Sunday, February 15, 2015

လေထခြင်းအတွက်ဆေး


အစာအိမ်‌နာ ‌လေထခြင်းအတွက်‌ ဘယ်‌‌ဆေး‌ကောင်းပါသလဲ။ အလုပ်‌က အလှပြင်‌ဆိုင်‌ဖွင့်‌ထားတာဆို‌တော့ ထမင်းစားချိန်‌ ပုံမှန်‌ထားလို့မရပါဘူး၊ အဆာလွန်‌ပီး ‌လေထတာမျိုး မကြာခဏဖြစ်‌တက်‌တာ ‌‌ဆောင်‌ထားလို့ရတဲ့ ‌ဆေးမျိုးရှိရင်‌ လမ်းညွန်‌‌ပေးပါရှင်‌
‌ကျေးဇူးတင်‌ပါတယ်‌


အစာအိမ်နာဖြစ်ခြင်းအတွက် antacid ခေါ်တဲ့ ဆေးမျိုးသောက်ပေးရပါတယ်။ ဈေးကွက်မှာ Kremil-Sပန်းရောင်၊ entacyd-plus၊ siloxogene စတဲ့နာမည်တွေနဲ့ ရနိုင်ပါတယ်။ လေထခြင်းအတွက် simethiconeလို လေနိုင်ဆေးမျိုး သောက်နိုင်တယ်။ အထက်မှာ ပြောခဲ့တဲ့ ဆေးတွေမှာတော့ simethicone 30mg လောက်သာပါဝင်ပါတယ်။တကယ့်လေနိုင်ဆေးဆိုတာ အနည်းဆုံး simethicone 80mg ပါဝင်ရတယ်။ဈေးကွက်မှာ  air-X ၊Airrox ၊Aerosanစတဲ့ နာမည်တွေနဲ့ ရရှိနိုင်တယ်။ ဒီဆေးတွေကတော့ လေထတာသီးသန့်အတွက်ပဲ ကောင်းပါမယ်။ ဒါ့ကြောင့် အစာအိမ်နာတာ၊ရင်ပူတာဖြစ်ရင် antacidတမျိုးမျိုးသောက်ပါ။ လေထတာချည်းဖြစ်ရင် simethicone သီးသန့်ပါတာမျိုးနဲ့လည်း အဆင်ပြေပါတယ်။

ဒေါက်တာ အေးမင်းထူး
၈.၁၀.၁၃

No comments:

Post a Comment