Sunday, February 15, 2015

Omez insta ရင်ပူတာတွေ ချက်ချင်းသက်သာ အိုမက်ဇ်-အင်စတာ

မြန်မာနိုင်ငံဈေးကွက်ထဲ အသစ်ဝင်လာတဲ့ အစာအိမ်နာပျောက် ဆေးထုပ်တစ်မျိုး ဖြစ်တယ်။  Dr. reddy'sဆေးကုမ္ပဏီက ထုတ်လုပ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို Biosysက ဖြန့်ဖြူးရောင်းချပေးတယ်။ Dr. Reddy'sဆိုတာ ၁၉၈၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အိန္ဒိယဆေးကုမ္ပဏီတခု ဖြစ်ပါတယ်။ ဆေးသစ်ဆိုပေမယ့် တခြားနိုင်ငံတွေမှာတော့ ၂၀၀၈ခုနှစ် မေလ ကတည်းက စတင်ရောင်းချခဲ့တယ်။ မြန်မာနိုင်ငံကို ၅နှစ်လောက် နောက်ကျပြီးမှ ဝင်ရောက်လာတဲ့သဘော ဖြစ်ပါတယ်။ အမှန်က omez ရိုးရိုးကို actionမြန်အောင် sodium bicarbonateထည့်ပေးထားတယ်။ omez ဆိုတာ Dr. Reddy's ရဲ့ ပေါက်ပြီးသား ဆေးတခုဖြစ်သလို နိုင်ငံ ၁၄နိုင်ငံမှာ အရောင်းရဆုံး အစာအိမ်ဆေးတမျိုး ဖြစ်ပါတယ်။ 

Omez Instaဆိုတာ
Instaဆိုတာ instantရဲ့ အတိုကောက် စကားလုံး ဖြစ်ပါတယ်။ ရုတ်တရက်ချက်ချင်း(သို့)အရန်သင့်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ ဆေးဝါးနောက်ဆက်တွေမှာ အတိုကောက်တွေနဲ့ ရေးထားတာကို သိထားသင့်တယ်။ ရှေ့မှာပါတဲ့ omezဆိုတာတော့ အရင်ကတည်းက ဈေးကွက်မှာပေါက်ပြီးသား ဆေးနာမည်တခု ဖြစ်ပါတယ်။ omezရိုးရိုးက capsuleဆေးတောင့်ပုံစံဖြစ်ပြီး omeprazole 20mg ပါဝင်တယ်။ အခုအသစ်ဝင်လာတဲ့ omez instaဆိုတာလဲ omeprazole 20mgနဲ့ sodium bicarbonate 1680mg ပါဝင်ပါတယ်။ ဆေးထုပ်ပုံစံ ဖြစ်ပြီး အမှုန့်တွေပါဝင်တာကြောင့် ရေနဲ့ဖျော်ဖို့ လိုအပ်သေးတယ်။ ပူလွန်း၊အေးလွန်းတဲ့အရည်တွေရှောင်ပြီး သာမန်ရေနဲ့ ဖျော်တိုက်သင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ heat labileဘယ်လောက်ရှိလဲ မသေချာလို့ပဲ။အဖြူရောင် အမှုန့်ပုံစံဖြစ်ပြီး တစ်ထုပ်မှာ 6g(၆ဂရမ်) ပါဝင်တယ်။ ဈေးအားဖြင့် ဆေးတစ်ထုပ်ကို ခန့်မှန်းချေ ၂၅၀လောက်ပေးရတယ်။ ဈေးကွက်ထဲ ဝင်လာတာ ၁ပတ်-၂ပတ်သာ ရှိသေးတယ်။ 

သိထားသင့်တဲ့ အစာအိမ်ရဲ့ အက်ဆစ်ပမာဏ
အစာအိမ်က ထွက်တဲ့အက်ဆစ်ကို hydrochloric acidလို့ ခေါ်ပါတယ်။ အစာအိမ်နံရံ အလွှာငါးလွှာ ရှိတဲ့အနက် အတွင်းဆုံးmucosaအလွှာက အက်ဆစ်နဲ့ pepsin ကို ထုတ်ပေးတယ်။ အစာအိမ်မှာရှိတဲ့ အက်ဆစ်ထုထည်ပမာဏက 20-100ml လောက် ရှိပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်အက်ဆစ်က pH 1.5-3.5ကြား ရှိရတယ်။ ငယ်စဉ်ကသိခဲ့သလို pH 7အောက်ဖြစ်ရင် အက်ဆစ်လွန်ကဲသလို 7အထက်ဖြစ်ရင် အယ်လ်ကာလီဓာတ်များတယ်လို့ သိရှိနိုင်တယ်။ 

