Sunday, February 15, 2015

Kinohimitsu detox juice အဆိပ်အတောက် ကင်းစင်၊ အသားအလှပိုင်ရှင်

ကီနိုဟီမစ်ဆု(kinohimitsu)ဆိုတာ စင်ကာပူအခြေစိုက် kino biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ productဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လေ့လာမှုအမျိုးမျိုး၊စမ်းသပ်မှုအမျိုးမျိုးလုပ်ကာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ထိုင်ဝမ်ကို ပြောင်းရွေ့ပြီး ထုတ်လုပ်ခဲ့တယ်။ မလေးရှားနဲ့ စင်ကာပူမှာ Euromonitor Research Houseက ချီးမြှင့်တဲ့ အရောင်းသွက်ဆုံး အသားရည်လှသောက်ဆေးဆုကို 2008 - 2011ထိ သုံးနှစ်ဆက်တိုက် ရရှိခဲ့တယ်။China, Singapore, Malaysia, Vietnam, Thailand နဲ့Indonesiaတွေမှာ သုံးစွဲသူပေါင်း သန်း ၁၅၀၀လောက်ရှိပါတယ်။ kinohimitsu ဆိုတဲ့အဓိပ္ပါယ်က ဂျပန်စကားမှာ "အပင်တွေရဲ့ လျို့ဝှက်ချက်"တဲ့။ kino ဆိုတာ အပင်၊himitsuဆိုတာ လျို့ဝှက်ချက် ကို
ဆိုလိုတယ်။ သူတို့ရဲ့productမှာ သကြားအစားထိုးပစ္စည်း၊ကြာရှည်ခံ ဓာတုပစ္စည်း၊ဆိုးဆေးစတာတွေ မပါဝင်ပဲ ၁၀၀% သဘာဝပစ္စည်းစစ်စစ်နဲ့လုပ်ထားတယ်လို့  အာမခံထားတယ်။ လက်ရှိမြန်မာနိုင်ငံဝင်လာတဲ့ ကီနိုဟီမစ်ဆုproduct ၅မျိုးလောက်ရှိပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို Medi Myanmarဆေးကုမ္ပဏီက တင်သွင်းလာတယ်။သောက်ဆေးရည် လေးမျိုးနဲ့ ခြေဖဝါးကပ်ခွာတမျိုးကို လောလောဆယ်တင်သွင်းထားတယ်။ နောက်ပိုင်းတော့ အဆင်ပြေသလို ဝင်လာလိမ့်မယ် ထင်တယ်။ 

Kinohimitsu detox juice
-အဆိပ်အတောက် ဖယ်ရှားပေးမယ့် သောက်ဆေးရည် ဖြစ်ပါတယ်။
-detoxဆိုတာ ခန္ဓာကိုယ်အတွက် ဘေးဥပါဉ်ဖြစ်စေမယ့် အဆိပ်အတောက်တွေ ဖယ်ရှားပေးမယ့်သဘော ဖြစ်တယ်။
-ဇီးသီးအရသာနဲ့ ခရိန်ဘယ်ရီသီး အရသာဆိုပြီး နှစ်မျိုးရှိတယ်။ မြန်မာနိုင်ငံမှာ ဇီးသီးအရသာ တမျိုးပဲ ရနိုင်တယ်။
-အမျှင်ဓာတ်တွေပါဝင်တဲ့ သစ်သီးမျိုးစုံနဲ့ ပြုလုပ်ထားတာကြောင့် စိတ်ချရတယ်လို့ ဆိုပါတယ်။
-တခြားကီနိုဟီမစ်ဆုဆေးတွေမသောက်ခင် detox အရည်ကို ၆ရက် အရင်သောက်ခိုင်းတယ်။ 
-ဆိုလိုတဲ့သဘောက ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေ အရင်ဖယ်ထုတ်စေတဲ့ သဘောဖြစ်ပါတယ်။

သောက်ဆေးတစ်ပုလင်းမှာ ဆေးရည် 30ml ပါဝင်တယ်။ နှစ်ကျိုက်စာလောက်ပဲ ရှိတယ်ဆိုပေမယ့် ဈေးအားဖြင့်ကြီးတယ်။ တစ်ပုလင်းကို ၅၀၀၀လောက် ရှိတယ်။ တစ်ဗူးမှာ ဆေးရည် ၆ပုလင်းပါတယ်။ ၆ရက်ဆက်တိုက်သောက်ဖို့အတွက် ကွက်တိပဲ။ ဆေးရည်တစ်လုံးမှာ သဘာဝဆီးသီး ၃၆လုံး၊ ဘလက်ခ်ဘယ်ရီသီး ၁၅လုံး၊ ဘလူးဘယ်ရီသီး ၂၈လုံးစီကို ထည့်ထားတယ်။

ပါဝင်ပစ္စည်းများ
Dark Plum Fruit Juice, Purified Water, Sorbitol, Roselle Fruit Juice, Blueberry Concentrate, Mannitol, Blackberry Concentrate, Glace Plum Fruit Juice, Citric Acid.

