Friday, March 20, 2015

အူကျတာ

Facebookမဝင်ဖြစ်တဲ့အတွက် အဖြေနောက်ကျရင် ခွင့်လွတ်ဖို့ အရင်ဆုံးပြောပါရစေ။ 
အူကျတာ အဓိကအားဖြင့် ၁။ဗိုက်ထဲမှာ ဖိအားများလို့၂။ကြွက်သားအားနည်းလို့ ဖြစ်ရတယ်။ အမျိုးသားတွေ၊အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ မွေးကင်းစအရွယ်မှာ umbilical herniaဆိုတာ တွေ့ရပေမယ့် သိပ်မကြာခင် သူ့နေရာမှန်ပြန်ရောက်သွားတယ်။ 
herniaမှာ အနေအထိုင်က အရေုးကြီးပါတယ်။ ကိုယ့်ဘာသာ နေတတ်အောင် နေရတယ်။အလေးအပင်မလို့ မရဘူး။ ကုန်းရ၊ထရတဲ့အလုပ်တွေ ရှောင်သင့်တယ်။ ချောင်းဆိုးရင်ပိုဆိုးလာတာကြောင့် အအေးမခံသင့်ဘူး။ အစားအသောက်မှာ ပျော့တာပဲ စားပေးသင့်တယ်။ဝမ်းချုပ်ရင် ညစ်တဲ့အခါ ပိုဆိုးလာတယ်။ ဒါ့ကြောင့်
ဝမ်းချုပ်စေမယ့်အစားအသောက်ရှောင်ပေးရတယ်။ အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ အဆီ၊အသားလျော့စားပါ။ ဝိတ်များတဲ့လူတွေမှာ အဖြစ်များလို့ ဝိတ်ကျအောင် ကြိုးစားသင့်တယ်။ တနေ့ကို လေ့ကျင့်ခန်း နာရီဝက်လောက် လုပ်ပေးပါ။ ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်း၊အကုန်းအကွ လုပ်ရတာတွေ ရှောင်ထားသင့်တယ်။အိပ်လျက်စက်ဘီးစီးရတဲ့လေ့ကျင့်ခန်းတွေ၊ရေကူးတာတွေက ခန္ဓာကိုယ်ကို ဖိအားမသက်ရောက်စေလို့ ကောင်းပါတယ်။ ကုသတဲ့အခါ သိပ်မဆိုးသေးရင် စောင့်ကြည့်ပါတယ်။ အူကျလာတဲ့အခါမှာ ကိုယ့်ဘာသာ ပြန်ထည့်လို့ရတာရှိတယ်။ inguinal herniaဖြစ်ရင် ရေခဲအိတ်တင်ပေးနိုင်ပါတယ်။ သိပ်ဆိုးလာရင် ခွဲစိတ်ပြပြင်ရပါတယ်။ ခွဲရတဲ့သဘောက ကျတဲ့အူက ကြာလာတဲ့အခါ လိမ်ပြီး ပိတ်တာမျိုး ဖြစ်လာတတ်လို့ပါ။ ဆေးကျောင်းသားဘဝ ခွဲစိတ်ဌာနမှာ အမေးများတဲ့ ခေါင်းစဉ်တခုပါ။ ဆေးကျောင်းပြီးတော့ ရလိုက်တာ သုံးခုရှိတယ်။ "ဆေး" ဦးနှောက်တွေ အဆေးခံလိုက်ရတယ်။ "ကျောင်း"သူ့တို့ကျောင်းသမျှ ကောင်းကောင်းခံရတယ်။ "သား" ဆိုတာ အမိမဲ့သား ရေနည်းငါးလို့ ခိုကိုးရာမယ့် ဖြစ်သွားမယ်။ ဆေးကျောင်းသာပြီးသွားပေမယ့် အခုချိန်ထိအလုပ်မရသူတွေ အများကြီးရှိနေတာ စိတ်မကောင်းစရာပါ။ ၂၀၁၅မှာ မြန်မာနိုင်ငံက အစိုးရဆရာဝန်တွေ ဘယ်လိုတိုးတက်ပြောင်းလဲမလဲဆိုတာ စောင့်ကြည့်ဖို့လိုပါပြီ။ အကောင်းဖက်ကို မျှော်လင့်နိုင်မယ်လို့ ယူဆပါတယ်။

No comments:

Post a Comment