ပါဝင်ပစ္စည်းများ
Active ingredient -levocarnitine 330mg
Inactive ingredient -magnesium stearate
Microcrystalline cellulose
Povidone
Sodium starch glycolate
Carnitineဆိုတာ
Carnitine ကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးတယ်။နီတဲ့အသားတွေက အဓိကရရှိတယ်။အသားထဲမှာပါဝင်တဲ့ Lysine နဲ့methionine ဆိုတဲ့ အမိုင်နိုအက်ဆစ်တွေက ထုတ်ယူပြီး အသည်း၊ကျောက်ကပ်တွေထဲမှာ ထုတ်လုပ်ပေးတယ်။အဆီဓာတ်က စွမ်းအင်ရဖို့ ကူညီလုပ်ဆောင်ပေးတယ်။
အထူးသဖြင့် နှလုံး၊အရိုးစုကြွက်သားတွေ စွမ်းအင်ရဖို့အတွက် အဓိကကျတယ်။
အကျိုးအာနိသင်
Carnitine ဟာအဆီတွေကနေ စွမ်းအင်ရဖို့ ကူညီလုပ်ဆောင်ပေးတယ်။
Fatty acid ကို mitochondria(စွမ်းအင်ထုတ်စက်ရုံ)ထဲကို ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ရရှိစေတယ်။ ဦးနှောက်ကလွဲရင် ကျန်တဲ့အစိတ်အပိုင်းတွေဟာ စွမ်းအင်ရဖို့ fatty acid ကို အဓိက အသုံးပြုရတယ်။ဒါ့ကြောင့် carnitine ရဲ့ အသုံးဝင်ပုံက များတယ်။vit BTဆိုပြီး ဗီတာမင်အုပ်စုထဲ ထည့်ထားတယ်။ ဗီတာမင် အစစ်တော့ မဟုတ်ဘူး။
အသုံးဝင်ပုံ
-သွေး၊တစ်ရှုးတွေထဲမှာ carnitineဓာတ်နည်းတဲ့အခါ(primary Carnitine deficiency)၊
-မျိုးရိုးအရ carnitineဓာတ် ချို့တဲ့သူတွေ(secondary carnitine deficiency)၊
-နာတာရှည် ပင်ပန်းနွမ်းနယ်သူတွေ၊
-နှလုံး၊အရိုးစုကြွက်သားအားနည်းသူတွေ၊
-နှလုံးကြွက်သားပျက်ဆီးသူ၊
အခြားအသုံးဝင်ပုံ
-ပိန်ဆေးအနေနဲ့ အသုံးပြုနိုင်တယ်။
-သုတ်အားကောင်းစေတယ်။
-အသက်ကြီးရင့်သူ မှတ်ဥာဏ်ချို့ယွင်းမှု ကာကွယ်ပေးနိုင်တယ်။
-အသည်း၊ကျောက်ကပ်၊နှလုံးရောဂါတွေမှာ တွဲဘက် အသုံးပြုနိုင်တယ်။
-တခါတရံ ဆေးအချို့(valproic acid,zidovudine)စတာတွေနဲ့လည်း ပူးတွဲပေးနိုင်တယ်။
ဆေးညွှန်း
-တခါသောက်တလုံး၊ တနေ့ နှစ်ကြိမ်မှသုံးကြိမ် အစာစားပြီး သောက်သုံးပေးရတယ်။
-တရက် အများဆုံး ၁၀လုံးထိ သောက်နိုင်တယ်။၆လ၊၁နှစ်တော့ ပေးတတ်ကြတယ်။
-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။
-၁နှစ်အောက်ကလေးငယ်တွေ 50mg/kg/day နဲ့ တွက်ချက်ပေးရတယ်။
-overdoseဆိုတာမျိုး သိပ်မရှိပေမယ့် သောက်တိုင်းမကောင်းဘူး။လိုအပ်မှ သောက်သင့်တယ်။
-အဆီချ ဝေဖာ၊ချောကလက်၊အားဖြည့် အချိုရည်၊အအေးဗူးတွေမှာ ထည့်တတ်သေးတယ်။
-ကျောက်ကပ်ပျက်ဆီးသူတွေမှာ သောက်ဆေးမသုံးရဘဲ ထိုးဆေးသာ ပေးလေ့ရှိတယ်။
ဘေးထွက်ဆိုးကျိုး
-ပျို့ချင်၊အန်ချင်၊ဗိုက်နာတာမျိုး ရှိနိုင်တယ်။
-သောက်တာများရင် ဝမ်းလျှောတတ်သေးတယ်။
-အရင်က တက်တဲ့ ဓာတ်ခံရှိရင် မသုံးစွဲသင့်ဘူး။ပိုဆိုးမယ်။
-ကျောက်ကပ်ပျက်ဆီးသူတွေကို ရေရှည်စွဲပေးရင် ပိုဆိုးတတ်တယ်။
ကိုယ်ဝန်ဆောင်မိခင်
-လိုအပ်ရင် သောက်သုံးနိုင်တယ်။
အမေရိကားFDAက အသိမှတ်ပြုပေးထားတယ်။ ဆရာဝန်လက်မှတ်လိုတယ်။ပိန်ဆေး၊အမျိုးသား အားဆေး အဖြစ်တော့ အသိအမှတ်မပြုဘူး။ သီအိုရီအရ ပိုလျှံနေတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုပေမယ့် ဆက်လက်လေ့လာမှုတွေ လုပ်ရဦးမယ်။ ကနေဒါမှာ ၂၀၁၁ ဒီဇင်ဘာမှာ ဆရာဝန်လက်မှတ်မလိုပဲ ရောင်းဖို့ ခွင့်ပြုထားတယ်။မြန်မာနိုင်ငံမှာတော့ ဆရာဝန်လက်မှတ်မလိုအပ်ဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရမယ်။
ဒေါက်တာ အေးမင်းထူး
၂၀.၂.၁၃
No comments:
Post a Comment