Sunday, February 15, 2015

Usana အော်ဂင်းနစ်ဆေးတမျိုး

မင်္ဂလာပါဆရာ။ ဆေးအကြောင်းမမေးခင် congratulate အရင်လုပ်ပါရစေ။ ဆရာ့အသက်အရွယ်နဲ့ ကျန်းမာရေးအမေးအဖြေတွေ သာမက ဆေးဝါးအကြောင်းပါ ဆွေးနွေးချက်တွေ ဖတ်ရပါတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။အခု လည်း ဆေးအကြောင်းလေးမေးမြန်းဆရာရှိလို့ မေးပါရစေ။ ကျွန်တော်က ပြည်မှာနေတာပါ။ တရက်ကကျွန်တော့်တူမတယောက်က ရန်ကုန်ကနေပြီး ကျွန်တော့်အတွက်ဆိုပြီးသောက်ဖို့ဆေးလေးတွေပို့ပေးလိုက်ပါတယ်။ တမျိုးတလည်းမဟုတ်ပါဘူး။ သုံးမျိုးတွဲသောက်ရမယ်ပြောပါတယ်။usana active calcium၊chelated mineral နဲ့usana mega antioxidantဆိုပြီးသုံးမျိုးပေးလိုက်တာပါ။
တနေ့တလုံးသောက်ရင် က်ျမားရေးကောင်းပြီးအသားကြည်တယ်လို့ပြောပါတယ်။ဆေးတွေကမြန်မာနိုင်ငံမှာမရှိပဲ နိုင်ငံခြားကမှာရပါတယ်လို့ပြောပါတယ်။ဈေးကလည်းအလွန်ကြီးတယ်ပြောပါတယ်။ ဆေးနဲ့တဲ့ရင်ထပ်ပို့ ပေးလိုက်ဦးမယ်လို့ပြောပါတယ်။ကျွန်တော်အသက်က၄၀ကျော်ပါပြီ။ဒီဆေးအကြောင်းသိနိုင်ရင်သိချင်ပါတယ်။ဆေးနဲ့တဲ့မလား။ဆေးသောက်သင့်လားကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးစေလိုပါတယ်။



ဟုတ်ကဲ့၊ တချို့ဆေးတွေဟာ ကျွန်တော်တို့ဆရာဝန်တွေကိုယ်တိုင် မသိတာမျိုး၊ပြန်ဖတ်ရတာမျိုးရှိပါတယ်။ အထူးသဖြင့်နောက်ပိုင်းမှာ ပိုမိုခေတ်စားလာတဲ့ organic ဆေးဝါးတွေဟာ ကုမ္ပဏီအမျိုးမျိုးက တင်သွင်းကြသလို တကမ္ဘာလုံးမှာ မရေမတွက်နိုင်အောင်ရှိပါတယ်။ အဲလိုဆေးဝါးတွေဟာ ဖြည့်စွက်ဆေးသဘောမျိုးဖြစ်ပါတယ်။ ဆရာဝန်တွေ လက်ရှိအသုံးပြုနေတဲ့ ကုသတဲ့ဆေးသဘောမျိုးမဟုတ်ပါဘူး။ ကာကွယ်တဲ့သဘာ၊ဖြည့်တင်းတဲ့သဘောဖြစ်လို့ လူထုကြားမှာသာ သုံးစွဲမှုများကြတယ်။ဆရာဝန်တွေကိုယ်တိုင်ကတော့ မညွှန်တာများပါတယ်။ မသောက်နဲ့၊အကျိုးမရှိပါဘူးဆိုတဲ့သဘောမျိုးလည်း မဟုတ်ပါဘူး။မိမိယုံကြည်ချက်အရ သောက်သုံးနိုင်ပါတယ်။ကုမ္ပဏီအမျိုးမျိုးက ဆေးအမျိုမျိုးဖြစ်လို့မဝေဖန်တဲ့သဘောပါ။
Usanaအကြောင်းဆက်ရရင် လွန်ခဲ့တဲ့ ၈လလောက်ကထင်ပါတယ်။ usanaဆေးကို ဗူးတွေအကုန်ယူလာပြီး အသက်၇၀အရွယ်ဘဘကြီးတစ်ယောက်လာပြဘူးပါတယ်။ အရင်ကတည်းက ဆေးခန်မှာ မကြာခဏလာပြနေကျပါ။ဆီးချို၊သွေးတိုးလုံးဝမရှိဘဲ သွားနိုင်လာနိုင်တကယ့်သန်သန်မာမာကြီးပါ။ကျန်းမာရေးလည်း အတော်ဂရုစိုက်တယ်။ နည်းနည်းလောက် နေမကောင်းတာနဲ့ လာပြနေကျပါ။အဲဒီနေ့က သူ့သမီးစင်ကာပူက ပေးလိုက်တဲ့usana ဆေးဗူးတွေ အကုန်ယူလာပြီး တမျိုးချင်း ဘာတွေကောင်းသလဲလာမေးတာပါ။ရထားတဲ့ certificateတွေပါ ယူလာတာ။သူသောက်နေတာ၁လလောက်ရှိပြီဆိုပါတယ်။ဆေးတွေ ၄-၅မျိုးလောက်တွဲသောက်တာ ကောင်းနေတယ်၊ဂေါက်ရိုက်လို့လည်းကောင်းတယ်ပေါ့၊ဆေးပညာရှုထောင့်က သောက်သင့်လား မေးတာပါ။နောက်တချက်က ဆေးတွေကသူနဲ့အဆင်ပြေတယ်။ကောင်းတယ်။ဖက်စပ်လုပ်ပြီး ဖြန့်ရင်ကောင်းမလားပေါ့။လာတိုင်ပင်တာ။အဲဒီတုန်းက ဆေးဗူးတမျိုးချင်းဆီ သုံးသုံး၊မသုံးသုံး လောလောဆယ်တော့ ယူထားပါဆိုပြီး ပေးထားခဲ့ဖူးပါတယ်။ပြဿနာက တစ်ဗူးကို သိန်းဂဏာန်းရှိပါတယ်။ တကယ်ကောင်းပါမယ် အာမမခံနိုင်တော့ သုံးဖို့ဆိုတာလည်း အဆင်မပြေပါဘူး။စင်ကာပူမှာတော့ ပေါက်နေပြီလို့ဆိုပါတယ်။ အရေးကြီးတဲ့တချက်ပြောဖို့ကျန်နေတာက usanaဆေးသောက်ရင် သွေးမတက်ပါဘူး ယုံကြည်ပြီး အစားသိပ်မရှောင်တော့ နောက်သုံးလလောက်နေတဲ့အခါ ဆေးခန်းလာပြချိန်မှာ သွေးတက်နေလို့ သွေးကျဆေးပေးနေရတာ ယနေ့ချိန်ထိပါ။ ဒါ့ကြောင့် ဆေးကိုလိုသလောက်ပဲသောက်ပါ။ယုံကြည်မှုတော့ မလွန်ကဲပါစေနဲ့။

