Friday, March 20, 2015

ကလေးဝအောင်တိုက်တဲ့အားဆေး


က‌လေးဝ‌အောင်‌ ဘာအား‌ဆေး များတိုက်‌ရမလဲ
မြန်‌မာမုန့်‌များရဲ့ အာဟာရတန်‌ဖိုးကို ‌ပြောပြ‌ပေးပါ
‌ကျေးဇူးတင်‌ပါတယ်‌ ဆရာ


အဖြေနောက်ကျ ခွင့်လွှတ်ပါ။ ကလေးဝအောင် ကစီ၊အဆီ၊ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အစာစားပြီး ဝမလာတဲ့ ကလေးအတွက် ပရိုတင်းဓာတ်တွေ အဓိကလိုအပ်ပါတယ်။ aminomin လိုprotectoneလို ပရိုတင်းအားဆေးမျိုးပေါ့။ အစားနည်းသူမှာ အစာစားချင်စိတ်ဖြစ်ဖို့ ဗီတာမင်၊lysine
cyprohepatidineပါဝင်တဲ့ အားဆေးမျိုးသောက်ပေးနိုင်တယ်။ ငါးကြီးဆီပါဝင်သင့်တယ်။ cypon(သို့)  hepatopep(သို့) cyprotone တမျိုးမျိုးပေါ့။ အသက်ပေါ်မူတည်ပြီး တိုက်ရမယ့်ဆေးပမာဏ ကွဲပြားတယ်။ စားပေမယ့် ဝမလာရင် သံကောင်လည်း စဉ်းစားရတယ်။ ၆လတကြိမ် သံချပေးပါ။  ခေါက်ဆွဲခြောက်၊junk foodစားတာမျိုး ငယ်ကတည်းက အားမပေးနဲ့။ ကြက်ဥ၊နွားနို့၊ပဲစားတဲ့အကျင့်မျိုး လုပ်ဆောင်ပေးပါ။ မြန်မာမုန့်တွေမှာလည်း အာဟာရတန်ဖိုး ကိုယ်စီရှိပါတယ်။

ဒေါက်တာ အေးမင်းထူး
 ၂၁.၁.၁၄

No comments:

Post a Comment