  
ဗီတာမင် (၁၀)မျိုးပါတယ်။ကိုယ်၊စိတ်ဖိစီးမှုအတွက် ဖြစ်တယ်။ ဆီးချိုသမား၊သွေးတိုးသမား တွေနဲ့ သင့်တော်တယ်။ စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။

Sunlife Multivitamin + Mineral(အနီရောင်)
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်။ စွမ်းအင်ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်တာ ဖြစ်တယ်။ ခရီးသွားတဲ့အခါ ကြိုသောက်ထားနိုင်တယ်။ ပင်ပန်းနွမ်းနယ်မှုက်ု ပြေပျောက်စေတယ်။

Sunlife Vitamin C 180mg
လူကြီး၊လူငယ်မရွေး သောက်နိုင်တယ်။ ခုခံအား၊စိတ်ပင်ပန်းမှု၊အရောင်ကျစေတဲ့ အာနိသင်ရှိတယ်။ သွားဖုံးသွေးယိုခြင်းမှာလည်း သုံးနိုင်တယ်။ ကလေးသူငယ် အအေးမိ၊တုပ်ကွေးဖြစ်တဲ့အခါ တိုက်ပေးနိုင်တယ်။
Sunlife Vitamin C 1000mg
ခုခံအား၊စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုအတွက်အဓိကထုတ်လုပ်ထားတာဖြစ်တယ်။ ဗီတာမင်စီကို ၁-ဂရမ်ထိ ထည့်သွင်းထားတာဖြစ်လို့ တရက်ကို တကြိမ်ဘဲ သောက်သင့်တယ်။ စိတ်အာရုံကို ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှု လျှော့ကျစေတယ်။

Sunlife-borne 
ဗီတာမင်နဲ့ ဟာဗယ်တွေ ပေါင်းစပ်ထားတယ်။ခုခံအားကို ကောင်းစေတာကြောင့် ကူးစက်ရောဂါတွေမှာ အသုံးပြုနိုင်တယ်။ အအေးမိ၊နှာစေးတဲ့အခါ သောက်သင့်တယ်။ ဗက်တီးရီးယား၊ဗိုင်းရပ်စ်၊မှိုပိုး စတာတွေကို ကြိုတင်ကာကွယ်ပေးတယ်။ ဖျားနာကိုက်ခဲခြင်း အတွက် ကောင်းတယ်။ 

Sunlife Zinc+C+E 
ခုခံအားတက်စေတယ်။ အင်တီအောက်စီးဒင့် အာနိသင်ရှိလို့ ဆဲလ်တွေအတွက် ကောင်းတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊စိတ်ဖိစီးမှုတို့အတွကိ သုံးနိုင်တယ်။ အားအင်ပြည့်ဝစေပြီး စိတ်ကြည်စေတယ်။

Sunlife Calcium 
ကယ်လ်စီယမ်ပါလို့ အရိုးနဲ့ သွားတွေ သန်မာစေတယ်။ ကြွက်သားအားကောင်းစေတယ်။ ကြွက်တတ်တာ၊ပင်ပန်းနွမ်းနယ်တာတွေ သက်သာလျှော့ပါးစေတယ်။ လူကြီး၊လူငယ်မရွေး သောက်နိုင်တယ်။ ဆေးတွေက ရေ ၂၀၀စီစီနဲ့ ရောပြီး ၅မိနစ်အကြာမှာ တိုက်ကျွေးရတယ်။

ဒေါက်တာ အေးမင်းထူး
၆.၁၀.၁၄

No comments:

Post a Comment