Friday, April 24, 2015

viagra(sildenafil 50mg) အမျိုးသားအားဆေး

ဆရာ ကျွန်တော် အိမ်ထောင်ကျတာ၂လ ရှိပါပီအသက်က၂၅ ပါအမျိုးသမီးနဲ့နေရတာ အခက်အခဲရှိနေပါတယ် ၃မိနစ်၎ မိနစ်လောက်တောင် မနေနိုင်ဘူးဖြစ်နေပါတယ် ဘယ် လိုဆေးမျိုးသုံးစွဲရင် အဆင်ပြေမလဲသိချင်ပါတယ် ငယ်ငယ် တုန်းကအာရုံကြောအားနည်းလို့ဆေးသောက်ခဲ့ဖူးပါတယ် အခုအလုပ်ကလည်းစာရင်းအင်းလုပ်ရာတယ် အဲဒါတွေနဲ့များဆိုင်ပါသလား? တစ်ချို့ဆိုဒ်တွေမှာ viagraအကြောင်းရေးထားတာတွေ့ပါတယ် သူ့ကောင်းကျိုးဆိုးကျိုးလေးသိပါရစေ၀ယ် ချင်ရင်ဆေးလက်မှတ်လိုပါသလား??

Saturday, March 28, 2015

Leflunomide အဆစ်ရောင်သောက်ဆေး

autoimmuneခုခံအားချင်းပြန်တိုက်တဲ့ရောဂါလို့ သတ်မှတ်ထားလို့ ခုခံအားကျဆင်းတဲ့၊ ခုခံအားကိုနှိမ်တဲ့ ဆေးတချို့ကို သုံးရတယ်။ leflunomide ဆိုတာ ဒီလိုဆေးမျိုးပါ။ DMARDsအမျိုးအစားမှာ ပါဝင်ပါတယ်။သူ့အာနိသင်က DNA ကို တားဆီးပေးတယ်။ ခုခံအားကျဆင်းစေတယ်။ RAရဲ့ လက္ခဏာတွေကို သက်သာစေဖို့၊ပိုမဆိုးစေဖို့ သုံးပါတယ်။အဆစ်ရောင်တာ၊ပျက်ဆီးတာကို တတ်နိုင်သမျှနည်းပါးစေဖို့ အဓိက ရည်ရွယ်ပါတယ်။ လေးဖကိနာအဆစ်မြစ်ရောင်ရောဂါကုတဲ့အခါ Leflunomideတမျိုးတည်း (သို့)တခြားဆေးတခုခု(methotrexate,prednisolone)နဲ့ ပေါင်းပေးနိုင်တယ်။ 

သွေးနီဥဖြစ်ပေါ်စေတဲ့ဆေး

သွေးနီဥဖြစ်စေတဲ့ဆေးတွေရှိပါသလား၊ဘယ်နှစ်မျိုးလောက် ရှိပါသလဲ၊ဒီကဆရာက သွေးနီဥထုတ်လုပ်တာ နည်းတာသွေးအားကောင်းဆေးသောက်ဖို့လိုတယ် ပြောလို့ပါ

သွေးနီဥ ဖြစ်ပေါ်ခြင်းကို အားပေးတဲ့ erythropoietin stimulating agents (ESAs)လေးမျိုး ရှိမယ်။
-epoetin alfa (Eprex®, Johnson & Johnson), 
-epoetin beta (Recormon®, Roche), 
-darbepoetin (Aranesp®, Kyowa Hakko Kirin) 
-methoxy polyethylene glycol-epoetin beta (Mircera®, Roche)

Alova ရှားစောင်းလက်ပတ်ဆေး

မြန်မာနိုင်ငံဈေးကွက်ထဲဝင်လာတာ မကြာသေးဘူး။ Ranbaxy ကုမ္ပဏီရဲ့ product အသစ်ဖြစ်တယ်။ Alovaဆေးတစ်တောင့်မှာ Aloe Vera extract 25mg ပါဝင်တယ်။ ရှားစောင်းလက်ပတ်အဆီအနှစ်က ထုတ်ယူပြီး ဆေးထုတ်ထားတယ်။ အသားအရေအတွက်သာမက အစာချေစနစ်အတွက်ပါ ကောင်းမွန်စေတယ်။ ဆေးထဲမှာ ဗီတာမင် ဒီက လွဲရင် တခြားဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တယ်။ အမိုင်နိုအက်ဆစ် ၂၂မျိုးအနက် အမျိုး၂၀ထိ ပါဝငိတယ်။ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ saponinဓာတ်ဆိုတာလည်း ပါဝင်သေးတယ်။ ဆာပိုနင်ဓာတ်ဆိုတာ ဘက်တီးရီးယား၊ဗိုင်းရပ်စ်၊ မှို၊တဆေးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်း ရှိတယ်။

Primolut N ရာသီသွေးကို ဆေးနဲ့ထိန်းခြင်း

ဆရာ ကျမသူငယ်ချင်းတယောက်က ရာသီသွေးကို သောက်ဆေးနဲ့ ထိန်းလို့ရတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ အကယ်၍ အဲလိုလုပ်ရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါသလား။ ဘာတွေဆက်ဖြစ်နိုင်ပါသလဲ။ သားသမီးမရတာမျိုးတွေကော ဖြစ်လာနိုင်ပါ သလား။ ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ် ဆရာ။
ရာသီသွေးကို ဟော်မုန်းဆေးတွေနဲ့ ထိန်းချုပ်လို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရာသီသွေးပေါ်တယ်ဆိုတာလည်း ဟော်မုန်းတန်ခိုးကြောင့် ဖြစ်လို့ပါပဲ။ တခါတရံ ရာသီသွေးမပေါ်အောင် လုပ်ရတဲ့အခါမျိုးရှိတယ်။ ဒီလိုအခါမျိုးမှာ ဆေးနဲ့ 
ရက်ရွေ့ပေးနိုင်တယ်။ ဥပမာ ခရီးရက်ရှည်သွားရတာမျိုး၊မင်္ဂလာဆောင်တဲ့အခါမျိုးမှာ

Tuesday, March 24, 2015

Vonstrel(Levonorgestrel 1.5mg) ဆေးတလုံးပါ အရေးပေါ်တားဆေး

တီထွင်ကြံဆမှုဆိုတာ ရပ်တန့်မနေဘဲ အစဉ်အမြဲ တိုးတက်ပြောင်းလဲနေတာ ဟုတ်တယ်။ အရင်က အရေးပေါ်တားဆေးတွေမှာ ဆေးနှစ်လုံးပါခဲ့တယ်။ ဒါလည်း သုံးစွဲသူတွေကအလုပ်ရှုပ်တယ်။ အဆင်မပြေဘူး။ ၁၂နာရီခြား နောက်တလုံး ထပ်သောက်နေရတာ မေ့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းတွေ ရှိတယ်။ ဒါမျိုးမသောက်ချင်ဘူး ဆိုတာတွေ တွေ့ရတယ်။ ဒီတော့ သုံးစွဲသူအကြိုက်ဖြစ်အောင် ထုတ်လုပ်သူတွေက ထပ်ထုတ်ရပြန်ရော။ vonstrel ဆိုတဲ့ဆေးက အလုပ်ရှုပ်မခံချင်သူ ပုဂ္ဂိုလ်တွေနဲ့ ပိုသင့်တော်တယ်ဆိုရမယ်။တကြိမ်ထဲသောက်နိုင်ဖို့ လွယ်လွယ်ကူကူဖြစ်အောင် ဆေးတလုံးထဲကိုပဲ ထည့်သွင်းထားတယ်။ 

