Friday, March 20, 2015

Figger Gel အချိုးကျကျ၊လှပစေမယ့် အဆီကျလိမ်းဆေး

Figger Gel လိမ်းဆေးဟာ သဘာဝအဆီအနှစ်တွေက ထုတ်လုပ်ထားတဲ့ အဆီကျလိမ်းဆေး တမျိုး ဖြစ်ပါတယ်။ Slimming &Firming Gel အမျိုးအစားထဲမှာ ပါဝင်တယ်။ Slimming ခန္ဓာကိုယ် သွယ်သွယ်လျလျ၊ပါးပါးလျားလျား ဖြစ်ပေါ်စေသလို firming အသားအရေ တင်းတင်းရင်းရင်း ရှိစေတယ်။ cellulite ခေါ်တဲ့ အဆီပို၊အဆီခေါက်တွေကို အဓိက ချေဖျက်ပေးတယ်။ Figger Gel ဟာ လိမ်းဆေးအနေနဲ့ လာသလို Figger plus ဆိုတဲ့ သောက်ဆေးလည်း ရှိတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် F.C.P ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို five sharps ဆေးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ 

အဆီပို(cellulite)ဆိုတာ
celluliteဆိုတာ triglyceride ခေါ်တဲ့ အဆီပိုတွေ စုစည်းနေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်က မသုံးစွဲဘဲ ပိုလျှံနေတဲ့အဆီတွေဟာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်းစုပုံလာပြီး cellulite ဖြစ်လာတယ်။ အဆီပို(cellulite)တွေကို လက်မောင်း၊ပေါင်၊ဗိုက်သား၊တင်ပါးနဲ့ ကျောပြင်တွေမှာ တွေ့ရတယ်။ အဆီကိုကိုင်ကြည့်ရင် ချိုင့်နေတာ၊ပျော့အိတွဲကျနေတဲ့အပိုင်းက celluliteဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်ခြင်း၊လှုပ်ရှားမှုနည်းပါးခြင်း၊အဆီများသော အစားအစာတွေကြောင့် အဆီပိုတွေဖြစ်လာစေတယ်။ အမျိုးသား၊အမျိုးသမီး အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်တယ်။ အဆီပိုတွေဟာ အချိန်ကြာလာတာနဲ့အမျှ နှလုံး၊သွေးတိုး၊လေဖြတ်စတဲ့ နာတာရှည်ရောဂါတွေကို ဖြစ်ပေါ်လာစေတယ်။

အဆီပို(cellulite)များကို ဖယ်ရှားခြင်း
ခန္ဓာကိုယ်မှာရှိတဲ့ အဆီပြင်တွေ ဖယ်ရှားဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ အစားအသောက် ဆင်ခြင်ရသလို လေ့ကျင့်ခန်းလည်း ပြင်းပြင်းထန်ထန် ပြုလုပ်ပေးရတယ်။ လူငယ်တွေထက် လူကြီးတွေမှာ ပြဿနာပိုများတယ်။ အသက်ကြီးသူတွေဟာ လှုပ်ရှားနိုင်စွမ်း အားနည်းတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ သာမန်လမ်းလျှောက်ရုံလောက်နဲ့ နှစ်ရှည်လများ စုအောင်းလာတဲ့ အဆီပိုတွေ ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။ဗိုက်ခေါက်ထွက်တာ၊ထူတာတွေကို လျှော့ပါးစေဖို့ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရတယ်။ အစားအသောက် ရှောင်ပေးရတယ်။ အားကစား လိုက်စားရတယ်။

နောက်ဆုံးပေါ်တွေ့ရှိချက်တွေအရ နှစ်ရှည်လများ စုအောင်းနေတဲ့ အဆီပိုတွေ၊cellulite အဆီပြင်တွေကို ဖယ်ရှားပေးနိုင်ဖို့ figger gelကို အသုံးချနိုင်ပါသတဲ့။ ကိုယ်အလေးချိန် လျှော့ကျစေခြင်းနှင့် ကျစ်လစ်သွယ်လျစေခြင်းကို Figger gelက ပေးစွမ်းနိုင်တယ်။ ဆေးဖက်ဝင် အဆီအနှစ်တွေ စုပေါင်းထုတ်လုပ်ထားတာဖြစ်လို့ အာနိသင်လည်း ကောင်းမွန်တယ်။ သဘာဝပစ္စည်းက ထုတ်ယူထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူးလို့ အာမခံထားတယ်။ နာနိုနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့အတွက် ပျံ့နှံ့စိမ့်ဝင်မှု အားကောင်းတယ်။ သိသာထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုကို တစ်ပတ်အတွင်း ခံစား ရရှိနိုင်ပါသတဲ့။

