Sunday, February 15, 2015

Arcalion(sulbutiamine 200mg)အင်အားလည်းပြည့်စေ မှတ်ဥာဏ်လည်းကောင်းစေ

-စွမ်းအင်ကိုမြှင့်တင်ပေးတဲ့ သောက်ဆေးတမျိုးဖြစ်ပါတယ်။
-မှတ်ဥာဏ်အားလည်း ကောင်းစေတယ်လို့ဆိုတယ်။
-ဒီအချက်တွေကြောင့် တလွဲနေရာတွေမှာ သုံးတတ်ကြတယ်။ အထူးသဖြင့် စာမေးပွဲဖြေဆိုတဲ့ကျောင်းသားတွေ။
-စာမေးပွဲဖြေဆိုကာနီးတွေ၊ဖြေနေတဲ့ရက်ပိုင်းတွေ စာကျက်ကောင်းအောင် သောက်တတ်ကြတယ်။ ဆေးကို ပိုသောက်ပြီး တညလုံးကျက်ကြသူတွေလဲ မနည်းလှဘူး။
-ဒီဆေးရဲ့သဘောက တက်ကြွလန်းဆန်းပြီး အာရုံစူးစိုက်မှုကောင်းတာ မှန်ပေမယ့် အားတွေလိုသည်ထက်ပိုစိုက်ရတာကြောင့် နောက်ရက်တွေမှာ ပင်ပန်းနွမ်းနယ်ပြီး
ခေါင်းကိုက်တာ၊စိတ်ထွေပြားစေတာတွေကြောင့် မသောက်သုံးသင့်ဘူး။
-အားကစားသမားတွေလဲ သက်လုံကောင်းဖို့သုံးစွဲတတ်ကြသေးတယ်။

ဈေးကွက်မှာ Arcalion ဆိုတဲ့နာမည်နဲ့ ရနိုင်တယ်။
Sulbutiamine 200mg ပါဝင်တယ်။လိမ္မော်ရောင်ဆေးပြားလေးတွေ ဖြစ်တယ်။
အရင်က ၁၀လုံးတစ်ကဒ်၊ တဗူးကို ၂ကဒ် ပုံစံနဲ့လာတယ်။
အခုနောက်ပိုင်း ဗူးတဗူးမှာ  အလုံး ၃၀ ပါဝင်လာတယ်။
OTC as nutritional supplement ဆရာဝန်လက်မှတ်မလိုပဲ ရနိုင်တယ်။

-Sulbutiamine ဆိုတာကို ဂျပန်နိုင်ငံက စတင်တွေရှိခဲ့တယ်။1973မှာ အစောဆုံးမှတ်တမ်းတင်ထားတာ တွေ့ရတယ်။
-Vitamin B1ကနေ ထုတ်လုပ်ထားတယ်။ ဗီတာမင် ဘီဝမ်းဆိုတာ အားဆေးတမျိုးအဖြစ် သိကြပြီးဖြစ်ပါတယ်။
-ပိုသာတဲ့အချက်က lipophilic အဆီမှာပျော်ဝင်တာကြောင့် blood brain barrierအတားအဆီးကို ဖြတ်နိုင်ပြီး ဦးနှောက်ထဲကို အလွယ်တကူ ရောက်စေနိုင်တယ်။
-ဆေးကြောင့် ဦးနှောက်ထဲမှာ thiamine(vit B1)နဲ့ thiamine phosphate esterဆိုတဲ့ ဓာတ်တွေ များပြားစေတယ်။
-အားအင်တွေ ပိုမိုဖြစ်ထွန်းစေတယ်။

တခြားလေ့လာမှုတွေအရ
-hippocampus ထဲမှာ acetylcholine တွေ များပြားစေတယ်။
-prefrontal cortexထဲမှာ glutamateရဲ့ လုပ်ဆောင်မှုအားကောင်းစေတယ်။
 ဆေးပညာအရ ဒီအချက်တွေဟာ မှတ်ဥာဏ်အားကောင်းဖို့ ကူညီပေးတယ်။

ဆေးရဲ့ အာနိသင်
-Energy boost စွမ်းအင်ကို မြှင့်တင်ပေးတယ်။
-Cognitive enhancer မှတ်ဥာဏ်စွမ်းအား တိုးတက်စေတယ်။သို့သော် short-term ရေတိုသာဖြစ်တယ်။

