Monday, February 9, 2015

Orlifit (orlistat 120) အဆီချပိန်ဆေး နောက်တစ်မျိုး

Orlifit အဆီချပိန်ဆေးထဲမှာ orlistat 120mg ပါဝင်ပါတယ်။
တစ်ကဒ်မှာ capsule ၁၀တောင့် ပါဝင်ပါတယ်။ တစ်ဗူး တစ်ကဒ် ပုံစံနဲ့လာတယ်။ Getz pharma ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ တခြားbrand တွေထက် ဈေးပိုသက်သာတယ်။ obelit ထက် ဈေးနည်းနည်းပိုမယ်။ Zytrim,Xenical စတဲ့ ဆေးတွေထက် ဈေးအများကြီး ပိုချိုတယ်။ 

အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။
ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။
Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။


Orlistat ဆိုတာ အဆီ၊အဆိမ့် အစားများသူတွေအတွက် အသုံးကျတယ်။ဥပမာ-ဘဲသား၊အမဲသား၊ဝက်သားစတဲ့ အဆီတွေ အစားများသူ၊ ဝတဲ့သူတွေ ပိန်ချင်တဲ့အခါ အသုံးပြုတယ်။
သူ့ရဲ့သဘောက စားလိုက်တဲ့ အစာထဲမှာ ပါလာတဲ့ အဆီတွေကို အူနံရံက မစုပ်ယူနိုင်အောင် တားမြစ်လိုက်တယ်။
စားသမျှအဆီတွေထဲက ၃၅ရာနှုန်းလောက်ထိကို တားဆီးပေးနိုင်တယ်။
ပုံမှန်အားဖြင့် အစာတစ်ခုစားလိုက်ရင် အူထဲမှာ ရှိတဲ့ enzyme ဓာတ်တမျိုးက ချေဖျက်ပေးရတယ်။ ချေဖျက်ပြီးတဲ့ အာဟာရတွေကိုသာ အူနံရံက စုပ်ယူနိုင်စွမ်းရှိတယ်။အဆီဓာတ်ချေဖျက်ဖို့gastric lipase နဲ့ pancreatic lipase ဆိုတဲ့ enzyme ဓာတ်တွေ လိုအပ်တယ်။orlistat ဆိုတာ lipaseအင်ဇိုင်းတွေကို တားမြစ်လိုက်ခြင်းပဲ ဖြစ်တယ်။မချေဖျက်နိုင်တဲ့ အစာတွေကို အူကစုပ်ယူနိုင်စွမ်းမရှိဘူး။ ဒီလိုနဲ့ အဆီအစိမ့်တွေဟာ ခန္ဓာကိုယ်ထဲမဝင်ရောက်တော့ဘဲ ဝမ်းထဲမှာပါသွားပြီး အဆီကျစေတယ်။
ဒါ့ကြောင့် ဒီဆေးသောက်သူတွေဟာ သောက်ခါစ ဝမ်းသွားတဲ့အခါ အဆီတွေပါတယ်လို့ ဆိုကြတာပဲ။

ဘာတွေကောင်းလဲ။
-တက်နေတဲ့ဝိတ်ကို ချပေးနိုင်တယ်။
-ဝိတ်ကျသွားရင် ဆက်လက်ထိန်းသိမ်းပေးတယ်။
-ဝိတ်မတက်အောင် ကာကွယ်ပေးနိုင်တယ်။

တခြားကောင်းကျိုးတွေ
-သွေးတွင်းကိုလက်စတောများသူတွေ အတွက် ကောင်းကျိုးရှိတယ်။
-အဝလွန်တဲ့ ဆီးချိုသမားတွေသောက်သုံးရင် glycemic control ထိန်းနိုင်တယ်ဆိုတယ်။
-တချို့က type 2 diabetesဆီးချိုရောဂါ ကာကွယ်နိုင်တယ်လို့ဆိုတယ်။
-သွေးတိုးရောဂါသည်တွေလဲ သောက်သုံးနိုင်ပါတယ်။

သုံးစွဲသင့်သူ
-အဝလွန်သူ၊ဗိုက်အဆီပြင်ထွက်သူတွေမှာ သုံးစွဲရတယ်။
-BMI 30အထက်ရှိသူတွေ အဓိကသုံးစွဲသင့်တယ်။
-အဆီအဆိမ့် အစားများသူတွေ သောက်သုံးမှသာအကျိုးရှိတယ်။

