Friday, March 20, 2015

အပူဖုပျောက်တဲ့ဆေးနည်း

ဆရာ
သမီးနောက်ကျောမှာအပူဖုတွေထွက်နေတယ်ဆရာ ကြာတော့ကြာပီ
အဲအပူဖုကနေရောင်ပီးတော့ပြည်ဖြစ်သွားတယ်ဆရာ
နောက်တော့ခြောက်ပီးကောင်းသွားတယ် အမဲစက်တွေကျန်ခဲတယ်ဆရာ
ထွက်လာရင်လည်းအစု လိုက်ထွက်တယ် တစ်ခါတစ်လေမှယားတယ်ဆရာ ဘာဆေးသောက်သင့်လဲဆရာ
သမီးကမလေးရှားကပါ



ကျွန်တော် မကြာခဏပြောသလိုဘဲ အရေပြားရောဂါတွေဟာ အမျိုးမျိုးရှိပါတယ်။ အပူဖုဆိုတာ မြန်မာဆေးအယူအဆက အခေါ်အဝေါ်သာဖြစ်ပါတယ်။ အနောက်တိုင်းအယူအဆမှာ ဗက်တီးရီးယား၊ဗိုင်းရပ်စ်၊မှိုပိုးတွေကြောင့် ရောဂါဖြစ်ရတယ်။ အလားတူပါပဲ။ အရေပြားရောဂါတွေဟာ ဆင်တူရိုးမား ဖြစ်လို့ သတိပြုရတယ်။ မမြင်ရ၊မစမ်းသပ်ရဘဲနဲ့ ပြောနေရတာ ရမ်းကုဆရာလုပ်ရသလို ဖြစ်နေပါတယ်။ ကောင်းတာက ဓာတ်ပုံရိုက်ပို့သင့်တယ်။ မိန်းကလေးဖြစ်လို့ အဆင်မပြေဘူးယူဆတဲ့အတွက် ဖြစ်နိုင်ချေကိုသာ မှန်းပြောကြည့်ပါမယ်။ နိုင်ငံရပ်ခြားကဖြစ်လို့ ဝယ်ရလွယ်ကူအောင် ပါဝင်တဲ့ ဆေးနာမည်သာ ပြောပါမယ်။
၁။ယားယံတဲ့နေရာကို calamine ပါဝင်တဲ့lotion တခုခုလိမ်းကြည့်ပါ။ မိတ်ထွက်တာမျိုး ဖြစ်ရင် သက်သာစေမယ်။ 
၂။အပူခံတာ၊ချွေးပြန်တာမျိုးက ပိုဆိုးစေလို့ အဝတ်အစား အေးတာမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ 
၃။ယားတာ၊နာတာရှိရင် ရေအေးဝတ် ကပ်ပေးနိုင်တယ်။ 
၎။ဖြစ်တဲ့နေရာကို ထိတာ၊ဆိတ်တာ မလုပ်သင့်ဘူး။
၅။ပြည်ဖုထွက်လာရင် လုပ်နိုင်တာက ပိုးသတ်ဆေးတမျိုးမျိုး သောက်နိုင်တယ်။ flumox(flucloxacillin+amoxycillin) သို့ Ampiclox ရနိုင်တာဝယ်သောက်ပါ။ တနေ့ ၃ကြိမ် အနည်းဆုံး တပတ်လောက်သောက်သင့်တယ်။
၆။ ရေများများ သောက်ပေးပါ။ ဝမ်းချုပ်မခံနဲ့။ ဗီတာမင်အားဆေး သောက်ကြည့်ပါ။
၇။အလွယ်ကူဆုံးနည်းက အရက်ပြန်လိမ်းပေးတာ ဖြစ်ပါတယ်။ အရေပြားအတွက် မကောင်းပေမယ့် ယာယီအားဖြင့် သက်သာစေတယ်။ betadine(သို့)septidine ဆေးဝါရည် လိမ်းပေးနိုင်တယ်။
၈။မလေးရှားလို ပူတဲ့တိုင်းပြည်တွေမှာ နေရတဲ့အခါ ရောဂါအတွက်သာမက ဒေါသမီးတောက်လောင်သူတွေ ပေါများတာမို့ သတိထားနေထိုင်သင့်တယ်။

ဒေါက်တာအေးမင်းထူး
၉.၂.၁၄



ပာုတ်.ကျေးဇူးတင်ပါတယ်ဆရာ ။ ယားတော့မယားဘူးဆရာ။အဲဒီcalamine lotion
လိမ်းပီးပီဆရာ။မသက်သာလိုထပ်မလိမ်းတော့တာဆရာ။သမီးဓာတ်ပုံရိုက်ပီးပို
့ပေးပါမယ်ဆရာ။ရိုင်းသွားရင်ခွင့်လွတ်ပါ။အမဲစက်တွေကျန်ခဲလိုစိတ်ညစ်ရတယ်ဆရာ။

No comments:

Post a Comment