Protinet အမိုင်နိုအက်ဆစ် အားဆေး

ဆရာprotinet အားဆေးအကြောင်လေးသိချင်လို့ပါ။
protinet ဆိုတာ ပရိုတင်း အသားဓာတ် အားဆေးတမျိုးဖြစ်တယ်။ ပိုတိကျအောင်ပြောရင် အမိုင်နိုအက်ဆစ် ဖြစ်တယ်။ အမိုင်နိုအက်ဆစ်ဆိုတာ ပရိုတင်းဓာတ်ရဲ့ အခြေခံအုပ်မြစ် ဖြစ်တယ်။ ဆဲလ်နဲ့နှိုင်းယှဉ်ကြည့်ရင် အက်တမ်နဲ့တူတယ်။ အက်တမ်တွေပေါင်းစပ်ပြီးမှ ဆဲလ်တခုဖြစ်ရတယ်။ အဲလိုပဲ အမိုင်နိုအက်ဆစ်တွေ စုပေါင်းပြီး ပရိုတင်းဆ်ုတာ ဖြစ်လာတယ်။ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းက အရေးကြီးတယ်။ တရားသဘော ရုပ်၊နာမ်နဲ့ နှိုင်းယှဉ်ရရင် ရုပ်ခန္ဓာကြီးက ပရိုတင်းတွေ ဖွဲ့စည်းပြီး ဖြစ်လာရတာပါ။ရုပ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းက အရေးပါတယ်။ ဒီအတွက် ပရိုတင်းအားဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။ 

Pill 72 အရေးပေါ်တားဆေး

Pill 72တားဆေးအကြောင်းဖော်ပြပေးပါဦးဆရာ။ Ecee 2နဲ့အတူတူပဲလားဆရာ။ဆေးသောက်ပြီး ပျိုံချင်သလိုရှိလို့ပါ။

Ecee 2,pill 72,levo 72 အကုန်လုံးအတူတူပါပဲ။ အရေးပေါ်တားဆေးတွေချည်းပဲ။နာမည်နောက်မှာပါတဲ့ 72ဆိုတာ ထွေထွေထူးထူးမဟုတ်ပါ။ ၇၂နာရီ(၃ရက်အတွင်း) သောက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်လွင်စေဖို့၊သတိရစေဖို့ ဖြစ်ပါတယ်။ ဆေးတစ်လုံးချင်းစီမှာ ပရိုဂျက်စတီရုန်းဟော်မုန်းဖြစ်တဲ့  levonorgestrel 0.75mg ပဲပါတယ်။ ဆေးတကဒ်မှာ ဆေးနှစ်လုံးပါတယ်။ ဆေးကိုနှစ်လုံးတပြိုင်နက် သောက်ရင် ပျို့ချင်၊အန်ချင် ခေါင်းမူးတာပိုဆိုးတယ်။ brand ကွားခြားလို့၊ဆေးကွာခြားလို့ ဆိုတာမျိုး မဟုတ်ပါဘူး။

Contraceptive patch တားဆေးကပ်ခွာ ပေါ်ပြူလာမဖြစ်

ဒီဖက်ခေတ်နောက်ပိုင်းမှာ တားဆေး၊တားနည်းအမျိုးမျိုး မရိုးရအောင် ပေါ်ပေါက်လာပါတယ်။ အရင်ခေတ်က သောက်ဆေး၊ထိုးဆေးနေရာမှာ လွယ်ကူတဲ့ ကပ်ခွာ၊လိမ်းဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။ တားဆေးနည်းအမျိုးမျိုး မရိုးရအောင် ပေါ်ပေါက်လာပေမယ့် လက်တွေ့သဘောတရားက ဟော်မုန်းကို အသုံးချတာပါဘဲ။  ဟော်မုန်းတမျိုး(သို့)နှစ်မျိုးကို အလျင်းသင့်သလို အသုံးပြုကြတယ်။ လေ့လာကြည့်ရင် တားဆေးကပ်ခွာ(contraceptive patch)မှာ ပါဝင်တာလည်း ဟော်မုန်းပဲဖြစ်ပါတယ်။birth control patch(သို့)transdermal patchလို့လည်း ခေါ်တယ်။ကပ်ခွာ(patch)မှာ progestogenနဲ့ estrogen ဟော်မုန်းတွေကို အသုံးပြုထားတယ်။ ဟော်မုန်း(၂)မျိုးပါတဲ့ တားဆေးကဒ်(COC)ကဒ်နဲ့ သဘောတရားချင်း အတူတူဘဲ။ ကွာသွားတာက သောက်စရာမလိုဘဲ အရေပြားပေါ်ကပ်ရ၊ခွာရတာလေးပဲ

Nat B ဗီတာမင်ဘီ အာရုံကြောဆေး

nat-b အားဆေးက ဘာကောင်းကြိုးပေးသလဲ...ပြီးတော.ဂျင်ဆိုမင်
အားဆေးက ဘယ်လိုအကျိုးကျေးဇူးပေးသလဲ ကျေးဇူးပြုပြီးဖြေပေးပါဆရာ
ကျွန်တော်အရမ်းသိချင်လို.ပါဆရာ...ကျေးဇူးပြုပြီး ကျွန်တော.ကိုလမ်းညွန်ပေးပါ ဆရာ....


Nat Bဆိုတာ အာရုံကြောဆေးဖြစ်တယ်။ အာရုံကြောရောင်ရမ်း၊အားနည်းတဲ့ရောဂါတွေမှာ အသုံးဝင်တယ်။ အားယုတ်တာ၊အားအင်ကုန်ခမ်းတာကို သက်သာစေတယ်။ စိတ်ဖိစီးမှုနဲ့ နာတာရှည်အဖျားရောဂါတွေမှာ သုံးတယ်။ အရက်ဖြတ်သူ၊အရက်သောက်သူတွေ အာရုံကြောအားကောင်းဖို့အတွက် ပေးတယ်။ အရက်သောက်သူအများစုဟာ ဗီတာမင် ဘီတွေ ချို့တဲ့နေတတ်တယ်။