အကြံပြုချက်
-ဆေးတွေသောက်နိုင်ပါတယ်။ 
-တနေ့တကြိမ်လောက်သောက်တာ ပြဿနာမရှိပါ။
-တခါတရံ ဘယ်ဆေးကို ဘယ်နှလုံးလောက်သောက်ပါဆိုရင် ဂရုစိုက်ပါတော့။ဦးနှောက်နဲ့ စဉ်းစားပါ။
-organicဆေးကုမ္ပဏီတွေက ဆေးမတည့်သူမရှိဘူးဆိုတာမျိုး၊လူတိုင်းနဲ့တဲ့တယ် ဆိုတာမျိုးက ဆရာဝန်တွေဖက်မှာ လက်ခံရခက်စေတယ်။
-လူတယောက်နဲ့တယောက် ဖွဲ့စည်းပုံ မတူညီကြပါဘူး။
-ဆီးချို၊သွေးတိုးပျောက်ကင်းတာမျိုး လုံးဝမဟုတ်ပါ။ အထက်မှာ ပြောခဲ့ပါတယ်။
-ဈေးကို မကြည့်ဘဲသောက်လိုက သောက်နိုင်ပါတယ်။ သောက်ကြည့်လို့ ကိုယ်နဲ့တဲ့နေရင် ဆေးသောက်နိုင်ပါတယ်။
-ပုံမှန်အားဖြင့် ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမရှိတတ်ဘူး။
-လူပြိန်းနည်းနဲ့တွက်ကြည့်ရရင် ဈေးလည်းကြီး၊နာမည်ရပြီးသားဖြစ်ရင် ကောင်းဖို့များမယ် မဟုတ်ပါလား။

ဒေါက်တာ အေးမင်းထူး
၂၇.၇.၁၃



ဆရာ့ပြန်စာရပြီး ကျွန်တော်နားလည်လိုက်တာက ဆေးတွေသောက်နိုင်တယ်။ဘေးထွက်ဆိုးကျိုးနည်းတယ်။ဈေးတချက်ချိန်ပြီး သောက်ရင်သောက်ပါ။ရှိပြီးသားရောဂါတွေတော့ အကုန်ပျောက်မှာမဟုတ်ဘူး။ဒီလိုဆိုလိုတာ ထင်ပါတယ်။ အကြောင်းပြန်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် တခုချင်းဆီအကြောင်း သိချင်ပါသေးတယ်။ကျွန်တော်ဆေးသောက်ပြီး ဆရာ့ကို အကြောင်းပြန်ပါ့မယ်။



ဟုတ်ပါတယ်။ကျွန်တော်တို့အသုံးပြုနေကျဆေးမဟုတ်လို့ ဆောင်းပါးရေးရင်လည်း စာတွေ့လောက်သာဖြစ်ပါမယ်။ onlineမှာ သူများတွေဝေဖန်ထားတာလောက်နဲ့ ကုမ္ပဏီရဲ့ကြေငြာတွေလောက်သာ ရေးဖြစ်မှာစိုးလို့ပါ။ အဆင်မပြေရင်တော့ပြောပါ။ကျွန်တော်ပြန်ရှာပြီး ဖြေပေးပါမယ်။ကျွန်တော့်မျက်စိပါဝါက နည်းနည်းတက်နေလို့ ဒီလောက်ပဲဖြေနိုင်တာ ခွင့်လွှတ်ပေးပါ။ ဒါ့ကြောင် ဆောင်းပါးတွေလောလောဆယ် မရေးဖြစ်သေးတာပါ။

No comments:

Post a Comment