ပါဝင်ပစ္စည်းများ
သဘောဝပစ္စည်း(Herbal Extract)စစ်စစ်က အဆီအနှစ်တွေနဲ့ ထုတ်လုပ်ထားတယ်။ 100% သဘာဝစစ်စစ်ဖြစ်တယ်လို့လည်း အာမခံထားတယ်။ လိမ်းဆေးမှာ ပါဝင်တာတွေက
-phytocomplex : Lecithin,Caffeine,Fucus Vesiculosus Extract,Laminalia Extract,Equisetum Arvense leaf Extract,Hedara Helix(Ivy) Extract
-Terminalia Catappa Leaf Extract,Sambucus Nigra Flower Extract
-Pyrus Malus(Apple) Fruit Extract
-Capsicum Annuum Extract

Figger Gelမှာ သဘာဝအဆီအနှစ်တွေ (၁၀)မျိုးမက ပေါင်းစပ်ထားတယ်။ အဆီပိုတွေ မြန်မြန်ဆန်ဆန် ဖယ်ရှားဖို့ အပင်ကထွက်တဲ့ liposome နည်းပညာကို အသုံးပြုထားတယ်။ liposome မော်လီကျူးတွေဟာ အလွန်သေးငယ်တာကြောင့် အရေပြားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်တယ်။ nanovesicle ခေါ်တဲ့ သေးငယ်တဲ့မော်လီကျုးတွေက အရေပြားအောက်ထိ နက်နက်ရှိုင်းရှိုင်းတိုးဝင်ပြီး အဆီပိုတွေကို တိုက်ရိုက်လောင်ကျွမ်းစေမှာ ဖြစ်တယ်။ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆဲလ်လူးလိုက်နဲ့ အဆီပိုတွေကို ဖယ်ရှားပေးတယ်။ ဒါ့ပြင်အဆီပြင်ထဲကို တိုက်ရိုက်သက်ရောက်စေတာကြောင့် ဆေးအာနိသင်က ထိရောက်မြန်ဆန်တယ်။ လိမ်းဆေးကြောင့် အဆီတွေ၊celluliteတွေကို သိပ်မကြာမီ လျှော့ပါးသက်သာလာပြီး ကျစ်လစ်၊သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

ဆးလိမ်းနည်း လမ်းညွှန်
အဆီပို ရှိတဲ့နေရာကို ၁၅မိနစ်(သို့)နာရီဝက်ခန့်လိမ်းပါ။ အာနိသင်ကောင်းဖို့ အနည်းဆုံး တနေ့(၂)ကြိမ် လိမ်းပေးပါ။ အဆီပိုရှိတဲ့နေရာတိုင်းကို လိမ်းပေးနိုင်တယ်။ အဆီများသလို လိမ်းတဲ့အကြိမ်အရေအတွက် တိုးသင့်တယ်။ ဆေးလိမ်းတဲ့အခါ လက်နှစ်ဖက်နဲ့ သေချာပွတ်လိမ်းပေးပါ။ ပုံစံမျိုးစုံ(ရှေ့နောက်၊ဘယ်ညာ၊စက်ဝိုင်းပုံ) လားရာမျိုးစုံနဲ့ လိမ်းပေးသင့်တယ်။ ပျံ့နံ့မှုကောင်းအောင် သေချာနှိပ်နယ်ပြီး လိမ်းပေးပါ။ နေရာမရွေး လိုအပ်သလို လိမ်းပေးနိုင်တယ်။

ရနိုင်တဲ့ အကျိုးကျေးဇူးများ
-အဆီပို၊celluliteတွေကို လျှော့ချပေးခြင်း၊
-နောက်ထပ် အဆီပိုမဖြစ်အောင် ကာကွယ်ပေးခြင်း၊
-သွေးလည်ပတ်မှု အားကောင်းစေခြင်း၊
-အရေပြားကို တင်းရင်းစိုပြေ ချောမွေ့စေခြင်း၊
-ကျစ်လစ်သွယ်လျတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်ခြင်း၊

ဘေးထွက်ဆိုးကျိုး
သဘာဝပစ္စည်းတွေက ထုတ်လုပ်ထားလို့ ဓာတ်မတဲ့တာ၊ဘေးထွက်ဆိုးကျိုး တစုံတရာ မတွေ့ရဘူး။ ကောင်းတာက တခြားလိမ်းဆေးတွေလို  စေးကပ်တာ၊အရေပြားပျက်ဆီးတာလည်း မရှိဘူး။ အသက်အရွယ်မရွေး လိမ်းပေးနိုင်တယ်။ အနံ့ဆိုးတာ မရှိဘူး။