Implanon အရေပြားအောက်ထား၍ ကိုယ်ဝန်တားခြင်း

အမျိုးသမီးတွေ သုံးစွဲကြတဲ့ တားနည်းအမျိုးမျိုးအနက် သုံးစွဲသူတွေစိတ်ချရပြီး အလုပ်ရှုပ်သက်သာတဲ့ တားနည်းတမျိုးက implanonခေါ်တဲ့ အရေပြားအောက်မှာထည့်ရတဲ့ တားဆေးချောင်းလေးဖြစ်ပါတယ်။ စိတ်အချရဆုံး တားနည်းတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီတားနည်းက ၉၉ရာခိုင်နှုန်းမက စိတ်ချရတယ်။ ကလေးရနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်ထက်နည်းတယ်။ သုံးနှစ်အတွင်းကလေးရနိုင်ချေလေ့လာကြည့်တဲ့အခါ လူ၃၀၀၀မှာ တစ်ယောက်သာ ရှိတယ်။ implanonဆိုတာအမှန်တော့ progestogenဟော်မုန်း တမျိုးထဲပါဝင်တဲ့ တားဆေးမျိုးဖြစ်ပါတယ်။ implanon အချောင်းကို ethylene vinylacetate copolymerနဲ့ပြုလုပ်ထားတယ်။ implanon ထဲမှာ etonogestrel 68mgကို

Exluton လေးဆယ်အရွယ် ကလေးတားမယ်

Exlutonဆိုတာ Mini pills(progestogen-only pills) ပရိုဂျက်စတိုဂျင် ဟော်မုန်းတမျိုးထဲပါတဲ့ တားဆေးကဒ်မျိုး ဖြစ်ပါတယ်။ progestogenဆိုတာ အမျိုးသမီးဟော်မုန်း progesteroneကို တုပထုတ်လုပ်ထားတဲ့ ဟော်မုန်းတမျိုးလည်း ဖြစ်တယ်။ exlutonထဲမှာ lynestrenol 0.5mg ပါဝင်တယ်။ lynestrenolဆိုတာက ခန္ဓာကိုယ်အတွက်active မဖြစ်သေးတဲ့ pro-drugဖြစ်တယ်။ 
ဆေးသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်က lynestrenol(LYN)ကို norethisterone(NET)အဖြစ် ပြောင်းလဲပေးတယ်။ကလေးမရအောင် တားဆီးတဲ့နေရာမှာ  norethisteroneရဲ့ အာနိသင်ကအဓိကကျတယ်။ norethisterone(NET)က သားအိမ်နံရံမှာရှိတဲ့ progesterone receptorကို သွားပေါင်းတယ်။ ပြီးရင် ကိုယ်ဝန်မရအောင် တားဆီးပေးတယ်။ 

OrsL drink ဓာတ်ဆားဖျော်ရည် သောက်ကြမလား

OrsL drink ဆိုတာ လတ်တလောဝင်လာတဲ့ ဓာတ်ဆားအစားထိုးဖျော်ရည် ဖြစ်ပါတယ်။ ဓာတ်ဆားထုပ်ကို ဖျော်ဖို့မလိုအပ်အောင် ဖျော်ရည်ပုံစံအရသာနဲ့ လုပ်ထားတယ်။ ဓာတ်ဆားအရသာကို သစ်သီးအရသာနဲ့ အစားထိုးပြုလုပ်ထားတာပါ။ဖျော်ရည်တဗူးကို ၅၀၀လောက် ရှိမယ်။  ဖျော်ရည်တစ်ဗူးမှာ 200mlစီ ပါဝင်ကြတယ်။ ဗူးရဲ့ အပေါ်မှာ ထုတ်လုပ်တဲ့ ရက်စွဲတပ်ပေးထားတယ်။ဓာတ်ဆားဖျော်ရည်ရဲ့ အာနိသင်က တစ်နှစ်သာ ခံပါမယ်။ အိန္ဒိယနိုင်ငံ Jagdale ကုမ္ပဏီကထုတ်လုပ်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို network marketingက ဖြန့်ဖြူးရောင်းချပေးတယ်။ 

RABLET- D အစာအိမ် အအန်ပျောက်ဆေး 

ဆရာခင်​ဗျာ
RABLET- D အ​ကြောင်း​လေးနဲ့ ဘယ်​မှာဝယ်​လို့ ( Co.,Ltd and phone No, ) ရနိုင်​တယ်​ဆိုတာ ​ပြောလို့ရရင်​ ​ပြော​ပေး​စေချင်​ပါတယ်​ ခင်​ဗျာ
ရို​သေစွာဖြင့်


ကျွန်တော့်ဆီကို မန္တလေးမှာ ရှိတဲ့ နာမည်ကြီး ဆေးကုမ္ပဏီတော်တော်များများ ဆေးမိတ်ဆက်ဝင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီဆေးကို မတွေ့မိသေးဘူး။ဒါ့ကြောင့် ဘယ်ကုမ္ပဏီကတင်သွင်းလဲဆိုတာ မသိပါဘူး။ ဖြစ်နိုင်တာက အခုမှ စသွင်းတဲ့ ဆေးကုမ္ပဏီလည်း ဖြစ်နိုင်ပါတယ်။သေချာတော့မသိပါ။ သိတာက RABLET- Dကို အိန္ဒိယနာမည်ကြီးဆေးကုမ္ပဏီ Lupin labက ထုတ်လုပ်ပါတယ်။ ပါဝင်တဲ့ဆေးက

BRAND's chicken ဘရင်းကြက်ပေါင်း ဘာတွေကောင်း

ဘရင်း ကြက်ပေါင်းရည် ကိုနေ့တိုင်းသောက်ရင် ကောင်းကျိုး ဆိုးကျိုး လေးကိုသိပါရစေခင်ဗျာ

မှန်တာကို ဝန်ခံရရင် Brand ဘရင်းကြက်ပေါင်းရည်ကို ဒီနေ့ချိန်ထိမသောက်ဘူးသေးဘူး။ ဒါ့ကြောင့် ဘယ်အရသာမျိုး ရှိလည်းမေးရင် ဖြေနိုင်မှာ မဟုတ်ဘူး။ ညှီနံ့ရတာကိုပဲ သတိထားမိတယ်။ ငယ်ငယ်ကတည်းက အသားစားပေမယ့် ညှီနံ့ကို မကြိုက်တတ်ခဲ့ဘူး။ ဆရာဝန် မရွံတတ်ဘူးဆိုပေမယ့် ကြက်ဥ အစိမ်းစားတဲ့လူတွေမြင်ရင် အော်ကလီဆန်တတ်တယ်။ ဓာတ်ခံမကောင်းဘူး ဆိုရမလားပဲ။ တချို့ကတော့ အစားရွေးစားတယ်လို့ သမုတ်ချင်မလားပဲ။ ကျွန်တော့် အကျင့်တခုက ရွံပြီဆိုရင် 
လှည့်မကြည့်တတ်ဘူး။ မကြိုက်ဘူးဆိုရင် လုံးဝမစားတော့ဘူး။ ကြိုက်တာတွေ့ရင်တော့ သူများအမြင်ကပ်လောက်အောင် စားတတ်တယ်။ ထားပါ။ ဘရင်းကြက်ပေါင်း ညှီလို့

