Thursday, March 12, 2015

Chloramphenicol ကလိုရမ် ဖီနီကော ပိုးသတ်ဆေး

သုံးနိုင်တဲ့ရောဂါတွေက broad-spectrumဖြစ်လို့ များတယ်။ 
-ပိုကောင်းတဲ့အချက်က CSF penetrationဖြစ်လို့ ဦးနှောက်အတားအဆီးကို ဖြတ်နိုင်လို့ CNS diseaseရောဂါတွေမှာ သုံးစွဲနိုင်တယ်။ 
-ဦးနှောက်ပြည်တည်နာ၊ဦးနှောက်အမြှေးရောင်၊တိုက်ဖွိုက်ရောဂါတွေမှာ သုံးနိုင်တယ်။
-strep. Pneumonia,N. meningitis,H.influenza,salmonella,rickettsia စတဲ့ပိုးတွေကို သတ်နိုင်တယ်။
-anaerobes(bacteroides fragilis)လေမလိုတဲ့ ရောဂါပိုးတွေမှာလည်း သုံးနိုင်ပြန်တယ်။
-rickettsia ရောဂါမှာ ၈နှစ်အောက် ဖြစ်ရင် tetracycline အစား ပြောင်းပေးနိုင်တယ်။
-ဆေးပေးတဲ့အခါ တနေ့ လေးကြိမ် ပေးရတယ်။
-မကောင်းတဲ့အချက်က ဘေးထွက်ဆိုးကျိုးဖြစ်တယ်။ ရိုးတွင်းခြင်ဆီ ပြန်မကောင်းဘဲပျက်ဆီးတာ(irreversible bone marrow aplasia)ဖြစ်နိုင်တယ်။ လူ ၂၀၀၀၀ မှာ ၁ ယောက် ဖြစ်နိုင်တယ်။ 
-နောက်တချက်က ကလေးငယ်တွေမှာ သွေးလှည့်ပတ်မှုပျက်ဆီးတာကြောင့် grey-baby syndrome ခေါ်တဲ့ ဖြူဖတ်ဖြူရော် ဖြစ်တာ တွေ့ရနိုင်တယ်။ အဖြစ်တော့နည်းတယ်။

ဒေါက်တာအေးမင်းထူး
၁.၇.၁၃

No comments:

Post a Comment