အသုံးဝင်ပုံ
-စိတ်ခံစားမှုကြောင့် ခြေကုန်လက်ပန်းကျသူ၊အားအင်ကုန်ခမ်းသူ၊နုံးချိသူတွေမှာ အသုံးကျတယ်။ဆေးပညာမှာ Astheniaလို့ ခေါ်တယ်။ ၆၀ရာနှုန်းလောက် အကျိုးရှိတယ်လို့ ဆိုတယ်။
-Memory မှတ်ဥာဏ်စွမ်းအားကောင်းစေတယ်။အသက်ကြီးသူတွေ ပိုမိုသင့်တော်တယ်။schizophrenia၊ Alzheimer's diseaseတွေမှာ အကျိုးရှိတယ်။
-ရှက်တက်၊ရွံ့တတ်တာတွေ လျှော့နည်းလာစေတယ်။သက်သာလာစေတယ်။
-အမျိုးသားတွေ စိတ်ကြောင့်ဖြစ်တဲ့ ပန်းသေ၊ပန်းညှိုးရောဂါတွေမှာ ၈၀ရာနှုန်းလောက်ထိ အသုံးဝင်တာ တွေ့ရတယ်။

ဆေးညွန်း
-ပုံမှန်အားဖြင့် အစာစားပြီး ၁လုံး၊ တနေ့ နှစ်ကြိမ်မှ သုံးကြိမ် သောက်သုံးပေးရမယ်။(maximum-800mg)
-စသောက်ခါစမှာ ဆေးကို လျှော့သောက်သင့်တယ်။ဖြည်းဖြည်းချင်း တိုးသွားရမယ်။
-အမျှင်ဓာတ်ပါတာတွေနဲ့ တွဲသောက်ရင် ဆေးအာနိသင်ကျတတ်တယ်။
-ဆေးအာနိသင်၂နာရီအတွင်း စပြမယ်။၅နာရီ၊၆နာရီ ခံတယ်။
-၂ပတ်အတွင်း မထူးခြားရင် ဆက်မသောက်ပါနဲ့။
-ပုံမှန်အားဖြင့် ၁လ၊အလွန်ဆုံး ၁လခွဲလောက်ထိသာ သောက်သင့်တယ်။
-အသက် ၁၅နှစ်အောက်အရွယ် မသုံးစွဲရဘူး။

ဘေးထွက်ဆိုးကျိုး
-ဆေးမတဲ့တာ ရှိတယ်။ဆက်မသောက်ပါနဲ့။
-တကြိမ်ထဲ အများကြီးသောက်ရင် စိတ်ဆတ်လာတတ်တယ်။အထူးသဖြင့် အသက်ကြီးသူတွေမှာ doseကို ပိုလျှော့ရတယ်။
-ဗိုက်တင်းတာ၊နေလို့မကောင်းတာ ရှိတတ်တယ်။
-ဆေးသောက်များရင် ခြေတုန်လက်တုန် ဖြစ်တတ်သေးတယ်။
-ခေါင်းကိုက်တာ၊နုံချိပြီး အားကုန်တာတွေ ဆေးသောက်ပြီး နောက်ရက်တွေမှာ ဖြစ်တတ်တယ်။

-ကိုယ်ဝန်ဆောင်တွေ၊နို့တိုက်မိခင်တွေ ပုံမှန်အားဖြင့်မသောက်သင့်ဘူး။ဆရာဝန်နဲ့ တိုင်ပင်ပါလေ။
-Malabsorption syndromeအူလမ်းကြောင်းစုပ်ယူမှုချို့တဲ့တာရှိရင် မသောက်သင့်ဘူး။
-lactose intolerance နွားနို့မတဲ့သူတွေ မသောက်သင့်ဘူး။
-dopamine၊GABA agonist ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။

သိသင့်တဲ့အချက်တွေ
-ရေရှည်စွဲသောက်သင့်တဲ့ဆေး မဟုတ်ဘူး။
-ခဏတာ ပင်ပန်းနွမ်းနယ်သူတွေသာ သောက်သင့်တယ်။
-စိတ်ပန်းလူပန်း အားကုန်တတ်သူတွေ အသုံးကျမယ်။antidepressant မဟုတ်ဘူး။
-လန်းဆန်းတက်ကြွတယ်၊အာရုံစူးစိုက်မှုကောင်းတယ်ဆိုတာလဲ ရေတိုသာ ဖြစ်တယ်။
-ကျောင်းသား၊သူတွေ စာမေးပွဲဖြေခါနီး စွဲသောက်တာ လုံးဝမကောင်းဘူး။နောက်ပိုင်းရက်တွေမှာ အားကုန်ပြီးနှုံးချိသွားတတ်တယ်။
-အမေရိကား FDAက အသိအမှတ်ပြုမထားဘူး။side effect,drug interactionစတာတွေ ဆက်လုပ်ဖို့ အကြံပေးထားတယ်။
-အလွန်ဆုံး ၁လ ထိသာ သောက်သင့်တယ်။၂ပတ်အတွင်း မထူးခြားရင် ဆက်မသောက်ပါနဲ့။ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးပါလေ။

ဒေါက်တာ အေးမင်းထူး
၂၃.၂.၁၃


No comments:

Post a Comment