-အထဲမှာပါဝင်တဲ့ဇီးသီးက အမျှင်ဓာတ်များတဲ့ အင်တီအောက်ဆီးဒင့်မျိုးဖြစ်တယ်။ အစာခြေလမ်းကြောင်းကို လှုပ်ရှားစေတယ်။
-ဘလက်ခ်ဘယ်ရီမှာ ဗီတာမင်၊သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေပြည့်ဝတာကြောင့် မလိုအပ်တဲ့ free radicalsတွေကို တိုက်ဖျက်နိုင်တယ်။
-ဘလူးဘယ်ရီက အရောင်ကျစေသလို အင်တီအောက်ဆီးဒင့်ကြွယ်ဝလို့ အဆိပ်အတောက်ကို ကူညီပြီး ဖယ်ရှားပေးဦးမယ်။
-ခရိန်ဘယ်ရီက ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်။

ဆေးဘယ်လိုသောက်မလဲ
ပထမဆုံးစသောက်သူတွေအနေနဲ့ တနေ့ တစ်ပုလင်းကို ၆ရက် ဆက်သောက်ပေးရမယ်။ မနက်စာ စားပြီး(သို့)အိပ်ယာမဝင်မှီသောက်ပေးသင့်တယ်။ သောက်တဲ့အခါ ပုလင်းကို သေချာလှုပ်ပြီးမှ သောက်ပေးရမယ်။ အရသာကောင်းစေဖို့ အအေးခံပြီးလဲသောက်နိုင်တယ်။ detox juiceသောက်ပြီး ၂-၄နာရီအတွင်း ဝမ်းသွားမယ်လို့ ဆိုထားတယ်။ အဆိပ်အတောက်တွေကို ဝမ်းကတဆင့် ပါသွားစေတယ်။ ဆေးရည် ၆ရက်ဆက်တိုက်သောက်ပြီးရင် တခြားကီနိုဟီမစ်ဆုဆေးရည်(beauty drink၊collagen men) တွေကို လိုသလိုဆက်သောက်သွားရမယ်။ နောက်ပိုင်းမှာ detox ဆေးရည်ကို တရက်ခြားတစ်ကြိမ်(သို့)တစ်ပတ် တစ်ကြိမ်ဆက်သောက်သွားသင့်တယ်။

ဆေးသောက်ရင် ဘာတွေကောင်းလဲ
-အဓိကအားဖြင့် အဆိပ်အတောက်တွေကို အူကတဆင့် ရှင်းထုတ်ပစ်တယ်။ 
-၆ရက်ဆက်တိုက်သောက်ပြီး အသားအရည်မွဲခြောက်ရာက ကြည်လင်လာတယ်။
-ကိုယ်တွင်းနံ့၊ခံတွင်းနံ့မကောင်းတာတွေ သက်သာလာတယ်။
-ဗိုက်အောင့်ခြင်း၊လေထိုးလေပွဖြစ်ခြင်းတွေကို လျှော့နည်းလာစေတယ်။
-အားအင်ပြည့်ဖြိုးစေပြီး ကြည်လင်လန်းဆန်းစေမယ်။
-စိတ်ဖိစီးမှု လျော့ကျလာစေမယ်။ခုခံအားတက်စေမယ်။
-ဓာတုပစ္စည်းတွေနဲ့ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
-လေထု၊ရေထုညစ်ညမ်းမှုကြောင့် ဆဲလ်တွေပျက်ဆီးမှုကို တားဆီးပေးတယ်။
-အဝလွန်ခြင်းကို ကာကွယ်ပေးတယ်။
-ခန္ဓာကိုယ်အဆီကျစေပြီး သွယ်လျကျစ်လစ်စေတယ်။
-အသားအရည် မွဲခြောက်ခြင်းမှ ပြန်လည်စိုပြေလာတယ်။
-အရေပြားအစက်အပျောက်တွေ လျှော့ပါးလာစေတယ်။

အကြံပြုချက်
-နံပါတ်တစ်အနေနဲ့ ဈေးကြီးတဲ့အချက်ကို အရင်သတိထားသင့်တယ်။ 
-ဆေးတမျိုးထဲသောက်ရုံနဲ့ မပြီးသလို တခြားဆေးရည် ဆက်သောက်ရဦးမယ်။
-တကယ်ကောင်းပါတယ်ဆိုတာလဲ လူတိုင်းမဟုတ်တာ တွေ့ရတယ်။
-ဘယ်လိုပဲကောင်းပါတယ် ပြောပြော တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။
-အကျိုးရှိတာ ဖြစ်နိုင်သလို placeboသဘော စိတ်လှည့်စားဖို့ ဖြစ်နိုင်ပြန်တယ်။
-ထူးခြားမှုဆိုတာ တစ်ရက်၊နှစ်ရက်နဲ့ ပြောရခက်တယ်။
-အများစုဟာ ဆေးသောက်ပြီး ၂နာရီလောက်မှာ ဝမ်းသွားကြတယ်။ 
-အမြဲဝမ်းသွားတာမျိုးမဟုတ်လို့ စိုးရိမ်စရာမရှိဘူး။
-ဘေးထွက်ဆိုးကျိုးအားဖြင့်တော့ နည်းပါလိမ့်မယ်။ 
-အလားတူ ပြောသလောက် အာနိသင်ရှိမယ်လို့လည်း မမျှော်မှန်းသင့်ဘူး။
-၂၀၁၂ မတ်လ ၂၀ရက်နေ့မှာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစာခြေသောက်ဆေးရည်အဖြစ် kinohimitsu detox juiceက ရွေးချယ်ခံခဲ့ရတယ်။


ဒေါက်တာအေးမင်းထူး
၁၄.၇.၁၃

No comments:

Post a Comment