သုံးစွဲပုံ အညွှန်း
Orlifit ဆေးတစ်လုံးကို ထမင်းစားပြီးတိုင်းသောက်သုံးပေးရမယ်။ 
အစားအသောက်ထဲမှာ အဆီမပါရင် ဆေးသောက်ဖို့ မလိုအပ်ဘူး။
ဥပမာ-မနက်စာကို ပဲ၊နံပြားစားတယ် ဆိုပါစို့။fatအဆီမပါတဲ့အတွက် ဆေးသောက်ဖို့မလိုအပ်ဘူး။တရက်ကို သုံးကြိမ်ထက်ပိုသောက်လို့ အကျိုးဖြစ်တာ မတွေ့ရဘူး။သောက်ရင် side effectခံစားရုံကလွဲပြီး အကျိုးရှိလိမ့်မယ် မဟုတ်ဘူး။ ညနေစာရှောင်သူတွေ၊အစားရှောင်သူတွေလည်း ဆေးသောက်ဖို့ မလိုအပ်ဘူး။ တခြားဆေးတွေနဲ့ တပြိုင်နက်တွဲမသောက်သင့်ဘူး။

ဘေးထွက်ဆိုးကျိုး
-အများစုဟာ အဆီဝမ်းတွေ သွားကြတယ်။ စိုးရိမ်စရာ မဟုတ်ပါ။
-လေထိုးတာ၊လေပွတာ ရှိနိုင်တယ်။
-ဝမ်းသွားချင်စိတ်များမယ်။
-ဗိုက်တင်းတာ၊နေရခက်တာရှိနိုင်တယ်။
-ပျို့ချင်အန်ချင်မယ်။
-ဆေးမတဲ့ရင် ဆက်သောက်ဖို့မကြိုးစားပါနဲ့။

ဆေးမသောက်သင့်သူတွေ
-၁၂နှစ်အောက် ကလေးငယ်တွေ ဆေးမသောက်သင့်ဘူး။
-ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ မသုံးစွဲတာ ပိုကောင်းတယ်။
-အသည်း၊ကျောက်ကပ်မကောင်းသူတွေ မသုံးစွဲသင့်ဘူး။
-hypothyroid ကြောင့် ဝတဲ့သူတွေ မသုံးစွဲရဘူး။

တွဲမသောက်သင့်တဲ့ဆေးတွေ
-cyclosporinခုခံအားနှိမ်တဲ့ဆေး
-amiodarone ရင်တုန်ပျောက်ဆေး
-warfarin သွေးကျဲဆေး

vit A,D,E,K ပါဝင်တဲ့ အားဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။ဆေးအာနိသင် ကျတတ်လို့ပါ။အနည်းဆုံး၂နာရီခြားပြီး သောက်သင့်တယ်။ အကောင်းဆုံးက အားဆေးကို ညဖက်ပြောင်းသောက်ပေးပါ။

-ဆေးအာနိသင်က ဆေးသောက်ပြီး ၁ရက်၊၂ရက်နေရင် စပြမယ်။
-၂ပတ်အတွင်း ဝိတ်စကျမယ်လို့ ဆိုထားတယ်။
-၃လအတွင်း အနည်းဆုံး အလေးချိန်၅ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ ဆိုတယ်။
-ပုံမှန်အားဖြင့် ၆လ၊၁နှစ်ထိ သောက်ဖို့တော့ ညွှန်းတယ်။မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
-ဆေးသောက်ပြီး ၂ရက်၃ရက်ထိ အာနိသင် ကျန်နိုင်တယ်။
-၃လအတွင်းထူးခြားမှုမရှိရင် ဆေးဆက်မသောက်ပဲ ရပ်ပစ်လိုက်ပါ။

အရေးကြီးဆုံးအချက်က ဆေးသောက်ရုံနဲ့ ဝိတ်ကျမှာမဟုတ်ဘူးဆိုတာပဲ။ အဆီရဲ့ ၃၀ရာခိုင်နှုန်းကိုသာ ဆေးက လျှော့ချပေးနိုင်တာကြောင့် အစားအသောက် နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သေးတယ်။အစားအသောက်ကို တတ်နိုင်သမျှလျှော့စား ပေးရမယ်။တကယ်ပိန်ချင်ရင် လေ့ကျင့်ခန်းလုပ်ဖို့ပါ လိုအပ်သေးတယ်။

ဒေါက်တာ အေးမင်းထူး
၉.၆.၁၃


No comments:

Post a Comment