ခြေထောက်နာသတ်သာအောင်ဘယ်လို
လုပ်ရမလဲ ဆရာ
ေ
ကျွန်တော်တို့လူသားတွေဟာ ဖြစ်ပျက် နိယာမကို မရှောင်လွဲနိုင်ကြဘူး။ မတ်တပ်ရပ်တဲ့အခါ gravity သဘောအရ သွေးပြန်ကြောစီးဆင်းမှုဟာ အထက်ကို မရောက်ကြဘူး။
ကြာလာတော့ သွေးအိုင်ပြီး ထုံလာ၊ကျင်လာတယ်။ နောက်ပိုင်း နာတာ၊အောင့်တာမျိုး ဖြစ်လာတယ်။ ထိုင်တာဖြစ်ဖြစ်၊မတ်တပ်ရပ် ကြာတာပဲဖြစ်ဖြစ် ကျန်းမာရေးအရ မကောင်းလှဘူး။ ဥပမာ လိပ်ခေါင်းရောဂါ၊သွေးပျစ်ရောဂါ ဖြစ်နိုင်တယ်။ ခြေထောက်ရောင်ရင်ကုသပေးရမယ်။ optiumလို ဆေးမျိုး သောက်ပေးနိုင်တယ်။ တနေ့၂-၃ကြိမ်လောက်ပေါ့။ အရမ်းနာရင် အကိုက်အခဲပျောက် လိမ်းဆေး၊သောက်ဆေး တမျိုးမျိုး သောက်နိုင်တယ်။ အကြံပေးရရင် ၁၅မိနစ်တကြိမ်လောက် ထိုင်ကြည့်၊နားကြည့်ပါ။ တခါက လေယာဉ်မယ်တယောက်က မေးဖူးတယ်။ အလုပ်မှာ ကြာရှည်ရပ်နေရတာ ကျန်းမာရေးအတွက် ကောင်းလား၊ဘာလုပ်သင့်လဲပေါ့။ ကျွန်တော်နှစ်ချက်ဘဲ ဖြေခဲ့တယ်။ (၁)ကျန်းမာရေးအတွက် မကောင်းဘူး။ (၂)ဖြစ်နိုင်ရင် အလုပ်ပြောင်းပါပေါ့။ ဘာ့ကြောင့်လဲဆိုတော့ ဥပမာ တရားထိုင်တဲ့လူတဦး ကြာလာတဲ့အခါ ခြေထောက်ထုံ၊ကျဉ်ကြတယ်။ အဲဒီအတွက် ဆေးရှိလားမေးရင် မရှိပါဘူးလို့ ဖြေပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရောဂါစစ်စစ် မဟုတ်လို့ပါ။ ကုသဖို့မှ မလိုအပ်တာ။ အချိန်တန်တော့ လှုပ်ရှားလိုက်ရင် သက်သာသွားတာပဲ မဟုတ်ပါလား။ ရောဂါမဟုတ်တာတခုအတွက် စိတ်ပူမနေပါနဲ့တော့။

ဒေါက်တာ အေးမင်းထူး
၂၅.၁.၁၄
No comments:
Post a Comment