ပါဝင်သည့် ပစ္စည်းများ
Each 15 ml contains:
Carbohydrate 5 gms,
Protein Hydrolysate 1.5 gms.
Lysine Monohydrochloride 50 mg,
Elemental Iron (as dried ferrous sulphate) 10 mg,
Folic Acid 0.75 mg.
ဘာတွေကောင်းလဲ
Protectoneမှာပါဝင်တဲ့ ပရိုတင်းက နွားနို့ကနေရရှိတယ်။ "A"class proteinလို့ သတ်မှတ်တယ်။ 1.5ဂရမ်ပါဝင်တာကြောငိ သမားရိုးကျ အားဆေးတွေထက် ၅၀ရာခိုင်နှုန်းပိုတယ်။ အမိုင်နိုအက်ဆစ်ချည်း ၈၅ရာခိုင်နှုန်းပါဝင်တာ တွေ့ရတယ်။ချေဖျက်ဖို့ မလိုတာကြောင့် ခန္ဓာကိုယ်က အရန်သင့် စုပ်ယူသုံးစွဲနိုင်တယ်။
Lysineလို Essential amino acidတမျိုးကို ထည့်ထားတာကြောင့် ခန္ဓာကိုယ်ကြီးထွားဖို့ အဆင်ပြေတယ်။ အားအင်ပြည့်ဖြိုးဖို့ ကစီဓာတ်(carbohydrate)တမျိုးကိုပါ ထည့်သွင်းထားတယ်။ နာလံထလူနာတွေအတွက် အဆင်ပြေစေတယ်။ ခန္ဓာကိုယ်ကြီးထွားစအရွယ်တွေ လိုအပ်တဲ့သံဓာတ်ကိုပါ တခါတည်း ဖြည့်တင်းပေးတယ်။ သွေးအားနည်းခြင်းကို ကာကွယ်နိုင်ဖို့ folic acid(vit B9)ကို ထည့်ထားတာ တွေ့ရတယ်။
ဘယ်သူတွေသောက်သုံးသင့်လဲ
-ကြီးထွားဖွံ့ဖြိုးစအရွယ် ကလေးများ
-အားအင်ကုန်ခမ်းသူများ(အားကစားသမား)
-အသက်အရွယ်ကြီးရင့်သူများ
-ထိခိုက်ဒဏ်ရာရသူ
-သွေးအားနည်းသူ
-ခုခံအားနည်းသူ
-ခွဲစိတ်လူနာများ
-ကိုယ်ဝန်ဆောင်မိခင်များ
ဆေးညွှန်း
ထမင်းစားဇွန်းတစ်ဇွန်း(15ml)ကို တနေ့ နှစ်ကြိမ် သောက်ပေးနိုင်တယ်။ အစာအကြေ၊ရင်ပြည့်ရင်ကယ်၊ပျို့အန်ခြင်း ရှိတတ်သူများ အစာစားပြီးမှ သောက်သင့်တယ်။ ဆေးဗူးမှာ 10mlခွက်ပါဝင်တာကြောင့် ခွက်နဲ့သောက်တဲ့အခါ တစ်ခွက်ခွဲသောက် ပေးရမယ်။ သတိပြုရမှာက ဆေးမသောက်ခင် လှုပ်ပြီးမှ သောက်ပေးပါ။ ကလေးငယ်သေးရင် လျှော့တိုက်ပေးသင့်တယ်။ ဆေးအချိန်အဆကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုး
-ရင်ပြည့်ရင်ကယ်
-ဗိုက်နာ၊ဗိုက်အောင့်
-ပျို့အန်
-ဝမ်းချုပ်
-ဝမ်းသွား
-ဝမ်းမဲသွားခြင်း
ဆေးပမာဏလိုတာထက် ပိုသောက်မိရင်
ပြောစရာရှိတာက သံဓာတ်ပါဝင်တာပါ။ တခြားဓာတ်တွေက ပြဿနာသိပ်မပေးဘူး။ ဒါပေမယ့် ပါဝင်တဲ့ သံဓာတ်ပမာဏက 10mgသာဖြစ်လို့ နည်းပါးလှပါတယ်။ overdoseဖြစ်နိုင်ချေနည်းတယ်။ သို့သော် thlassaemiaလို လူနာမျိုးမှာ သံဓာတ်များနေတတ်တယ်။ ဒီလိုအခါမျိုးမှာ desferrioxamineလို သံဓာတ်ချေဖျက်တဲ့ဆေးမျိုးပေးနိုင်တယ်။ လိုအပ်ရင် ဝင်နေတဲ့ဆေးကို ပြန်အန်အောင်လုပ်နိုင်တယ်။ 5% sodium bicarbonateသုံးပြီး အစာအိမ်ကို ဆေးနိုင်တယ်။
အားဆေးဆိုတာ မြန်မာနိုင်ငံမှာ ပုံစံအမျိုးမျိုး တံဆိပ်အမျိုးမျိုးနဲ့ ရှိကြတယ်။ ဘယ်ဆေးက ပိုကောင်းလဲဆိုတာထက် ဘယ်ဆေးနဲ့ သင့်တော်လဲက ပိုအရေးကြီးပါတယ်။ အားဆေးရွေးချယ်ရာမှာ မိဘတွေတင်မက ဆရာဝန်တွေမှာလဲ ခေါင်းခဲရတယ်။ ဆေးရွေးတဲ့အခါ လိုအပ်တာဘာလဲ သိဖို့လိုပါတယ်။ တယောက်နဲ့တယောက် ရွေးချယ်ပုံမတူကြဘူး။တချို့က အစာမစားတာကြောင့် အစာစားဖို့ အလိုရှိတယ်။ protectoneမှာ ဗီတာမင်ဘီ မပါဝင်တာကြောင့် အစာစားဖို့ထက် ဖြည့်စွက်အားဖြည့်ချင်သူတွေအတွက် ပိုသင့်တော်တယ်။ အစားအတွက် ဖြည့်စွက်သဘောဖြစ်ပါမယ်။ အားဆေးအမျိုးမျိုးမှာ အားသာချက်၊အားနည်းချက် ကိုယ်စီရှိကြတာကြောင့် သေချာသိချင်တဲ့အခါ ဆရာဝန်နဲ့ သေချာမေးပြီးတိုင်ပင်ပါ။အသိဆရာဝန်မရှိရင် onlineအမေးအဖြေလုပ်တဲ့ ဆရာဝန်တွေကို မေးပါ။ အမေးအဖြေလုပ်တဲ့ဆရာဝန်ဆိုတာ နားပူသာမက၊မျက်စိပူတာပါ ခံနိုင်ရတယ်။ လိုအပ်ရင် လူနာတွေကို အားပေးရတယ်။ တခါတရံ လူနာတွေက ပြောတယ်။ ဆရာ့စကားကြားရတာ အားရှိလိုက်တာတဲ့။ ကျွန်တော်က ပြန်ပြောပါတယ်။ "ဟုတ်ကဲ့ လောလောဆယ် အားဆေးသောက်ဖို့ မလိုတော့ဘူးပေါ့"။ ဆရာ့စကားနဲ့ ခွန်အားများ ပြည့်ကြပါစေ။
ဒေါက်တာ အေးမင်းထူး
၁.၁၁.၁၃
No comments:
Post a Comment