Omez instaက အက်ဆစ်ဓာတ်ကို ဘယ်လိုလျှော့နည်းစေလဲ
-omez instaမှာပါဝင်တဲ့ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်က pHပမာဏကို တစ်မိနစ်အတွင်း ၆အထက်ထိ မြှင့်တက်စေလို့ အက်ဆစ်ဓာတ်ကို လျှော့နည်းစေတာကြောင့် အစာအိမ်နာလက္ခဏာတွေကို သက်သာစေတယ်။
-ဒါ့အပြင် အက်ဆစ်ဓာတ်ကြောင့် omeprazole အာနိသင်လျှော့နည်းမှုကို ကာကွယ်ပေးသလို စုပ်ယူမှုကို မြန်ဆန်စေတယ်။
-ဆေးထဲမှာအဓိကပါဝင်တဲ့ omeprazole ကြောင့် parietal cellက ထုတ်နေတဲ့ အက်ဆစ်ဓာတ်တွေမြှင့်တက်မလာအောင် ကာကွယ်ပေးနေတယ်။ တနည်းအားဖြင့် ၁၅နာရီလောက်ထိ pH 4အထက်ရောက်နေအောင် ထိန်းပေးထားမှာဖြစ်တယ်။

ဘယ်လိုရောဂါတွေမှာ သောက်သုံးနိုင်လဲ
-အစာအိမ်ရောင်ရမ်းခြင်း(gastritis)
-အစာအိမ်၊လေနာ ဖြစ်ခြင်း(peptic ulcer)
-အစာအိမ်သွေးကြောပေါက်ခြင်း(upper GI bleeding)
-အစာမြိုပြွန်ရောင်ခြင်း(erosive gastritis)
-အစာလေဆန်ခြင်း(GERD)
-ရင်ပူခြင်း(heart burn)

ဆေးဘယ်လိုသောက်ရမလဲ
ကုမ္ပဏီရဲ့ အဆိုကတော့ ဘယ်အချိန်မဆို သောက်ပေးနိုင်တယ်။ အကောင်းဆုံးကို အကြံပေးရရင် အစာမစားခင် နာရီဝက်(သို့)အစာစားပြီး ၂နာရီမှာ သောက်ပေးသင့်တယ်။ဘာ့ကြောင့်လဲဆိုတော့အစာချေဖျက်ပေးတဲ့ pepsinအတွက် အက်ဆစ်ဓာတ် များဖို့ လိုအပ်လို့ပါ။ အစာအိမ်ဆေးဖြစ်တာကြောင့် ၁-၂လထိ စွဲသောက်ပေးသင့်တယ်။ အကယ်၍ ရင်ပူတာ၊အစာအိမ်ရောဂါ ပြန်ထလာတဲ့အခါမျိုးမှာ အစာနဲ့ နီးနီးဝေးဝေး သောက်ပေးနိုင်တယ်။ အစာအိမ်သွေးကြောပေါက်တဲ့အခါ ဖြစ်ဖြစ်ချင်း ၂ထုပ်၊ နောက်ခြောက်နာရီအကြာမှာ နောက်၂ထုပ် ဆက်သောက်ပါ။ နောက်ပိုင်းရက်တွေမှာ မနက်၁ထုပ်၊ညနေ ၁ထုပ် စုစုပေါင်း ၁၄ရက် သောက်ပေးရတယ်။ လက္ခဏာသက်သာပြီးရင် Omezရိုးရိုး သောက်ဆေးသောက်ပေးနိုင်တယ်။ 

ဘာတွေကောင်းလဲ
-အရသာသောက်ကြည့်တဲ့အခါ မဆိုးတာ တွေ့ရတယ်။
-Mint flavour ပူရှိန်းဆိုပေမယ့် သိပ်မသိသာလှဘူး။
-ဖော်မြူလာအရ အမေရိကား FDAအသိမှတ်ပြု  IR –Ome (Immediate Release Omeprazole)နည်းကို အခြေခံပြီး ပိုကောင်းအောင် ထုတ်ထားခြင်းသာ ဖြစ်တယ်။
-ဒီနည်းအရ အက်ဆစ်levelဟာ နာရီဝက်အတွင်း ၇၈ရာခိုင်နှုန်းထိ ကျဆင်းတာ တွေ့ရတယ်။
-ပိုအားသာသွားတဲ့တချက်က ကြားခံအနေနဲ့ actionမြန်တဲ့ bicarbကိုထည့်သွင်းထားတာကြောင့် အက်ဆစ်levelက တစ်မိနစ်အတွင်း pH ပမာဏ6အထက်ရောက်ရှိသွားမယ်လို့ ဆိုထားတယ်။
-ဒါ့ကြောင့် သုံးသပ်ရရင် အက်ဆစ်levelချက်ချင်းကျစေတဲ့ bicarbနဲ့ ကြာရှည်ကျဆင်းစေတဲ့ omeprazole ကို ပေါင်းစပ်ထားခြင်းသာဖြစ်တယ်။
-လက်ရှိဈေးကွက်ထဲမှာ ရောက်ရှိနေပြီဖြစ်လို့ လိုအပ်တဲ့အခါ ဥပမာ အစာအိမ်နာ၊ရင်ပူတာမျိုး ဖြစ်တဲ့အခါ ဝယ်ယူသောက်သုံးနိုင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၉.၈.၁၃

No comments:

Post a Comment