အားသာချက်
-အဆီပိုတွေဖယ်ရှားဖို့ Phytocomplex formulaနဲ့ထုတ်လုပ်ထားတယ်
-သဘာဝအဆီအနှစ်တွေ (၁၀)မျိုးမက ပေါင်းစပ်ပါဝင်တယ်။
-နောက်ဆုံးပေါ် nano နည်းပညာကို အသုံးပြုတာက စိမ့်ဝင်မှုအားကောင်းပြီး ပျံ့နှံ့လွယ်တယ်။
-ဆေးအာနိသင်၊ထူးခြားချက်ကို ဆေးလိမ်းပြီး တပတ်အတွင်း ခံစားရမယ်။
-အသားအရေပူစပ်ပူလောင်မရှိဘဲ အဆီပိုများ လျှော့ချပေးနိုင်တယ်။
-တခြားဆေးတွေလို ဓာတုပစ္စည်းမပါဝင်တာကြောင့် စိတ်ချရတယ်။
-အဆီပိုတွေဖယ်ရှားပြီးနောက်မှာ အသားအရေပျော့တွဲမနေဘဲ တင်းရင်းနေစေတယ်။
-ဆေးနံ့မရှိဘဲ သင်းပျံ့တဲ့မွှေးရနံ့ကိုထည့်သွင်းထားလို့ စိတ်ကို ကြည်လင်စေတယ်။

Figger Gel(ဖစ်ဂါ လိမ်းဆေး) သုံးပြီး လေ့လာမှုတွေ လုပ်ကြည့်တဲ့အခါ ၄၀%ဟာ ဆေးအသုံးပြုပြီး ၁ပတ်အတွင်းမှာပဲ ခါးအတိုင်းအတာဟာ ၁လက်မလောက် လျှော့ကျတာ တွေ့ရတယ်။ ၆၀ရာခိုင်နှုန်းဟာ ဆေးအသုံးပြုပြီး ၁လအတွင်း ခါးအတိုင်းအတာ ၁လက်မလောက်ထိ လျှော့ကျလာတယ်။ အာနိသင်ကောင်းဖို့ အရေပြားထဲစိမ့်ဝင်အောင် နှိပ်နယ်ပြီး လိမ်းပေးသင့်တယ်လို့လည်း ဖော်ပြထားတယ်။ ဆေးကို လချီပြီး ဆက်လက်လိမ်းပေးရတယ်။

ကြေငြာမဟုတ်တဲ့ ဆေးကြေငြာ
Figger Gelဟာ ဈေးအနည်းငယ် ကြီးပါတယ်။ ဆေးတစ်ဗူးကို နှစ်သောင်းကျော်လောက် ပေးရတယ်။ ဆေးတစ်ဗူးမှာ 175g ပါဝင်တာကြောင့် နေ့စဉ်သုံးစွဲရင် သုံး၊လေးရက်လောက်သာ သုံးရတယ်။ အဆီပြင်များရင် များသလို ပိုသုံးရတယ်။ ကြေငြာမဟုတ်တဲ့ လက်တွေ့ကို ပြောရရင် သုံးစွဲသူတွေဟာ စိတ်တိုင်းကျကြတယ်။ ဒီထဲမှာ စာရေးသူရဲ့ မိခင်လည်း ပါဝင်တယ်။ အဝလွန်သူဖြစ်လို့ နေ့ရော၊ညပါ အားသ၍ Figger Gel လိမ်းပေးတဲ့အခါ ၁ပတ်လောက်အကြာမှာ ခါးအတိုင်းအတာဟာ ၁-စင်တီမီတာလောက် ကျဆင်းသွားတယ်။ သို့သော် တယောက်နဲ့တယောက် အကျိုးရလာဒ် တူညီနိုင်ပါ့မလား မသေချာဘူး။ သဘောကျမိတဲ့အချက်က ကြေငြာမှာ ပါသလို စေးကပ်တာ၊အနံ့စွဲတာ လုံးဝမရှိဘူး။ဆေးနံ့က မွှေးတယ်။ စိတ်ကြည်စေတယ်။အသက်အရွယ်၊ကျား၊မ မရွေး သုံးစွဲနိုင်တယ်။ ဘယ်လိုဆိုဆို Figger Gelဟာ အဝလွန်သူတို့ စမ်းသပ်သုံးစွဲသင့်တဲ့ အဆီကျလိမ်းဆေးတမျိုး ဖြစ်မယ်လို့တော့ ယူဆရပါတယ်။

ဒေါက်တာအေးမင်းထူး
၂၈.၂.၁၄

No comments:

Post a Comment