Saturday, March 28, 2015

သွေးနီဥဖြစ်ပေါ်စေတဲ့ဆေး

သွေးနီဥဖြစ်စေတဲ့ဆေးတွေရှိပါသလား၊ဘယ်နှစ်မျိုးလောက် ရှိပါသလဲ၊ဒီကဆရာက သွေးနီဥထုတ်လုပ်တာ နည်းတာသွေးအားကောင်းဆေးသောက်ဖို့လိုတယ် ပြောလို့ပါ

သွေးနီဥ ဖြစ်ပေါ်ခြင်းကို အားပေးတဲ့ erythropoietin stimulating agents (ESAs)လေးမျိုး ရှိမယ်။
-epoetin alfa (Eprex®, Johnson & Johnson), 
-epoetin beta (Recormon®, Roche), 
-darbepoetin (Aranesp®, Kyowa Hakko Kirin) 
-methoxy polyethylene glycol-epoetin beta (Mircera®, Roche)

ဒီဆေးတွေထဲမှာ အပေါ်ဆေးသုံးမျိုးက ကျောက်ကပ်အလုပ်မလုပ်တဲ့(renal failure)အခါဖြစ်တဲ့ သွေးအားနည်းရောဂါနဲ့ ကင်ဆာဆေးကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကို ကုသဖို့ သုံးတယ်။ Mirceraကို ကျတော့ နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါကို ကုသဖို့ အသုံးပြုတယ်။

ဆေးသုံးတဲ့အခါ Hb levelကို 11mg/dl ထိရောက်ရုံသာ targetထားပေးတယ်။ 12mg/dlထက် ပိုအောင် မပေးသင့်ဘူး။ အကယ်၍ ဒီlevelထက် များရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ဥပမာ-DVT,CHFစတာမျိုး ဖြစ်လာနိုင်တယ်။ ခွဲစိတ်ပြီးနောက် သွေးကြောပိတ်တာဖြစ်နိုင်လို့ prophylactic anticoagulationပါ ထည့်ပေးသင့်တယ်။ အထူးသဖြင့် epoetin alfa တွေ သုံးစွဲတဲ့အခါ ပိုသတိထားသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၆.၃.၁၅

No comments:

Post a Comment