Acnotin(Isotretinoin 10 mg) ဝက်ခြံပျောက်ဆေး

Acnotinဆိုတာ Isotretinoin 10 mg ပါဝင်တဲ့ ဝက်ခြံပျောက်ဆေး တမျိုး ဖြစ်ပါတယ်။ retinoic acid အမျိုးအစားမှာ ပါဝင်တယ်။ အရမ်းဆိုးတဲ့ ဝက်ခြံမျိုး၊ဝက်ခြံအိတ်နဲ့ တကိုယ်လုံးအနှံ့ပေါက်တဲ့ ဝက်ခြံမျိုးမှာ အသုံးဝင်တယ်။ မျက်နှာတင်မက ရင်ဘတ်၊ကျောပြင် စတဲ့နေရာ ဝက်ခြံအဖုတွေ ပေါက်တဲ့အခါမျိုးမှာလည်း သုံးတယ်။ တခြားဝက်ခြံပျောက်ဆေးတွေနဲ့ မရမှ isotretinoin ကို အသုံးပြုပါတယ်။ တချို့က စတီးရွိုက်ဆေး နဲ့ ရောထည့်ပေးတယ်။ 

Scabo(Ivermectin 6mg) ဝဲသံသရာ ကင်းဝေးပါစေ

ဝဲဆိုတာမျိုးက ပါရာဆိုက်(parasite) ကပ်ပါးကောင်ကြောင့် ဖြစ်စေပါတယ်။ ဒါ့ပြင် သန်း၊လှေးမွှား၊ဆင်ခြေထောက် စတာတွေဟာလည်း အင်းဆက် ကပ်ပါးပိုးကြောင့် ဖြစ်စေတယ်။ ကပ်ပါးပိုးသဘောက ယားယံတတ်တယ်။ အနီစက်ထွက်တာ ရှိတယ်။ တနေရာတည်းမဟုတ်ပဲ တခြားနေရာတွေမှာလည်း ယားယံတတ်တယ်။ ကပ်ပါးပိုးတွေကို နှိမ်နင်းဖို့ သောက်ဆေး၊လိမ်းဆေး လိုအပ်ပါတယ်။ Scaboဆိုတာ ဝဲကိုနှိမ်နင်းတဲ့ သောက်ဆေးတမျိုး ဖြစ်ပါတယ်။ ဝဲဆေးဆိုတာထက် ကပ်ပါးကောင်ကို နှိမ်းနင်းတဲ့ဆေးဆိုရင် ပိုမှန်တယ်။ scabo ဝဲဆေးထဲမှာ ပါဝင်တာက Ivermectin 6mg ဖြစ်ပါတယ်။ Ivermectin 3mg ဆိုတာ လည်း ရှိသေးတယ်။ 6mgကို လိမ္မော်ရောင်၊3mgကို ခရမ်းရောင်ကဒ်ပုံစံနဲ့ ထုတ်လုပ်ထားတယ်။ တဗူးတကဒ်ဖြစ်ပြီး ဆေးတကဒ်မှာ ဆေးလုံး(၁၀)လုံး ပါဝင်တယ်။

Friday, March 20, 2015

မျက်စိပါဝါ ဆေးနဲ့ချခြင်း

ဆရာ ကျန်တော်မျက်စိက ပါဝါ ၁၅၀ရှိပါတယ်။ ဘယ်ဖက်က ၁၂၅ပါ။မနေ့က မျက်စိသွားစမ်းတော့ ပါဝါနဲနဲတက်တယ်ပြောပါတယ်။ အစိတ်တက်သွားပြီတဲ့။အဲဒါမျက်မှန်ထပ်လုပ်ရမယ်ဆိုလို့လုပ်ခဲ့ပါတယ်။ သိချင်တာက မျက်စိပါဝါက ဒီလိုဘဲအမြဲတက်နေမှာလား။ မတက်အောင်ဘာလုပ်ရမလဲ ။ဆောင်ရန်၊ရှောင်ရန်သာမက ဘယ်လိုမျက်စိအားဆေးမျိုးသောက်ရမလဲ။ကျွန်တော်အသက်က အခုမှ ၁၉နှစ်ပဲ ရှိပါတယ်။ GTCတက်နေတာပါ။ကွန်ပျူတာတော့ နှိပ်ဖြစ်ပါတယ်။ မျက်စိပါဝါကျအောင် ဘာလုပ်သင့်လဲ ဖြေကြားပေးပါခင်ဗျာ။
(မျက်စိအဖြေစာရွက်ကိုပါ ပူးတွဲပေးပို့လိုက်ပါတယ်။)

သိုင်းရွိုက်ရောဂါနဲ့ ဓာတ်စာ

thyroid ကြောင့် ဟော်မုန်းများတဲ့ရောဂါကိုဘယ်လိုကုသရမလဲ ဆရာ။ နောက်ပြီး ဘယ်လိုဓာတ်စာတွေစားရမလဲသိချင်လို့ပါ။အခုလောလောဆယ် YGN ဆေးရုံကြီးကပေးထားတဲ့ဆေးတွေသောက်နေပါတယ်။


သိုင်းရွိုက်ဆိုတာ အသက်၂၀-၅၀အတွင်း သက်လတ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတယ်။သိုင်းရွိုက် ဟော်မုန်းများတာကို thyrotoxicosis လို့ခေါ်တယ်။ ရောဂါဆိုတာထက် လက္ခဏာလို့ပြောရင် ပိုမှန်တယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့

ကြီးမှပေါင်းတဲ့ ရောဂါ

မြန်မာ့ လမ်းပြကြယ် (friends with အချစ် ဟတ်ကာ) commented on your status.
မြန်မာ့ wrote: "ဆရာ...ကျီးပေါင်းရောဂါကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ"


ကျီးပေါင်းကို ဆေးပညာလို spondylosisလို့ခေါ်ပါတယ်။ဂုတ်ကျီးပေါင်းကို cervical spondylosis၊ခါးကျီးပေါင်းကို lumbar spondylosisခေါ်ပါတယ်။ထပ်ရှင်းရရင် spondylဆိုတာ spinal column ကျောရိုးဆစ်၊osisဆိုတာ ကြာလာတာအမျှ

ဝက်ခြံပျောက်နည်း


မင်္ဂလာပါ ဆရာ ဆရာ့ကို ရိုသေစွာဖြင့် ဂါရဝပြုပါတယ်နော်
                                      ညီမမျက်နှာမှာ အရင်ကဝက်ခြံတွေအရမ်းထွက်ပါတယ်
်အခု သူငယ်ချင်းတစ်ယောက်ညွှန်လို့ tetracyclin ဆွဲသောက်တာတော်တော် ပျောက်သွားပါတယ် ဒါပေမဲ့ အမည်းစက်တွေကျန်ခဲ့ပါတယ် မျက်နှာကကြည့်ရဆိုးနေပြီး အလုပ်သွားရင်လဲ အမြဲတမ်းသနပ်ခါးနဲ့ဖုံးနေရတယ် အပြင်တွေသွားရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားရပါတယ် အဲဒီအမည်းစက်တွေပျောက်သွားအောင် ဘယ်လိုဆေးတွေလိမ်းသင့်လဲဆိုတာ ပြောပြပေးပါနော် ညီမဆေးတွေ cosmetic တွေလိမ်းတာလဲ တော်တော်စုံနေပြီ မပျောက်လို့ အခုတော်တော်လေးကိုစိတ်ညစ်နေပါတယ် ညီမလဲ သူများတွေလို မျက်နှာဖြူဖြူစင်စင်လေးဖြစ်ချင်ပါတယ်

