Monday, February 16, 2015

Optium(Calcium dobesilate 500mg) လိပ်ခေါင်းအတွက်

Optiumထဲမှာ Calcium dobesilate 500mg ပါဝင်ပါတယ်။ Vasoprotective ခေါ်တဲ့ သွေးကြောယိုယွင်းပျက်ဆီးမှုကို ကာကွယ်တားဆီးတဲ့ ဆေး မျိုး ဖြစ်တယ်။ ခြေထောက်သွေးပြန်ကြောရောဂါတွေမှာ အသုံးဝင်တယ်။ သွေးကြောမျှင်တွေရဲ့ ယိုစိမ့်မှုကို ပုံမှန်အတိုင်း ဖြစ်စေတယ်။ ဆီးချိုရောဂါသည်တွေ မြင်လွှာသွေးကြောပျက်ဆီးယိုယွင်းတဲ့ diabetic retinopathy ဖြစ်ခြင်းမှ ကာကွယ်တားဆီးပေးတယ်။ Diabetic Microangiopathy လို ရောဂါတွေမှာ အသုံးပြုကြတယ်။ လိပ်ခေါင်းမှာလည်း အကျိုးများတယ်။ 

calcium dobesilateဆိုတာ
dobesilic acidမှာ ပါဝင်တဲ့ calcium ဆားဓာတ်တမျိုးလည်း ဖြစ်တယ်။ ဆံချည်မျှင်သွေးကြောရဲ့ လုပ်ဆောင်မှုကို ပုံမှန်ဖြစ်စေတယ်။ ပါးလွှာပေါက်ပြဲမှုမှ ကာကွယ်ပေးတယ်။သွေးကြောနံရံ အားကောင်းစေတယ်။  သွေးပစ်ခဲမှုကို ကာကွယ်ပြီး သွေးကျဲစေတယ်။  ပြန်ရည်ကြောစနစ်ကို အားပေးတယ်။ ဒါ့ကြောင့် ခြေထောက်ဖောရောင်တဲ့ရောဂါ ဝေဒနာတွေမှာ အသုံးဝင်တယ်။

အာနိသင်များ
လေ့လာမှုတွေအရ သွေးကြောနံရံ nitric oxideပမာဏ များစေသလို သွေကြောနံရံတွေကို ကျယ်ပြန့်လာစေတယ်။သွေးခဲခြင်းကို တားဆီးပြီး သွေးကျဲစေတယ်။ သွေးကြောပိတ်ခြင်းကို တားဆီးပေးတယ်။  ပြန်ရည်ကြောစနစ်ကို အထောက်အကူပေးတယ်။ အထူးသဖြင့် လိပ်ခေါင်းရောဂါဝေဒနာတွေကို သက်သာစေတယ်။ အာနိသင်က သွေးကြောနံရံ(endothelium)မှာရှိတယ်။histamineနဲ့ bradykininဓာတ်တွေကြောင့် သွေးကြောနံရံယိုစိမ့်မှုကို ကာကွယ်တယ်။ sorbitolဖြစ်ပေါ်မှုကို တားဆီးသေးတယ်။collagenနဲ့ thrombinပေါ်မှာလည်း သက်ရောက်တယ်။ ဂလူးကို့စ်က ကိုလာဂျင်ဖွဲ့စည်းမှုကို တားဆီးတယ်။ ခြေထောက်သွေးပြန်ကြောရောင်တာ၊ဖောင်းတာက ဆံချည်မျှင်သွေးကြောတွေကို အကျိုးသက်ရောက်စေတယ်။

အသုံးဝင်ပုံ
-Chronic Venous Insufficiency(သွေးပြန်ကြောမလုံခြင်း)
-Diabetic Retinopathy(ဆီးချိုကြောင့် မျက်စိပျက်စီးခြင်း)
-Diabetic Microangiopathy(ဆီးချိုကြောင့် သွေးကြောပျက်ဆီးခြင်း)
-Glaucoma(ရေတိမ်စွဲကပ်ခြင်း)

ဆေးညွှန်း
တခါသောက် တစ်လုံး၊တနေ့ တကြိမ်မှ ၂ကြိမ်(0.5-1mg/day) သောက်သုံးပေးသင့်တယ်။ ကြိုတင်ကာကွယ်ဖို့ နေ့စဉ်တကြိမ် ပုံမှန်သောက်သုံးပေးနိုင်တယ်။ venous ulcer မှာ တစ်လုံး သုံးကြိမ် ၆လဆက်တိုက် သောက်ပေးရတယ်။ ဆေးကို အစာရှိချိန်မှာ သောက်သုံးသင့်တယ်။

ဘေးထွက်ဆိုးကျိုး
-အရေပြားအနီကွက်
-ခေါင်းကိုက်၊ခေါင်းမူး
-ပျို့ချင်၊အန်ချင်
-ဝမ်းလျှော

Pregnancy Cat C အဖြစ်သတ်မှတ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေ မသုံးစွဲသင့်ဘူး။

လေ့လာမှုများအရ ၈၆.၂၁%ဟာ လိပ်ခေါင်းနေရာမှ သွေးယိုခြင်း သက်သာစေတယ်။ဆေးပေးပြီး ၂ပတ်အကြာမှာ စအိုရောင်ရမ်းခြင်းကို သိသိသာသာလျှော့ကျစေတာ တွေ့ရတယ်။diabetic retinopathyနဲ့ open glaucomaရောဂါတွေမှာ တနေ့သုံးကြိမ် သုံးလဆက်ပေးကြည့်တဲ့အခါ တိုးတက်ကောင်းမွန်လာတာ တွေ့ရတယ်။ခြေချင်းဝတ်ဖောင်းရောင်တာကို ၄.၄ရာခိုင်နှုန်း၊ခြေသလုံး ၊ခြေထောက်တင်းပြီးရောင်တာကို ၂.၈ရာခိုင်နှုန်း သက်သာစေတာ တွေ့ရတယ်။

ဒေါက်တာအေးမင်းထူး
၂၇.၄.၁၄

No comments:

Post a Comment