Sunday, February 15, 2015

Kinohimitsu collagen men drinkအမျိုးသားများအတွက် ကိုလာဂျင်သောက်ဆေးရည်

အမျိုးသားတွေရဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အသားအရေ တင်းရင်းလှပစေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်။ အဓိကအားဖြင့် အသားအရေ စိုပြေချောမွေ့စေဖို့ collagen ဓာတ်တမျိုးနဲ့ ထုတ်လုပ်ထားတယ်။ ဝက်ခြံ၊အမည်းစက်၊အမာရွတ်၊အရေး အကြောင်းတွေကို လျှော့နည်းသက်သာစေတယ်။ အဆီပြန်တဲ့သူတွေနဲ့ သင့်တော်သလို အရေပြားရဲ့ အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးတာကြောင့် အစက်အပျောက်ကင်းစင်ပြီး ဝင်းပတဲ့အသားအရေမျိုး ပိုင်ဆိုင်ရမယ်လို့ ဆိုထားတယ်။ ဒီဆေးမသောက်ခင် kinohimitsu detox juiceကို အရင်သောက်သင့်တယ်လို့ ဆိုပါတယ်။ မလိုအပ်တဲ့ အဆိပ်အတောက်တွေ အရင်ဖယ်ရှားပြီးမှ collagen men drink ကို သောက်ရတယ်။ 

Collagenဆိုတာ
Collagenဆိုတာ လူ့အရေပြားအတွက် အရေးပါတယ်။ အရေပြားရဲ့ ၇၀ရာခိုင်နှုန်းကို collagenဓာတ်တွေနဲ့ အဓိကတည်ဆောက်ထားတယ်။ ကော်လာဂျင်ဆိုတာလည်း ပရိုတင်း တမျိုးပဲ။ခန္ဓာကိုယ်မှာ ရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းဟာ collagenဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။အရိုး၊အရိုးနု၊အကြော၊အဆစ်စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာလည်း collagenရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။အသားအရေတင်းရင်းပြီး ချောမွေ့နေတာက collagenရဲ့ လုပ်ဆောင်မှုကြောင့်ပါ။ သို့သော် ပြဿနာတခုက အသက် ၂၀ကျော်တာနဲ့ collagenဓာတ်တွေ စတင်ဆုံးရှုံးလာတယ်။ အရေပြားဆဲလ်တွေ စတင် ပျက်ဆီးလာတယ်။ ဒါတင်မကသေးပဲ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ခရမ်းလွန်ရောင်ခြည်စတာတွေကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတယ်။ collagen တဖြည်းဖြည်း လျှော့နည်းလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာတယ်။ အသားအရေ တင်းရင်းမှု၊လှပမှု လျှော့ကျလာတယ်။ဒီလိုအခါမျိုးမှာ ဆုံးရှုံးသွားတဲ့ collagenဓာတ် ပြန်လည်ဖြည့်တင်းဖို့ အရေးကြီးလာတယ်။ ဒီလိုပြဿနာမျိုးကို ဖြေရှင်းဖို့ အမျိုးသားတွေသောက်သင့်တဲ့ Kinohimitsu collagen men drinkဆိုတာကို ထုတ်လုပ်လာတယ်။ 

Kinohimitsu ဆိုတာ
ကီနိုဟီမစ်ဆု(kinohimitsu)ဆိုတာ စင်ကာပူအခြေစိုက် kino biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ productဖြစ်ပါတယ်။ dietary supplement ဖြည့်စွက်ဆေး သဘောမျိုးဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လေ့လာမှုအမျိုးမျိုး၊စမ်းသပ်မှုအမျိုးမျိုးလုပ်ကာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ထိုင်ဝမ်ကို ပြောင်းရွေ့ပြီး ထုတ်လုပ်ခဲ့တယ်။ မလေးရှားနဲ့ စင်ကာပူမှာ Euromonitor Research Houseက ချီးမြှင့်တဲ့ အရောင်းသွက်ဆုံး အသားရည်လှသောက်ဆေးဆုကို 2008 - 2011ထိ သုံးနှစ်ဆက်တိုက် ရရှိခဲ့တယ်။China, Singapore, Malaysia, Vietnam, Thailand နဲ့Indonesiaတွေမှာ သုံးစွဲသူပေါင်း သန်း ၁၅၀၀လောက်ရှိပါတယ်။ kinohimitsu ဆိုတဲ့အဓိပ္ပါယ်က ဂျပန်စကားမှာ "အပင်တွေရဲ့ လျို့ဝှက်ချက်"တဲ့။ kino ဆိုတာ အပင်၊himitsuဆိုတာ လျို့ဝှက်ချက် ကို ဆိုလိုတယ်။ သူတို့ရဲ့productမှာ အဆီပို၊ကိုလက်စတော၊သကြားအစားထိုးပစ္စည်း၊ကြာရှည်ခံ ဓာတုပစ္စည်း၊ဆိုးဆေးစတာတွေ မပါဝင်ပဲ ၁၀၀% သဘာဝပစ္စည်းစစ်စစ်နဲ့လုပ်ထားတယ်လို့  အာမခံထားတယ်။ 