လေနာဆေးများ


အစာအိမ်‌နာ ‌လေထခြင်းအတွက်‌ ဘယ်‌‌ဆေး‌ကောင်းပါသလဲ။ အလုပ်‌က အလှပြင်‌ဆိုင်‌ဖွင့်‌ထားတာဆို‌တော့ ထမင်းစားချိန်‌ ပုံမှန်‌ထားလို့မရပါဘူး၊ အဆာလွန်‌ပီး ‌လေထတာမျိုး မကြာခဏဖြစ်‌တက်‌တာ ‌‌ဆောင်‌ထားလို့ရတဲ့ ‌ဆေးမျိုးရှိရင်‌ လမ်းညွန်‌‌ပေးပါရှင်‌
‌ကျေးဇူးတင်‌ပါတယ်‌

အူကျတာ

Facebookမဝင်ဖြစ်တဲ့အတွက် အဖြေနောက်ကျရင် ခွင့်လွတ်ဖို့ အရင်ဆုံးပြောပါရစေ။ 
အူကျတာ အဓိကအားဖြင့် ၁။ဗိုက်ထဲမှာ ဖိအားများလို့၂။ကြွက်သားအားနည်းလို့ ဖြစ်ရတယ်။ အမျိုးသားတွေ၊အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ မွေးကင်းစအရွယ်မှာ umbilical herniaဆိုတာ တွေ့ရပေမယ့် သိပ်မကြာခင် သူ့နေရာမှန်ပြန်ရောက်သွားတယ်။ 
herniaမှာ အနေအထိုင်က အရေုးကြီးပါတယ်။ ကိုယ့်ဘာသာ နေတတ်အောင် နေရတယ်။အလေးအပင်မလို့ မရဘူး။ ကုန်းရ၊ထရတဲ့အလုပ်တွေ ရှောင်သင့်တယ်။ ချောင်းဆိုးရင်ပိုဆိုးလာတာကြောင့် အအေးမခံသင့်ဘူး။ အစားအသောက်မှာ ပျော့တာပဲ စားပေးသင့်တယ်။ဝမ်းချုပ်ရင် ညစ်တဲ့အခါ ပိုဆိုးလာတယ်။ ဒါ့ကြောင့်

အဆုတ်ရောင်ရင် ဘာတွေရှောင်မလဲ

အဆုတ်ရောင်ရင်ဘယ်လိုအစားအသောက်မျိုးတွေေ၇ှာင်ပီးဘာတွေ များများစားပေးရမလဲ၊ ဥပမာ-အသီးအနှံ၊ နောက် လည်ချောင်းပြွန်ရောင်ရင်ရောဘာတွေရှောင်ပီး ဘာတွေများများစားဖို့ လိုအပ်ပါသလဲရှင် .......ကျေးဇူးပြုပြီးဖြေကြားပေးပါနော်

Artificial sweetener သကြားအစားထိုး ဆေးအမျိုးမျိုး

သကြားတစ်ဇွန်းမှာ အချိုဓာတ်အပြင် အင်နာဂျီကို ဖြစ်စေတဲ့ ကယ်လိုရီဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်တာကြောင့် အဆီပိုတွေစုပြီး ဝိတ်တက်နိုင်တယ်။ ဆီးချိုသမားတွေနဲ့ မသင့်တော်ဘူး။ သွားတွေ ပျက်ဆီးနိုင်တယ်။ နောက်ပိုင်း ကျန်းမာရေးပြဿနာတွေ များလာတယ်။ ဒါ့ကြောင့် ၁၉၆၀နောက်ပိုင်းကစပြီး သကြားအစားထိုးဆိုတာတွေ ခေတ်စားလာတယ်။ သကြားအစားထိုးဆိုတာ သကြားလို အချိုဓာတ်ပါဝင်ပေမယ့် ကယ်လိုရီနည်းတာကြောင့် low calorie sweetenerလို့လည်း ခေါ်ကြတယ်။ artificial sweetenerလို့လည်း တမျိုးခေါ်နိုင်တယ်။

အဆီကျဆေးသောက်နည်း

မင်္ဂလာပါဆရာ။ကျမအသက်၂၉နှစ်ပါ။ zytrim(orlistat 120mg)ကိုဘယ်လိုသောက်ရမလဲ။ မနက်ပိုင်းသောက်တဲ့အဆီကျကော်ဖီနဲ့တွဲသောက်လို့ရလား။ orlistatကစားတဲ့အစားအသောက်ထဲကအဆီကို အူကမစုပ်ယူနိုင်အောငလုပ်ပေးတယ်ဆိုတော့တခြားဆေးတွေနဲ့ တွဲသောက်ရင်အာနိသင်ရှိလားဆရာ။
တခြားအဆီကျဆေးကောင်းတာရှိရင်ညွှန်ပေးပါဆရာ။ green teaဆေးတောင့်နဲ့တွဲသောက်နိုင်လားဆရာ။ကျေးဇူးတင်ပါတယ်။

ခြေသလုံးအဆီကျအောင်

ဒေါက်တာရှင့်,
ကျွန်မအသက် 24နှစ်ပါ။ အရပ်က ငါးပေနဲ့လေးလက်မ ရှိပါတယ်...
ပေါင်ချိန်က 124ပေါင်ရှိပါတယ်။ ဒါမဲ့ စက်တွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။
အိမ်မှရှိတဲ့ စက်က 124ပေါင်ပြပါတယ်။ နောက်တစ်ခြားတစ်နေရာကစက်က 119ပေါင်ပြပါတယ်။
ကျွန်မအရင်က အသက် 23နှစ်လောက်က ပေါင်ချိန် 103 သို့ 104 ပေါင်ရှိပါတယ်။ အဲဒီတုန်းက အစားလည်း ပုံမှန်ထက် နည်းနည်းပိုစားပါတယ်။ ဒါပေမဲ့ ၀မလာပါဘူးရှင့်။နောက် အရမ်းပိန်တယ် အားဆေးသောက်ဆိုလို့ ဂျင်ဆိုမင် လေးလသောက်ပါတယ်။

Li Shou Slimming Capsule တရုတ်ပိန်ဆေး

မင်္ဂလာပါဆရာ။lishou ပိန်ဆေးနဲ့ပတ်သက်ပြီးသိချင်လို့ပါ။ဆေးဆိုင်ကကောင်းတယ် ဆိုပြီးပြောလို့သူငယ်ချင်းကဝယ်လာတာပါ။ အကောင်းအဆိုးလေးတွေသိချင်ပါတယ်။ကျေးဇူးတင်ပါတယ်။



