Friday, March 20, 2015

လိင်ဆက်ဆံပြီး သွေးဆင်းခြင်း


ဆရာရှင့် ကျွန်မ တစ်ခု လောက် မေးခွင့်ပြုပါ
ကျွန်မ ယောင်္ကျားနဲ့ လိင်ဆက်ဆံပြီး နောက် ကျွန်မ သွေးနဲနဲ ဆင်းနေတယ် တခါဆင်းရင် 2 ရက်လောက် ဆင်းတယ် ဆရာ အရင်ဆေးကဒ်နာမည်က OK ပါ ကိုယ်ဝန်တားဆေးပြောင်းသောက်တာ  1 လ ခွဲ လောက်ရှိပြီ (ပြောင်းသောက်ရတဲ့ အကြောင်းအရင်း ကလဲ OKဆးကဒ်ကသောက်ရင် ခေါင်းမူးမူးနေလို့ ပါ) ဆရာ  အဲဒီ ဆေးကဒ် ပြောင်း သောက်ထဲ က ဖြစ်နေတာ သွေးနဲနဲဆင်းတယ် လိင်ဆက်ဆံ ပြီးတိုင်း ဖြစ်တာတော့ မဟုတ်ဘူး တခါတခါ မှ သွေးဆင်းတာ   ကျွန်မ တို့ က 1 ရက်ခြား 1 ခါတော့ ဆက်ဆံတယ်  တလ ကို 3 ခေါက်လောက်တော့ သွေးဆင်းတယ် ဆရာ အဲဒါ ဘယ်လိုကြောင့် ဖြစ်နေတာ လဲ ဆိုတာ ကို သိချင်လို့ပါဆရာ ရောဂါ ပုံစံ လိုဖြစ်နေမှာ စိုးရိမ်လို့ပါဆရာ

                                                                                .... (ခေတ္တမလေးရှား)



အမျိုးသားနဲ့ အတူတူနေပြီးပြီးချင်း(လိင်ဆက်ဆံပြီး) သွေးဆင်းတာကို post coital bleedingလို့ ခေါ်ပါတယ်။ ဆက်ဆံပြီးတိုင်း သွေးဆင်းတာမဟုတ်လို့ post coital bleedingမဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာက တားဆေးကြောင့်ပါ။ ဒါပေမယ့် မေးထာတဲ့ထဲမှာ တားဆေးကဒ်နာမည် မပါတာက ပြဿနာတခုပါ။ တားဆေးဆိုတာ (၂)မျိုးရှိတယ်။ 
၁။oestrogen +progestogen နှစ်မျိုးပါတာ(combined oral contraceptive pill)
၂။progestogenတမျိုးထဲပါတာ(progestogen only pill)
ပထမအမျိုးအစားက OK pills,microgynon ,marvelon စတဲ့နာမည်တွေနဲ့ ဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့သာမက တချို့လူနာတွေမှာ ရာသီမှန်ဖို့၊ဝက်ခြံပျောက်ဖို့ လည်း အသုံးပြုနိုင်တယ်။ ဘေးထွက်ဆိုးကျိုး ရာသီမမှန်တာလည်း ဖြစ်နိုင်တယ်။ 

အကြံပြုချက်
၁။ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ အခြေအနေကို စောင့်ကြည့်နိုင်ပါတယ်။ post-coital လိင်ဆက်ဆံပြီးချင်းဖြစ်တာလား တချက်ပြန်စစ်ပါ။
၂။တားဆေးကဒ်ပြောင်းသောက်တဲ့အခါ ရာသီမမှန်တာ ဖြစ်နိုင်တယ်။ ရာသီသွေးတစက်စက်ပေါ်တတ်တယ်။ 
၃။သေချာချင်ရင် (၂)ပတ်လောက် အတူနေတာရှောင်ကြည့်ပါ။ အကယ်၍ သွေးနဲနဲ ဆင်းတုန်းဘဲဆိုရင် တားဆေးကြောင့် ဖြစ်ဖို့များတယ်။ 
၎။ဒီလို ဖြစ်တာ ၆-လ ကျော်ရင် ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂.၃.၁၄

No comments:

Post a Comment