Kinohimitsu collagen men drinkထဲမှာ အမျိုးသားတွေအတွက် အမှန်တကယ် လိုအပ်တဲ့ collagen peptide 5300mg ထည့်သွင်းပေးထားတယ်။ တခြားအသားအရေနဲ့ဆိုင်တဲ့ပစ္စည်းတွေလည်း ထည့်သွင်းထားတယ်။ ဟော်မုန်း၊စတီးရွိုက်၊ဓာတုပစ္စည်းတွေမပါဝင်ဘူးလို့ SGS (Global Benchmar Recognition on Quality and Integrity)က အသိမှတ်ပြုပေးထားတယ်။yokaလို အင်တာနက် ရှာဖွေရေးကုမ္ပဏီရဲ့ ၂၀၁၀ခုနှစ်အတွက် ပေါ်ပြူလာအဖြစ်ဆုံး အသားလှသောက်ဆေးဆုကို ကီနိုဟီမစ်ဆု men collagenဆေးရည်က ရရှိခဲ့တယ်။ 

ပါဝင်ပစ္စည်းများ
Marine collagen peptide က အသားအရေကို တင်းရင်းစိုပြေလှပစေတယ်။ မောလီကျူးဆိုဒ်သေးတာကြောင့် စုပ်ယူနိုင်မှု အားကောင်းတယ်။
Perilla seed extract နဲ့ aloe vera က ပျက်ဆီးနေတဲ့အရေပြားကို ပြုပြင်ပေးတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ကျစေတယ်။
Cactus extract(Opuntia dillenii)မှာ သတ္တုဓာတ်များစွာ ပါဝင်တယ်။ peptinနဲ့ flavonoidဓာတ်တွေက က အစိုဓာတ်ကို ထိန်းပေးတယ်။ နာကျင်မှုကို သက်သာစေတယ်။UV raysကြောင့်ဖြစ်ပွားတတ်တဲ့ အရေပြားယားယံပျက်ဆီးမှုကို ကာကွယ်ပေးတယ်။
Hyaluronic acidက ဆဲလ်တွေကို ရေဓာတ်အားဖြည့်ပေးတယ်။အသားအရေခြောက်ခန်းခြင်းကို ကာကွယ်ပေးတယ်။ အဆီဓာတ်နဲ့ရေဓာတ်ကို မျှခြေဖြစ်အောင် ထိန်းညှိပေးလို့ ချောမွေ့စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်စေမယ်။
Wheat dextrin(Nutriose)ပါဝင်တာကြောင့် အူလမ်းကြောင်းကို သန့်ရှင်းစေပြီး စုပ်ယူမှုအားကောင်းစေတယ်။ အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတယ်။အစက်အပြောက်ကင်းစေတယ်။

ဘယ်လိုလူတွေ ဆေးသောက်သင့်လဲ
-အဆီပြန်တဲ့အသားအရေရှိခြင်း
-အသားအရေတွန့်ခြင်း
-မျက်ကွင်းညို၊မျက်အိတ်ကျခြင်း
-စိတ်ဖိစီးမှုများခြင်း
-အမည်းစက်၊နေလောင်၊ဝက်ခြံ ပေါက်ခြင်း
-ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း
-အရက်၊ဆေးလိပ်၊ကော်ဖီ အသောက်များခြင်း
-အသက် ၂၅နှစ်နဲ့အထက်ရှိသူတွေ သောက်သုံးသင့်တယ်။

ဆေးသောက်ရင်ဘာတွေ ကောင်းမှာလဲ
-မျက်နှာအဆီပြန်ခြင်း ကင်းစေတယ်။
-အမည်းစက်၊ဆားဝက်ခြံ၊အမာရွတ်တွေ ပျောက်ကင်းစေတယ်။
-အရေပြားကို ပြန်လည်နုပျိုစေတယ်။
-မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေ လျှော့နည်းစေတယ်။
-အသားအရေကြည်လင်ကောင်းမွန်စေတယ်။