မေးထားတာက တရုတ်တိုင်းရင်းဆေးဖြစ်တဲ့အတွက် ပြန်လေ့လာရပါတယ်။ ပါဝင်တာတွေကလည်း တရုတ်ရိုးရာherbalကထုတ်တာဖြစ်လို့ ရေးနေကျ ပိန်ဆေးတွေနဲ့ နည်းနည်းကွာခြားပါတယ်။တရုတ်စကားလုံး lishouကို မြန်မာလို "လီရှူံး"လို့ ဘာသာပြန် ခေါ်ရမယ်ထင်ပါတယ်။ တရုတ်ရိုးရာပိန်ဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတယ်။ ဆေးဗူးပုံစံဟာ ၂၀၁၃ဇန်နဝါရီလ နောက်ပိုင်းကစပြီး အနည်းငယ်

Hot and cold treatment အပူနဲ့အအေး ကုသနည်း

ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လူတွေဟာ နာကျင်မှုကို အံတုဖို့ အပူဖြစ်စေ၊အအေးဖြစ်စေ အလျှင်းသင့်သလို အသုံးပြုခဲ့ကြပါတယ်။ တကယ်လည်း နှစ်မျိုးလုံးဟာလည်း သူ့ဟာနဲ့သူ အကျိုးရှိကြပါတယ်။ ဒါကြောင့်လဲ ဆေးပညာမှာ ရောဂါတွေ၊ဒဏ်ရာတွေကို ကုသဖို့ အအေးနည်း(cold therapy)နဲ့ အပူနည်း(hot therapy)ကို အသုံးပြုကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ တချို့က ကြပ်ထုပ် ထိုးတယ်။ အပူကပ်တယ်။ တချို့က ရေခဲကို သုံးတယ်။ရေအေးဝတ်ကပ်တယ်။ မေးစရာကောင်းတာတခုက ဘယ်အချိန်မှာ ဘယ်နည်းလမ်းက သင့်တော်လဲ၊မှန်ကန်လဲ ဆိုတာပါ။ အပူနဲ့ အအေး ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမလဲ။

အစားအသောက် အာဟာရတန်ဖိုးများ


Protein Foods(အသားများ)
Food Serving Calories
Ground Beef, Cooked, 70% Lean  4 oz  305
Bacon, Thick Cut  2 slices  122
Chicken Wing, with Skin  4 wings  394
Chicken Leg with Skin   1 leg  337
Pork Chop  2 chops, 8 oz  436
Eggs, Large  2 eggs  156
Steak, Ribeye  10 oz  544
Salmon  4 oz  233

Calorie ကယ်လိုရီနဲ့ အင်နာဂျီ

ကယ်လိုရီ(calories)ဆိုတာ အစားအသောက်တွေရဲ့ စွမ်းအင်(energy)တန်ဖိုးဖြစ်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့စွမ်းအင်တန်ဖိုးကို ကယ်လိုရီ(Calories)နဲ့ တွက်ချက်ကြတယ်။ နိုင်ငံခြားကလာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ထည့်သွင်းကြတယ်။  ဆေးတော်တော်များများမှာ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို ၂၀၀၀ကယ်လိုရီပေါ် အခြေခံပြီး တွက်ချက်ကြတယ်။ အစားအသောက်ထုပ်ပိုးမှုအချို့မှာ အလေးချိန်ဂရမ်ပေါ်မူတည်ပြီး ကယ်လိုရီဘယ်လောက်ပါဝင်လဲ သိရှိနိုင်တယ်။ စားသောက်ကုန်ပစ္စည်းအများစုမှာ ကယ်လိုရီဆိုတာ မပါမဖြစ်စကားလုံးဖြစ်လာတယ်။ အဝလွန်သူ၊ပိန်ချင်သူတွေပေါများတဲ့ ဒီနေ့ခေတ်ကာလမှာ ကယ်လိုရီနည်းတာတွေက ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။  ကယ်လိုရီနည်းမှ လူရာဝင်တယ်၊ပိန်တယ် ဖြစ်လာတယ်။ ဒါ့ကြောင့် ကယ်လိုရီအကြောင်း ပိုမိုသိဖို့ လိုအပ်လာပါတယ်။

Hovid Q10 plus နှလုံးအားဆေး

နှလုံးကျန်းမာရေးဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ငယ်ရွယ်စဉ်မသိသာပေမယ့် အသက်ကြီးပြီး ပျက်ဆီးတဲ့အခါ ၊နှလုံးအလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သိသာလာတယ်။ဒီိလိုအခါမျိုးမှာ ရင်တုန်တာ၊ရင်ဘတ်အောင့်တာ၊မောတာမျိုး အဖြစ်များတယ်။ နှလုံးအားကောင်းဖို့ဆိုတာ အစာအသောက် တခုတည်းနဲ့ မလုံလောက်သေးဘူး။ တခါတရံ coenzyme Q10ပါဝင်တဲ့ နှလုံးအားဖြည့်တဲ့ ဖြည့်စွက်ဆေးမျိုး လိုအပ်တယ်။ ဂျပန်နိုင်ငံမှာ နှလုံးရောဂါသည်တွေအတွက် CoQ-10ပါဝင်တဲ့ ဆေးတွေကို စတင်အသုံးပြုပြီးနောက်ပိုင်းမှာ  ပိုမိုတွင်ကျယ်လာတယ်။အမေရိကားမှာ အိုမီဂါသရီးနဲ့ ဗီတာမင်အားဆေးတွေပြီးရင် coenzyme Q-10က ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။

ယားနာပျောက်ဆေး


ဒေါက်တာခင်ဗျား
နေ့စွဲ။ ၂၄၊၁၁၊၂၀၁၃ (တနင်္ဂနွေနေ့)
ကျွန်တော့တွင် ပူးတွဲပါ ဓာတ်ပုံထဲမှ အတိုင်းယားနာများ ပေါက်နေပါသဖြင့် မည်သို့ ကာကွယ်၍ မည်သည့်ဆေးဝါးများ မှီဝဲသင့်ကြောင်း ပြန်ကြားပေးပါခင်ဗျာ။ 
၆၊၁၁၊၂၀၁၃ နေ့ညနေပိုင်းတွင် ယားဖုလေးတစ်ဖု လက်ဖျံတွင် စပေါက်ပါသည်။ ၄ ရက်ကြာပြီး လက်ဖျံနေရာ ကျဲကျဲတွင် ထပ်ထွက်လာ၍ ဆရာဝန်နှင့် သွားတွေ့ပါသည်။ 
ဆရာဝန်မှ ပထမ chickenpox ဆိုပြီး 
CHLORPHENIRAMINE 4MG 10 TAB
(၁၀) လုံး ကို ညနေပိုင်းတစ်နေ့တစ်လုံးသောက်ခိုင်း၍
CETIRIZINE 10MG (၁၀) လုံး ကို မနက်ပိုင်း တစ်နေ့တစ်လုံး သောက်ခိုင်းပါသည်။ လိမ်းရန် ပန်းနုရောင် CALAMINE LOTION လည်း ပေးပါသည်။
(၁၀) ရက်ပြည့်၍ မပျောက်သောအခါ chickenpox မဟုတ်ဟုဆိုကာ CETIRIZINE 10MG ကိုသာ မနက်တိုင်း တစ်နေ့ တစ်လုံးသောက်ရန် ညွှန်ကြားပါသည်။ လိမ်းဆေးပန်းနုရောင် CALAMINE LOTION လည်းပေး၍လိမ်းရပါသည်။ ပျောက်ကင်းရန် ၆ ပတ်ခန့် အချိန်ယူရမည်ဟုလည်း ပြောပါသည်။ ယခုအခါ မသက်သာပဲ ပို၍ အနီစက်များ များလာပါသဖြင့် မည့်သို့ပြုလုပ်သင့်သည်ကို ပြန်ကြားအကြံဥာဏ် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

သွေးကျဆေးအမျိုးမျိုး


Dear sir,
            I want to know anti-hypertensive drugs and their dosage adjustment according to blood pressure.Thanks you in advance,sir.

