Monday, February 9, 2015

ဆီးဖြူသီး


ဆရာရှင့် ကျွန်မ အဖေက အသက် 60 ကျော်ပါပြီ
ခုတလော ဇီးဖြူသီး အရမ်းစားနေပါတယ်.. ဇီးဖြူသီး အများကြီးစားရင်
ဘာတွေဖြစ်တတ်ပါသလဲဆရာ ဇီးဖြူသီးအကြောင်းမျှဝေပေးစေလိုပါတယ်ရှင့်
လေးစားစွာဖြင့်
:)


ဆီးဖြုသီးစားတာ ကောင်းပါတယ်။ အိန္ဒိယအာယုဗေဒဆေးမှာ အဓိက သုံးကြတယ်။ ဆီးဖြုသီးကို Indian Gooseberryလို့လည်း သိကြတယ်။ သိပ္ပံနာမည်က emblica ဖြစ်တယ်။ 

ကောင်းကျိုးတွေကများပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝတယ်။ နာမည်ကျော် အင်တီအောက်စီးဒင့်ဖြစ်တဲ့ ဗီတာမင်စီများတယ်။ ဓာတ်ခွဲကြည့်တော့ လိမ္မော်သီးထက် ဗီတာမင်စီကြွယ်ါ်မှုက (၃၀)ရာခိုင်နှုန်းပိုပါသတဲ့။ တခြားအာနိသင်လည်း ရှိသေးတယ်။ အာနိသင်က အရောင်ကျစေတယ်။ အဖျားကျစေတယ်။မျက်စိအမြင်အာရုံကောင်းစေတယ်။ဆံနွယ်ပါးခြင်း၊ကျွတ်ခြင်း၊ဆံပင်ဖြူခြင်းကို ကာကွယ်ပေးတယ်။စားဝင်အိပ်ပျော် ဖြစ်စေတယ်။  အဆီကျစေတယ်။ ဒါ့ကြောင့် နှလုံးရောဂါ၊ကင်ဆာ၊အဆစ်ရောင်ရောဂါ နဲ့ ဆီးချိုအတွက်ကောင်းတယ်။ နောက်တချက်က မျိုးအောင်စေတယ်။ ခုခံအားတက်စေတယ်။နေလောင်တဲ့အခါ ကြိတ်ပြီးသောက်ရင်း အသားလောင်ခြင်းက်ု သက်သာစေသတဲ့။ ကယ်လ်စီယမ်စုပ်ယူမှုကိုလည်း အားပေးဦးမယ်။ အရိုးတွေသန်မာစေတယ်။ သွေးအားတိုးစေတယ်။ ပဉ္စငါးပါး သုံးနိုင်သတဲ့။ ခေါင်မူးရင် ဆီးဖြူရွက်ရှုရင် သက်သာတယ်။ အပင်ခေါက်က သွေးအားကောင်းစေတယ်။အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်တယ်။ ပြုတ်ပြီးသောက်ရင် ဝမ်းပျက်တဲ့ရောဂါတွေမှာလည်း သုံးနိုင်တယ်။ အရောင်ကျတာ၊ပိုးဝင်တာကို ကာကွယ်ပေးတယ်။ ဒဏ်ရာရတဲ့အခါ သွေးထွက်လွန်တဲ့အခါ ကြိတ်ပြီး သိပ်ရင် သွေးတိတ်စေတယ်။ တခြားကောင်းတာတွေလည်း ရှိသေးတယ်။ ကောင်းတဲ့အာနိသင်များလို့ သောက်နိုင်၊စားနိုင်တယ်။ ဘုရားဆေးက နွားနက်ကျင်ငယ်ရေထဲကို ဆီးဖြူသီးစိမ်သောက်ရင် (၉၆)ပါး ပျောက်ကင်းစေတယ်လို့ ဆိုထားတယ် မလား။

ဒေါက်တာ အေးမင်းထူး
၁၁.၁၂.၁၄

No comments:

Post a Comment