Thursday, March 19, 2015

လူနာကြည့်ချိန်များ သတ်မှတ်လိုက်ခြင်း

လူနာကြည့်ချိန်များကို အချိန်ဇယားအလိုက် စနစ်တကျ သတ်မှတ်ထားပါသည်။ 
တနင်္လာ၊အင်္ဂါ - fertility clinic (ကလေးမရတာ၊မြုံတာ၊မျိုးပွားခြင်းဆိုင်ရာ ကုသခြင်း)
ဗုဒ္ဓဟူး၊ကြာသပတေး- liver disease (အသည်းရောဂါအမျိုးမျိုး၊ဘီပိုး၊စီပိုးကုသခြင်း)
သောကြာ၊စနေ - skin disease and beauty(အရေပြားရောဂါ၊အသားအရေဆိုင်ရာ ရောဂါများ ကုသခြင်း)
တနင်္ဂနွေ - slimming clinic (စနစ်တကျ ဝိတ်ချနိုင်အောင် ကူညီပေးခြင်း)

Clinic 64ဆေးခန်း
၆၄လမ်း၊၃၇-၃၈ကြား၊မဟာအောင်မြေ မြို့နယ်၊မန္တလေး။ ဖုန်း 09 402588148

ဆေးခန်းကြည့်ချိန်
မနက် ၈-၁၀ နာရီထိ
ညနေ ၄-၇ နာရီထိ

မနက်ပိုင်းချိန်သည် သက်ဆိုင်ရာရောဂါအမျိုးမျိုးအတွက် ဖြစ်ပြီး ညနေပိုင်းသည် အထွေထွေရောဂါအတွက် ဖြစ်သည်။ ရောဂါများကို သတ်မှတ်ချိန်အတိုင်း စနစ်တကျကုသရမည်ဖြစ်သည်။ 

fertility(ကလေးရအောင် ကြံဆောင်ခြင်း)
ကလေးမရတာ မြုံတာမျိုးက အမျိုးသမီး(သို့)အမျိုးသားမှာ ပြစ်ချက်တခုခု ရှိလို့ဖြစိနိုင်သည်။ ဟော်မုန်းပြောင်းလဲမှု၊ရောဂါနှင့် ခန္ဓာဗေဒအရ မျိုးပွားခြင်းလမ်းကြောင်း ပိတ်ဆို့တာ၊ကျဉ်းတာ အမျိုးမျိုး ဖြစ်နိုင်တယ်။ တကယ်လက်တွေ့ဖြစ်နေတဲ့ ရောဂါကို ရှာဖွေကုသနိုင်မှ ပျောက်ကင်းမှာ ဖြစ်ပါတယ်။ အသက်၃၅နှစ်အောက်တွေဟာ ကလေးရဖို့အခွင့်အလန်း အများကြီး ရှိပါတယ်။

liver disease(အသည်းရောဂါများ)
အသည်းရောဂါ အမျိုးမျိုး ရိှတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေကလည်း အများကြီးရှိဦးမယ်။ ဥပမာ စီပိုးဆိုပါတော့။ စီပိုးရှိတိုင်း ကုသရတာမျိုးမဟုတ်ပဲ ရောဂါအခြေအနေနဲ့ ပိုးအမျိုးအစားပေါ် မူတည်ပြီး ဆေးကုသဖို့ လိုမလို ဆုံးဖြတ်ရတယ်။ ဒီအတွက် ထိုးဆေး၊သောက်ဆေး လိုအပ်တယ်။ ဆေးကုသမှုဟာ ပိုးအမျိုးအစားပေါ် မူတည်ပြီး ၆လ (သို့) တနှစ်ကုသရတယ်။ ကြားထဲမှာ ကလေးယူတာမျိုး မလုပ်ရဘူး။ ဆေးကုပြီး အနည်းဆုံး ၆လနေမှ ကလေးစယူလို့ရတယ်။

