Thursday, March 19, 2015

Menaril(betahistine 8mg) နားအူနေလို့

ဆရာ သမီးနားတွေ အူနေတာ ဘာဆေးသောက်သင့်လဲ။ မကြာခဏဖြစ်တတ်လို့ စိတ်ညစ်ရတယ်ဆရာ။သမီးအသက်က၁၇ပါ။


နားအူတာအတွက် မပူပါနဲ့။ အနောက်နိုင်ငံတွေမှာ betahistineပါတဲ့ဆေးကို နားအတွင်းပိုင်းရောဂါ(နားအူ၊လေထွက်တာ၊အကြားအာရုံဝေဝါးတာ၊ နားအတွင်း ဖိအားများတာ)၊မူးဝေဝေဖြစ်တာ စတဲ့ရောဂါတွေအတွက် သုံးကြတယ်။ ခေါင်းမူးပြီး ပျို့ ချင်အန်ချင်၊ခရီးသွားလာတဲ့အခါ မူးဝေအော့အန်ဖြစ်တဲ့ အခါလည်းပေးတယ်။ တိတိကျကျပြောပါဆိုရင် meniere disease မှာ အဓိကသုံးတယ်။ 

ဆေးက ဟစ်စ်တမင်း(histamine analog)တမျိုး ဖြစ်တယ်။ အာနိသင်က နားအတွင်းပိုင်းမှာ ရှိတဲ့သွေးကြောတွေကို ကျယ်ပြန့်စေတယ်။ နားစည်အတွင်းပိုင်းမှာရှိတဲ့ ဖိအားကို လျှော့နည်းစေတယ်။ ဒါ့ကြောင့် နားနဲ့ပတ်သက်တဲ့ ခေါင်းမူး၊ပျို့ချင်၊အန်ချင်တဲ့ လက္ခဏာတွေကို သက်သာစေတာဖြစ်တယ်။ 

သုံးစွဲနိုင်သော ရောဂါများ
-Meniere's disease
-ချာချာလည်မူးခြင်း
-နားအူ ခြင်း
-ကားမူးခြင်း
-ပျို့ချင်၊အန်ချင်ဖြစ်ခြင်း

ဆေးညွှန်း 
တခါသောက် ၁-၂လုံး တနေ့ သုံးကြိမ် အစာနဲ့ သောက်ပါ။ တပတ်၊နှစ်ပတ် သောက်လို့ရတယ်။ တရက်ကို အများဆုံး 48mgထိ သောက်နိုင်တယ်။

ဘေးထွက်ဆိုးကျိုး
-အစာအိမ်နာခြင်း
-လေထိုးလေအောင့်ခြင်း
-ခေါင်းကိုက်ခြင်း
-ယားယံခြင်း
-အနီစက်ထွက်ခြင်း

သတိပြုစရာ
ပန်းနာရင်ကျပ်အခံရှိသူ၊အစာအိမ်နာအခံ ရှိသူတွေ သတိနဲ့သောက်သင့်တယ်။ 

ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်လိုအပ်ရင်သောက်နိုင်တယ်။ ကလေးတွေမှာ သတိထားပေးရတယ်။ သီအိုရီအရ antihistamine ပါတဲ့ဆေးတွေနဲ့ တွဲမသောက်သင့်ဘူးထင်ရပေမယ့် လိုအပ်ရင်သောက်လို့ရပါတယ်။ လိုအပ်ရင် cinnarizine(antihistamine)ပါတဲ့ဆေးနဲ့ တွဲသောက်ပါ။ 

ဒေါက်တာ အေးမင်းထူး
၂၀.၁၁.၁၄

No comments:

Post a Comment