အရပ်ရှည်ဆေး ထိုးခြင်း


အရပ်ရှည်ဖို့ဟော်မုန်းဆေးထိုးလို့ရတယ်လို့ သတင်းစာထဲတွင်
ကျွန်တော်ဖက်ဖူးပါတယ် တစ်ကယ်ရှိတယ်လို့လည်းထင်ပါတယ်
ဘယ်လိုနေရာမျိုးတွင်ထိုးလို့ရပါသလည်း ထိုးသင်မထိုးသင့်လည်းပြောကြားပေးပါ

Champix ဆေးလိပ်ဖြတ်ဆေး

Champix ဆိုတာ ဆေးလိပ်ဖြတ်တဲ့ သောက်ဆေးတမျိုး ဖြစ်ပါတယ်။ နာမည်ကြီး Pfizer ဆေးကုမ္ပဏီက ထုတ်လုပ်တယ်။ Champixမှာ ပါဝင်တာက varenicline tartrate ဖြစ်ပါတယ်။ vareniclineဆိုတာ ဆေးလိပ်သမားတွေစွဲလန်းတဲ့ နီကိုတင်းဖြတ်ရာမှာ အသုံးဝင်တယ်။ တနည်းအားဖြင့် ဆေးလိပ်ဖြတ်ရာမှာ အသုံးဝင်တယ်။ ဆေးတဗူးကို သောင်းဂဏာန်းရှိတယ်။ ဥရောပနိုင်ငံနဲ့ ကနေဒါနိုင်ငံတွေမှာ champix နာမည်နဲ့ ရနိုင်တယ်။အမေရိကားမှာ chantixနာမည်နဲ့ ရနိုင်တယ်။ starter package နဲ့ maintaince packageဆိုပြီး နှစ်မျိုး ရှိတယ်။ starter packageဆိုတာ

Rifampicin တီဘီဆေး

Rifampicinရဲ့ အသုံးဝင်ပုံ/ဆိုးကျိုးတွေကို ဖော်ပြပေးပါ ဆရာ....

Rifampicinဟာ ဆေးတောင့်၊ဆေးရည်နဲ့ အကြောထဲသွင်းတဲ့ ဆေးပုံစံ အမျိုးမျိုးလာတယ်။ Rifampin လို့လည်း ခေါ်ပါတယ်။ အတိုကောက် R, RMP, RA, RF, RIF (US)ဆိုပြီးသုံးနှုန်းတယ်။ ဆေးစာအတိုကောက်တွေကို ဆေးကျောင်းမှာ သင်ရတော့ R လို့ အတိုကောက်သုံးတယ်။ တီဘီဆေးလို့ အများက သိကြတယ်။ အမှန်က အနာကြီးရောဂါမှာလည်း အသုံးဝင်တယ်။ ဦးနှောက်အမြှေးရောင်၊နှလုံးရောဂါ အချို့မှာလည်း သုံးသေးတယ်။နောက်ပိုင်းမှာ  cholestatic pruritusအတွက်လည်း သုံးလာတယ်။ ၁၉၅၉မှာ စတင်တွေ့ရှိခဲ့ပြီး ၁၉၆၇မှာ စတင်သုံးစွဲခဲ့တယ်။ 

ခြေထောက်နာ သက်သာဖို့


မက်တပ်ရပ်ပြီးအလုပ်လုပ်နေရလို့
ခြေထောက်နာသတ်သာအောင်ဘယ်လို
လုပ်ရမလဲ ဆရာ

ကျွန်တော်တို့လူသားတွေဟာ ဖြစ်ပျက် နိယာမကို မရှောင်လွဲနိုင်ကြဘူး။ မတ်တပ်ရပ်တဲ့အခါ gravity သဘောအရ သွေးပြန်ကြောစီးဆင်းမှုဟာ အထက်ကို မရောက်ကြဘူး။

ရောဂါနဲ့ ဟောက်တာ


Dear sir,
            My brother have got papitation for over years and done ECG,show that incomplete right bundle block.Is this condition serious?He also have sleep apnoea and have loud snoring.What is the cause and is this related to RBBB?Thanks u sir

ကလေးဝအောင်တိုက်တဲ့အားဆေး


က‌လေးဝ‌အောင်‌ ဘာအား‌ဆေး များတိုက်‌ရမလဲ
မြန်‌မာမုန့်‌များရဲ့ အာဟာရတန်‌ဖိုးကို ‌ပြောပြ‌ပေးပါ
‌ကျေးဇူးတင်‌ပါတယ်‌ ဆရာ


အဖြေနောက်ကျ ခွင့်လွှတ်ပါ။ ကလေးဝအောင် ကစီ၊အဆီ၊ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အစာစားပြီး ဝမလာတဲ့ ကလေးအတွက် ပရိုတင်းဓာတ်တွေ အဓိကလိုအပ်ပါတယ်။ aminomin လိုprotectoneလို ပရိုတင်းအားဆေးမျိုးပေါ့။ အစားနည်းသူမှာ အစာစားချင်စိတ်ဖြစ်ဖို့ ဗီတာမင်၊lysine

အနီစက်ပျောက်တဲ့ ဆေးနည်း


မဂ်လာပါ ဆရာ 
                     ကျွန်တော်ဆရာ့ဆောင်းပါးတွေ ဖတ်နေကြပါဆရာ ...အရေပြားရောဂါ အကြောင်းမေးချင်လို့ ...ကျွန်တော့ ခြေထောက်မှာ အနီစက်လေးတွေ ပေါ်နေလို့ဗျ တခါတလေ ယားပါတယ်... ၀က်ခြံသေးသေးလေးတွေ နဲ့ တူတယ် ညှစ်လိုက်ရင် အဆံလေးတွေ ထွက်ပါတယ် ဘယ်လို ပျောက်ကင်းအောင်လုပ်ရမလဲ သိချင်ပါတယ် ဆရာ ..... 
                       လေးစားစွာ ဖြင့်   
                                                                            ကို_

ရောဂါဗေဒင်ဖတ်ခြင်း


Dear sir,
          (1)  My younger brother have got very tiny mass inside his earlobe,it become larger on certain occasion and tender on touch.I've heard this condition is common in young men,right?What is the diagnosis,sir?
          (2)  And also i have got 4 siblings,one of the sibling have thalassaemia carrier.Does this mean that one of the sibling have thalassaemia major?
           Thanks u very much,sir.