Skin disease(အရေပြားရောဂါများ)
အရေပြားရောဂါဆိုတဲ့နေရာမှာ ပိုးဝင်တာ၊ဓာတ်မတဲ့တာ၊ခုခံအားခြင်းပြန်တိုက်တာ စသည်ဖြင့် အမျိုးမျိုးရှိတယ်။ ရောဂါပေါ်လိုက်ပြီး ကုသမှုခံယူရချိန် မတူညီကြဘူး။ ယေဘုယျအားဖြင့် ရောဂါပိုးတွေကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေက ကုသဖို့ လွယ်ကူပေမယ့် ခုခံအားစနစ်ကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေဟာ ကုသချိန်ကြာမြင့်တတ်တယ်။ ဓာတ်မတဲ့တာဖြစ်ရင် ရက်ပိုင်းအတွင်း ပျောက်ကင်းတယ်။ ဥပမာ အသားဖြူဆေးထိုးရင် ၃လလောက် ထိုးရတာမျိုး ရှိတယ်။

Slimming(ဝိတ်ချခြင်း)
ဝိတ်ချခြင်းဆိုတဲ့ နေရာမှာ အစားအသောက်၊ဆေးဝါး၊အနေအထိုင် ကဏ္ဍအစုံ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှ အောင်မြင်ပါတယ်။ ပိန်ဆေးတမျိုးတည်း သောက်နေရုံနဲ့ ဘယ်တော့မှ ပိန်မလာပါ။ ဒါ့ပြင် ဘယ်ပိန်ဆေး တွေက တကယ်ပိန်လဲ၊လူနာတွေနဲ့ ကိုက်ညီသလဲဆိုတာ ဆရာဝန်တွေက သေခြာလမ်းညွှန် ပြုပြင်ပေးရတယ်။ လိုအပ်ရင် လိမ်းဆေးကိုပါ စနစ်တကျ ထည့်ပေးသင့်တယ်။အစားအသောက်ဆိုတဲ့နေရာမှာ ဘယ်အစားအသောက်တွေက အဝလွန်ခြင်းကို ဖြစ်စေသလဲဆိုတာ ဝိတ်ချသူတွေ မသိကြတာ အဓိကအားနည်းချက်တခုဖြစ်တယ်။ အဲဒီအတွက် ဘယအစားအသောက်မျိုးကို စားမလဲ၊စားချင်လဲ ဆိုတဲ့ အချက်တွေပေါ် မူတည်ပြီး ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။ စားသင့်တဲ့အစားအစာတွေကို လူနာပေါ်မူတည်ပြီး ဆုံးဖြတ်ပေးရတယ်။ တချို့ကရှိတယ်။ ငါတော့ ဒီနေ့ထမင်းကို တကြိမ်ပဲစားပြီး ဝိတ်လျှော့မယ်ဆိုတာ လက်တွေ့မကျသလို ၁ပတ်ထက် ပိုမခံပါ။ နောက်ရက်တွေမှ လိုတာထက် ပိုစားပြီး ပိုဝလာတယ်။ အမှန်တော့ အစားအသောက်တခုထဲပေါ် အပြစ်တင်နေကြတာကိုက မှားနေပါတယ်။ တချို့က နောက်ကွယ်မှာ တခြားအကြောင်းအရင်းတွေ ရှိဦးမယ်။ဒီဟာတွေကိုလည်း လေ့လာသင့်တယ်။ အဝလွန်သူတွေမှာ လေ့ကျင့်ခန်းကို စနစ်တကျ လုပ်ပေးရတယ်။ မိမိစိတ်ဝင်စားတဲ့၊ပျော်တဲ့ လေ့ကျင့်ခန်းမျိုးက ဝိတ်ချဖို့ အကောင်းဆုံးဖြစ်တယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရပါတယ်။

(မှတ်ချက်-တနင်္ဂနွေနေ့ မနက်၁၀နာရီမှ ၁၁နာရီအတွင်း ဘယ်လိုရောဂါအတွက်မဆို လူကိုယ်တိုင်ဖြစ်စေ၊ဖုန်းနှင့်ဖြစ်စေ အကြံဥာဏ်တောင်းခံနိုင်သလို အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်)

ဒေါက်တာ အေးမင်းထူး
၁၅.၁၀.၁၄

No comments:

Post a Comment