Friday, March 20, 2015

အဖေ့အတွက် စိုးရိမ်လို့

ဆရာ
ကျွန်တော့် အဖေ အတွက် စိုးရိမ်လို့ မေးချင်တာပါ.
အသက် ၅၅ နှစ်ရှိပါပြီ.
မန်းလေး ကို ဆေးပြသွားတာ ဒီတခါရော ဆို နှစ်ကြိမ်ရှိပါပြီ
တလ တခါ ပြ ရတာပါ ..
အခု သောက်ဆေး တွေ ပေးလိုက် ပါတယ် 
အိမ်က ပြောတော့ အသည်း ရောဂါ . ကျောက် ကပ် ရယ်  .. ပြီးတော့ ပန်း ညှိုး တာရယ် 
ဖြစ်တာ လို့ပြောပါတယ် .။
အဖေ အရက် မသောက် တက် ပါ ..။
ကျွန် တော်သိချင်တာ က ဘာ ရောဂါ ဖြစ်နိုင် မလဲ
ဘာလို့ တလ တခါ ပြ ပြ နေရတာ လဲ ..။
ဒီထက် ဘာ ပိုကောင်း အောင်လုပ်ပေးနိုင်မလဲ ..။
အိမ် က စိတ် မပူအောင် ကျွန်တော့်ကို ညာ နေတလား .
ဆရာ ခန့်မှန်း  ကြည့်ပေးပါ လို့ အကူအညီ တောင်းပါတယ် .။




ပို့ထားတဲ့ ပုံတွေအရ တွေ့တာကို စပြောရရင် လူနာကို အမ ဒေါ်....နဲ့ ပြထားတယ်။ သွေးအဖြေအရ 
၁။သွေးဥမွှားနဲ့ သွေးနီဥနည်းတယ်။ 
၂။ကိုလက်စတော(total cholesterol) ကျဆင်းတယ်။ မကောင်းတဲ့ ကိုလက်စတော(LDL) နည်းနည်းများနေတယ်။ 
၃။ဆီးချိုရောဂါ၊ဂေါက်ရောဂါမရှိ။
၎။အေ၊ဘီ၊စီ ရောဂါသုံးမျိုးစစ်ထားတဲ့ voucherသာ တွေ့တယ်။အဖြေစာရွက် result မပါဘူး။ ဒါ့ကြောင့် အဖြေကို မသိရပါ။

လူနာကို ultrasound ရိုက်တယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်တယ်။ တွေ့တာတွေက-
၁။အသည်းခြောက်တဲ့ ပုံစံမျိုး ရှိတယ်။(ရေဖျင်းစွဲတဲ့ပုံစံတွေ့ရတယ်။)
၂။ညာဖက်အဆုတ်မှာ ရေဝင်တယ်။
၃။နှလုံးနဲ့ ဘေလုံးအနည်းငယ်ကြီးတယ်။

ပေးထားတဲ့ဆေးတွေက
-propranolol (နှလုံးဆေး)
-strovas(အဆီကျဆေး)
-aldactone(ဆီးဆေး)
-furo-Denk(ဆီးဆေး)

တလတခါပြရတာ လိုအပ်လို့ ဖြစ်ပါမယ်။ မိဘကို အထူးဂရုစိုက်ပါ။ ကျောက်ကပ်အဖြေမတွေ့ရပါ။ ပန်းညိုးတာအတွက်လည်း ဆေးမပါဝင်ပါ။အဖြေမစုံတဲ့အတွက် အသည်းရောဂါလို့သာ အမည်တပ်ချင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂.၃.၁၄


ကျေးဇူးတင်ပါတယ်  ဒေါက်တာ  ခင်ဗျား 
အခုလိုရှင်း ပြ ပေးတာတွေ အတွက် ..။
ကွန်တော်က အဝေးရောက် နေတဲ့ သား ဖြစ်နေလို့ စိတ် ပူနေတာပါ..။ ဟုတ် ကဲ့  ဂ၇ုစိုက်ပါမယ် .။

.... (ရေစကြို)

No comments:

Post a Comment