လေ့လာချက်တွေအရ ၆ရက်အတွင်း ထူးခြားမှုရှိသလို ၂၈ရက်အတွင်း သိသာတဲ့ အရေပြားကို ပြုပြင်ပြောင်းလဲမှုကို တွေ့ရှိရတယ်လို့ ဆိုတယ်။ အသက် ၃၀နဲ့ ၅၅နှစ်အတွင်း အာရှအမျိုးသား ၂၀၀ကျော်ကို စမ်းသပ်မှုတွေအရ တိုးတက်ပြောင်းလဲမှုကို အောက်ပါအတိုင်းတွေ့ရတယ်။
ရုန်းဆန့်နိုင်စွမ်း                             ၉၈%
ရေဓာတ်                                          ၉၈%
အရေးအကြောင်းသက်သာမှု     ၉၁%
အရေပြားတင်းအား                      ၈၉%
အစိုဓာတ်ထိန်းသိမ်းမှု                  ၈၄%
အဆီထွက်ခြင်း                              ၂၇%

ဆေးဘယ်လို သောက်သင့်သလဲ
ဒီဆေးမသောက်ခင် Kinohimitsu detox juiceကို ၆ရက် အရင်သောက်ပေးသင့်တယ်။ detoxသောက်ပြီး ၇မြောက်နေ့မှာ Kinohimitsu collagen men drinkကို စသောက်နိုင်တယ်။ပထမဆုံးစသောက်သူတွေအနေနဲ့ တနေ့ တစ်ပုလင်းကို ၆ရက် နေ့စဉ်ပုံမှန် ဆက်သောက်ပေးရမယ်။ဆေးရည်ကို မနက်စာ မစားမှီ(သို့) အိပ်ယာမဝင်မှီ သောက်ပေးသင့်တယ်။ ဆေးသောက်တဲ့အခါ ပုလင်းကို သေချာလှုပ်ပြီးမှ သောက်ပေးရမယ်။ ပထမတစ်ကြိမ်ကို ၆ရက်ဆက်တိုက်သောက်ပြီးရင် နားထားနိုင်တယ်။ အသားအရေဆက်ထိန်းဖို့ဆိုရင် တစ်ရက်ခြားပြီး တစ်ပုလင်းဆီ သောက်ပေးနိုင်တယ်။  အရသာကို အဝင်မဆိုးအောင် ပြုလုပ်ထားတယ်။ လိုအပ်သေးရင် အအေးခံပြီး သောက်သုံးနိုင်တယ်။

ကီနိုဟီမစ်ဆုဆေးတွေဟာ ဈေးကြီးတယ်။ men collagenဆိုရင် တစ်ပုလင်းကို ၆၀၀၀လောက်ထိ ပေးရတယ်။ ဆေးတစ်ပုလင်းမှာ ဆေးရည် 50ml သာ ပါဝင်တယ်။ဆေးတစ်ဗူးမှာ ဆေးပုလင်း ၆လုံး ပါဝင်ပါတယ်။ တစ်ရက် တစ်လုံးဖြစ်လို့ ၆ရက်စာ ဖြစ်ပါတယ်။အရည်ဖြစ်တာကြောင့် စုပ်ယူမှုအားကောင်းတယ်။

စဉ်းစားသင့်သည့် အချက်များ
-ဈေးကြီးတဲ့အချက်ကို ကြိုတင်စဉ်းစားထားသင့်တယ်။
-ဆေးသောက်ပြီး ထူးခြားမှုမရှိတာမျိုးလည်း ဖြစ်နိုင်တယ်။
-အသက် ၂၅နှစ်အထက်က စတင်သောက်သုံးနိုင်တယ်။
-လူတိုင်းနဲ့သင့်တော်ပါမယ်လို့တော့ တရားသေမယူဆသင့်ဘူး။
-ပင်လယ်ငါးက ထုတ်ထားတာဖြစ်တဲ့အတွက် ပင်လယ်စာမတဲ့သူတွေ သတိထားသင့်တယ်။
-ဆေးသောက်ပြီး ဝက်ခြံထွက်လာတယ်ဆိုတာမျိုး စောဒကတက်တာ ရှိပါတယ်။
-တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး။
-ပြောသလောက် ကောင်းပါမယ်လို့တော့ ကြိုတင်မျှော်မှန်းမထားစေချင်ဘူး။


ဒေါက်တာ အေးမင်းထူး
၁၈.၇.၁၃

No comments:

Post a Comment