အောက်မျက်ခမ်းက အဖုလေးတွေ ပျောက်အောင်


ဆရာရှင့်၊
ညီမမျက်လုံးအောက်(အောက်မျက်ခမ်း) အရေပြားတဝိုက်မှာအဖုသေးလေးတွေရှိပါတယ်။ ယားတာ၊နာတာ၊ကြီးလာတာမရှိပါဘူး၊ သိချင်တာကဘာရောဂါဖြစ်တာပါလဲ ၊ပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲ၊ကူညီပေးပါဦးနော်။
လေးစားစွာဖြင့်

Figger Gel အချိုးကျကျ၊လှပစေမယ့် အဆီကျလိမ်းဆေး

Figger Gel လိမ်းဆေးဟာ သဘာဝအဆီအနှစ်တွေက ထုတ်လုပ်ထားတဲ့ အဆီကျလိမ်းဆေး တမျိုး ဖြစ်ပါတယ်။ Slimming &Firming Gel အမျိုးအစားထဲမှာ ပါဝင်တယ်။ Slimming ခန္ဓာကိုယ် သွယ်သွယ်လျလျ၊ပါးပါးလျားလျား ဖြစ်ပေါ်စေသလို firming အသားအရေ တင်းတင်းရင်းရင်း ရှိစေတယ်။ cellulite ခေါ်တဲ့ အဆီပို၊အဆီခေါက်တွေကို အဓိက ချေဖျက်ပေးတယ်။ Figger Gel ဟာ လိမ်းဆေးအနေနဲ့ လာသလို Figger plus ဆိုတဲ့ သောက်ဆေးလည်း ရှိတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် F.C.P ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို five sharps ဆေးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ 

Sorbitol STADA powder ဝမ်းနုတ်ဆေး အမှုန့်ထုပ်

Sorbitol STADA powderဆိုတာ ဝမ်းနုတ်ဆေးထုပ် တမျိုးဖြစ်ပါတယ်။ အစားပျက်၊ခံတွင်းပျက် ဖြစ်သူတွေလည်း သောက်သုံးနိုင်တယ်။ Sorbitol STADA powder ဆေးထုပ်တစ်ထုပ်မှာ Sorbitol   5 g ပါဝင်တယ်။ ဆေးတစ်ဗူးမှာ ဆေးထုပ် (၂၀)ပါဝင်တယ်။ powder အမှုန့်ထုပ်ပုံစံဖြစ်လို့ ရေနဲ့သောက်ရတယ်။ လူကြီးရော၊ကလေးပါ သောက်သုံးနိုင်တယ်။ တချို့ကလည်း အမှုန့်ကို ပါးစပ်ထဲထဲ့ပြီး ရေနဲ့မျှောချကြတယ်။ ရေ၊ဖျော်ရည်အချို့နဲ့ ရောပြီးလည်း သောက်သုံးနိုင်တယ်။ 

ပိန်ဆေးသောက်ပြီး ရာသီထိန်သွားလို့


ဆရာရှင့်
ကျွန်မအသက်က ၂၇ပါ ကလေးရဖို့ကြိုးစားတာ ၃နှစ်ရှိပါပြီ ဘာတားဆေးမှမသုံးဖူးပါဘူး ကိုယ်အလေးချိန်က ၁၆၄ ပါ  အရပ်က ၅ပေ ၂ပါ  တော်တော်ကိုဝလို့ green coffee သောက်လိုက်တာ ဝိတ်ဆိုတာထက် သိသိသာသာကို ခန္ဓာကိုယ်က အချိုးကျတာပါ တိုက်ဆိုင်တာပဲလားမသိဘူးဆရာ LHTest စစ်တော့ သားဥမကြွေတော့ဘူး ၂လလောက်ရှိပါပြီ ဒါ့ကြောင့် တိုက်ဆိုင်တာလား side effect လားဆိုတာ ဆရာ့ကို အကြံတောင်းတာပါ
အခုတော့ သောက်တာရပ်ထားပါတယ် လေ့ကျင့်ခန်းလည်းလုပ်ပါတယ်
အားကိုးပါတယ်ဆရာ
ကျေးဇူးတင်ပါတယ်

အဖေ့အတွက် စိုးရိမ်လို့

ဆရာ
ကျွန်တော့် အဖေ အတွက် စိုးရိမ်လို့ မေးချင်တာပါ.
အသက် ၅၅ နှစ်ရှိပါပြီ.
မန်းလေး ကို ဆေးပြသွားတာ ဒီတခါရော ဆို နှစ်ကြိမ်ရှိပါပြီ
တလ တခါ ပြ ရတာပါ ..
အခု သောက်ဆေး တွေ ပေးလိုက် ပါတယ် 
အိမ်က ပြောတော့ အသည်း ရောဂါ . ကျောက် ကပ် ရယ်  .. ပြီးတော့ ပန်း ညှိုး တာရယ် 
ဖြစ်တာ လို့ပြောပါတယ် .။
အဖေ အရက် မသောက် တက် ပါ ..။
ကျွန် တော်သိချင်တာ က ဘာ ရောဂါ ဖြစ်နိုင် မလဲ

လိင်ဆက်ဆံပြီး သွေးဆင်းခြင်း


ဆရာရှင့် ကျွန်မ တစ်ခု လောက် မေးခွင့်ပြုပါ
ကျွန်မ ယောင်္ကျားနဲ့ လိင်ဆက်ဆံပြီး နောက် ကျွန်မ သွေးနဲနဲ ဆင်းနေတယ် တခါဆင်းရင် 2 ရက်လောက် ဆင်းတယ် ဆရာ အရင်ဆေးကဒ်နာမည်က OK ပါ ကိုယ်ဝန်တားဆေးပြောင်းသောက်တာ  1 လ ခွဲ လောက်ရှိပြီ (ပြောင်းသောက်ရတဲ့ အကြောင်းအရင်း ကလဲ OKဆးကဒ်ကသောက်ရင် ခေါင်းမူးမူးနေလို့ ပါ) ဆရာ  အဲဒီ ဆေးကဒ် ပြောင်း သောက်ထဲ က ဖြစ်နေတာ သွေးနဲနဲဆင်းတယ် လိင်ဆက်ဆံ ပြီးတိုင်း ဖြစ်တာတော့ မဟုတ်ဘူး တခါတခါ မှ သွေးဆင်းတာ   ကျွန်မ တို့ က 1 ရက်ခြား 1 ခါတော့ ဆက်ဆံတယ်  တလ ကို 3 ခေါက်လောက်တော့ သွေးဆင်းတယ် ဆရာ အဲဒါ ဘယ်လိုကြောင့် ဖြစ်နေတာ လဲ ဆိုတာ ကို သိချင်လို့ပါဆရာ ရောဂါ ပုံစံ လိုဖြစ်နေမှာ စိုးရိမ်လို့ပါဆရာ

                                                                                .... (ခေတ္တမလေးရှား)